ခရစ်ယာန်တစ်ဦး၏ဂုဏ်ဝိသေသသည် ဓမ္မပညာဘွဲ့များမှ ရလာခြင်းမဟုတ်ဟု ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က မိန့်ကြားတော်မူ

12-b

စက်တင်ဘာလ ၂၊ ဗာတီကန်၊

ရဟန်းမင်းကြီးဖရန်စစ်က ခရစ်ယာန်တစ်ဦးသည် မိမိ၏ပြောဆိုနိုင်စွမ်းကို သန့်ရှင်းသောဝိညာဉ်တော်ဘုရားထံတော်မှ သာ ရရှိခြင်းဖြစ်ကြောင်း၊ ဓမ္မပညာရပ်ဆိုင်ရာ ဒီဂရီဘွဲ့များကို ပိုင်ဆိုင်ခြင်းမှ ရရှိခြင်း မဟုတ်ကြောင်းဖြင့် စက်တင်ဘာလ ၂ ရက်နေ့က မိန့်ကြားတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““တရားနာတဲ့သူတွေက ခရစ်တော်ဘုရားရဲ့တရားတော်ကို ကြားကြတဲ့အခါမှာ တရားပေါက် သွားကြတယ်၊ အံ့သြကြတယ်။ အဲဒါဘာဖြစ်လို့လဲဆိုရင် ခရစ်တော်က အဆင့်အတန်း မရှိတဲ့တရားဟောဆရာ မဟုတ်ဘဲ သူ့ရဲ့တရားဟော ခွင့်ဟာ ဝိညာဉ်တော်ဘုရားထံကနေ ဆင်းသက်လာတာ ဖြစ်ပြီး ခရစ်တော်ဟာ ကယ်တင်ခြင်းနဲ့လွတ်မြောက်ခြင်းတို့ကို ယူဆောင်လာပေး တော်မူတဲ့ဘုရားရှင်”” ဖြစ်ကြောင်းဖြင့် မီးမောင်းထိုးပြတော်မူသည်။ ရဟန်းမင်းကြီးက ““ခရစ်တော်ဘုရားရှင်၏ ဘဝကို ကြည့်ပြီး ကျွန်တော်တို့သည်လည်း မိမိတို့၏ ဘဝဝိသေသကို လည်း မေးမြန်းကြရန် လိုအပ်မည် ဖြစ်ကြောင်း”” ဖြင့် ခရစ်ယာန်ဘာသာဝင်များ အား  မေးခွန်း ထုတ်တော်မူသည်။

 

ရဟန်းမင်းကြီးက ရှင်ပေါလူးအကြောင်းကို ထောက်ရှုရာတွင် ““ကျွန်တော်တို့၏ ပါးစပ်မှ ထွက်နေသော တရားတော်များ သည် လူသား၏ ထက်မြက်သော ဥဏ်ဖြင့် ဟောနေကြခြင်း မဟုတ်ကြောင်း၊ ရှင်ပေါလူးသည် ရဟန်းမင်းကြီးဆိုင်ရာ တက္ကသိုလ်များဖြစ်ကြသော လာတေရန်၊ ဂရေဂေါ်ရီယမ်စသော တက္ကသိုလ်များတွင် ပညာဆည်းပူးခဲ့သူ မဟုတ်ကြောင်း၊ ရှင်ပေါလူး၏တရားတော်များ၏ရင်းမြစ်သည် သန့်ရှင်းသောဝိညာဉ် တော်ဘုရားပင် ဖြစ်တော်မူကြောင်းဖြင့် ရှင်းပြတော်မူ သည်။ ““လူတစ်ယောက်က ဘွဲ့တွေ သုံးလေးခု ရရင်တောင် သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ရရှိချင်မှ ရရှိမယ်။ ခင်ဗျားက နာမည်ကြီးဓမ္မသဂြိုလ်ပညာရှင် ဖြစ်နေရင်တောင် ခရစ်ယာန်ဖြစ်ချင်မှ ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားမှာ ဝိညာဉ်တော်ဘုရား မရှိလို့ဖြစ်ကြောင်း”” ဖြင့် မိန့်ကြားတော်မူသည်။

ရဟန်းမင်းကြီးက ““သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ တရားဟောနိုင်စွမ်းတန်ခိုးကို ပေးတော်မူဘုရား၊ မိမိ၏ဂုဏ် ဝိသေသကို ပေးတော်မူသောဘုရား ဖြစ်ကြောင်း၊ တစ်ခါတလေကျတော့ မူလတန်းလောက်ပဲ ကျောင်းတက်ခဲ့ဖူးတဲ့ သူတွေက ဘွဲ့ရတဲ့သူတွေထက် ဘုရားသခင်အကြောင်းကို ပိုပြီးသိရှိတာမျိုး ရှိတတ်ကြောင်း၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့တတွေက ရှင်ပေါလူးလိုပဲ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားကို ပိုင်ဆိုင်ထားသူတွေ ဖြစ်လို့ ဖြစ်ကြောင်းဖြင့် ဥပမာပေးကာ တရားနာပရိသတ်များအား ဟောကြားတော်မူသည်။

ရဟန်းမင်းကြီးက ““အကယ်၍များ ကျွန်တော်တို့ခရစ်ယာန်များက ဝိညာဉ်တော်ဘုရားနှင့်သက်ဆိုင်သောအရာများကို နားမလည်ကြဘူးဆိုရင် တကယ်လို့များ ကျွန်တော်တို့က သူများကို သက်သေမခံဘူးဆိုရင် ကျွန်တော်တို့မှာ ဘဝဂုဏ် ဝိသေသ ကင်းမဲ့နေပြီဖြစ်ကြောင်း၊ ဘဝဂုဏ်ဝိသေသ ကင်းမဲ့နေတဲ့သူတွေဟာ ဝိညာဉ်တော်ဘုရားနှင့်သက်ဆိုင်သော အရာများကို foolishness အမှိုက်သရိုက်အဖြစ် ရှုမြင်သူတွေဖြစ်ကြပြီး ဝိညာဉ်တော်ဘုရားနှင့်သက်ဆိုင်သောအရာများကို နားလည်နိုင်စွမ်း မရှိသူများဖြစ်ကြောင်း၊ သို့သော် ဝိညာဉ်တော်ဘုရား၏နှိုးဆော်ခြင်းကို ခံရသူသည် အရာရာအတိုင်းကို ဆုံးဖြတ်ပြီး လွတ်မြောက်သူဖြစ်သလို သူ့ကိုလည်း ဘယ်သူကမျှ မဆုံးဖြတ်နိုင်ကြောင်း”” ဖြင့် ဝေဖန်တော်မူလိုက်သည်။ အရှင်သူမြတ်က ““အခုဆိုရင် ကျွန်တော်တို့မှာ ခရစ်တော်ဘုရားရဲ့ တွေးခေါ်မှုတွေ ကို ရရှိကြပြီး ခရစ်တော်ရဲ့အတွေးဟာ ခရစ်တော်ရဲ့ဝိညာဉ်တော်သာ ဖြစ်ကြောင်း၊ အဲဒါက ခရစ်ယာန်ဖြစ်ခြင်းရဲ့ဝိသေသ (မှတ်ပုံတင်) ဖြစ်ကြောင်း၊ ခရစ်ယာန် မှတ်ပုံတင်ရှိသူတွေဟာ လောကီအတွေးအခေါ်၊ လောကီသားများရဲ့ စဉ်းစားပုံနဲ့ ဆုံးဖြတ်ပုံတွေကို စွန့်လွှတ်ထား သူများ ဖြစ်ကြောင်း”” ဖြင့် အကျယ်တဝင့် ရှင်းပြပေးတော်မူသည်။ ၀၀၉ ကုန်ဇမှုန်း

1597  Views
Previous: ဖိလစ်ပိုင်နိုင်ငံ၏ပညာရေးရည်မှန်းချက်ဆောင်ပုဒ်တွင် ထည့်သွင်းဖော်ပြထားသော ““ဘုရားသခင်”” ဟူသော အသုံးအနှုန်း ပယ်ဖျက်ခြင်းကို ဖိလစ်ပိုင်ကက်သလစ်ဆရာတော်များက ရှုတ်ချလိုက်
Next: မကြာခင်ကရဟန္တာအဖြစ်တင်မြှောက်ခြင်းခံရတော်မူသော ရဟန်းမင်းကြီးတစ်ပါးစီ၏ ရဟန္တာပွဲနေ့ကို ဗာတီကန်က သတ်မှတ်ထုတ်ပြန်