ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ကလေးသူငယ်များအား စစ်တပ်ထဲအတင်းသွင်းခြင်းကို ရပ်ဆိုင်းရေးအတွက် လုပ်ဆောင်ကြရန် ကွန်ဂိုကက်သလစ်ဆရာတော်ကြီးများ မိန့်ကြားတော်မူ

011b
စက်တင်ဘာလ ၁၂၊ ဗာတီကန်၊

ရဟန်းမင်းကြီးဖရန်စစ်သည် (၅) နှစ်လျှင်တစ်ကြိမ် ad-limina visits မိမိအား လာရောက်တွေ့ဆုံကြသော ကွန်ဂိုနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများအား ကွန်ဂိုနိုင်ငံရှိ လူငယ်မောင်မယ်များ၏ဘဝကို မြင့်တင်ပေးနိုင်မည့် စီမံကိန်းများကို ဦးစားပေးလုပ်ဆောင်ကြရန် တိုက်တွန်းတော်မူလိုက်သည်။ ထိုသို့တွေ့ဆုံရာတွင် ရဟန်းမင်းကြီးက မိမိတို့၏ ရှိနေသောသြဇာကို အသုံးပြုပြီး ကွန်ဂိုနိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် လက်နက်ကိုင်မှုချုပ်ငြိမ်းကို မြင့်တင်ပေးကြ ရန် ဆော် သြတော်မူလိုက်သည်။ ရဟန်းမင်းကြီးက ““ကွန်ဂို နိုင်ငံက လူငယ်မောင်မယ်တွေဟာ စစ်မက်ဖြစ်ပွား မှုကြောင့် ဖြစ်ပေါ် လာသော အခြေအနေအမျုရဟန်းမင်းကြီး၏ကောင်းကြီးပေးမှတ်တမ်းလွှာကို ဆိုင်ဖွင့်သူများတဆင့် ရောင်းချခြင်းကို ရပ်ဆိုင်းပြီး ဆင်းရဲသားများဆီမှတိုက်ရိုက်ရောင်းချရန် အရှင်သူမြတ်ဖရန်စစ်က အမိန့်ထုတ်ပြန်

အရှင်သူမြတ်သည် မိမိ၏ Evangelii gaudium နှုတ်ထွက်စကားတော်၏ဝမ်းမြောက်ခြင်း”” ဟူသော စာချွန်တော်ကို ကိုးကားရင်း၊ အကြမ်းဖက်မှုများ၊ တန်းတူ မရှိနေခြင်းများနှင့် လူမျိုးစုခွဲခြားနေခြင်းများကို နှင်နင်းတိုက်ဖျက်နိုင်မည့် အကောင်းဆုံးသာ နည်းလမ်းကမူ၊ ရင့်ကျက်သည့်ကိုယ်ကျင့်တရား တန်ဖိုးများကို ဖွံ့ဖြိုးရန် အားပေးပြီး အဆိုးအကောင်း ကို ခွဲခြားစေနိုင်ရန် သင်ကြားပေးသည် ပညာရေးကို ဖန်တီးခြင်းသည်သာ အကောင်းဆုံး နှင့်အထိရောက်ဆုံးသော နည်းလမ်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆရာတော်ကြီးများအနေဖြင့် မိမိတို့၏သာသနာတွင် ရှိနေကြသော လူငယ်မောင်မယ် များ၏ တမန်တော်များအဖြစ် နေထိုင်လှုပ်ရှားရန် အထူးတိုက်တွန်းလိုကြောင်း”” ဖြင့် ကွန်ဂိုကက်သလစ်ဆရာတော်ကြီး များအား မီးမောင်းထိုး ပြတော်မူလိုက်သည်။

နောက်ဆုံးအနေဖြင့် သိုးထိန်းများ၏အဓိကတာဝန်ကို မီးမောင်းထိုးပြရန်တွင် ရဟန်းမင်းကြီးက ““ဆရာတော်ကြီးများ အနေဖြင့် ဆင်းရဲသားများ၊ အကူအညီလိုအပ်နေသူများ၊ အသက်ကြီးရွယ်အိုများ၊ ဖျားနာနေသူများနှင့် မသန်စွမ်းသူများကို အမြဲတမ်းကူညီပေးကြရန်၊ ထို့အပြင် ကက်သလစ်ဆရာတော်များအနေဖြင့် ကြီးလေးသော တာဝန်တစ်ခုကမူ မိမိတို့၏ ကက်သလစ်ခရစ်ယာန်ဘာသာဝင်များက မိမိတို့၏နေ့စဉ်အသက်တာတွင် မိမိတို့၏ယုံကြည်ခြင်း အတိုင်း ပြုမှုနေထိုင် တတ်ကြရန်နှင့် အများပြည်သူကောင်းကျိုးကို မြင့်တင်လုပ်ဆောင်ပေးသည့် ကက်သလစ်ခရစ်ယာန်ဘာသာဝင် များ ဖြစ်လာကြရန်အတွက် ကူညီပေးကြဖို့လိုအပ်ကြောင်း၊ သက်ဆိုင်သူများ တွေ့ဆုံဆွေးနွေးခြင်းနှင့် ပြန်လည် သင့်မြတ်ခြင်းများကို လုပ်ဆောင်ခြင်းဖြင့် မျှတပြီး ကြာရှည်ခံမည့် ငြိမ်းချမ်းရေးကို ကွန်ဂိုနိုင်ငံတွင် တည်ဆောက်နိုင် ရန်အတွက် သတိရှိရှိဖြင့် လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း၊ သို့သော် ကွန်ဂိုနိုင်ငံရေးတွင် အဓိကတာဝန်ယူမှုများ ကို မပြုလုပ်ကြရန် သတိပေးလိုကြောင်း”” ဖြင့် ကွန်ဂိုနိုင်ငံမှ ကက်သလစ်သဆရာတော်ကြီးများအား လမ်းညွန် အားပေးတော်မူလိုက်သည်။ ၀၁၁ ဂျိုးဇက်

1506  Views
Previous: မကြာခင်ကရဟန္တာအဖြစ်တင်မြှောက်ခြင်းခံရတော်မူသော ရဟန်းမင်းကြီးတစ်ပါးစီ၏ ရဟန္တာပွဲနေ့ကို ဗာတီကန်က သတ်မှတ်ထုတ်ပြန်
Next: ရဟန်းမင်းကြီး၏ကောင်းကြီးပေးမှတ်တမ်းလွှာကို ဆင်းရဲသားများထံမှတိုက်ရိုက်ရောင်းချရန် အရှင်သူမြတ်ဖရန်စစ်က အမိန့်ထုတ်ပြန်