အိန္ဒိယနိုင်ငံက အင်္ဂါဂြိုလ်ပေါ်သို့ အာကာသယာဉ်တစ်စင်းကို ပထမဆုံးအကြိမ် လွှတ်တင်နိုင်ပြီ

78-b
စက်တင်ဘာလ ၂၅ အိန္ဒိယ၊ ဘီဘီစီ

အိန္ဒိယနိုင်ငံသည် အင်္ဂါဂြိုလ်ပေါ်သို့ အာကာသယာဉ်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၄ ရက်နေ့ ၂၀၁၄ ခုနှစ်တွင် အောင်မြင်စွာ လွှတ်တင်နိုင်ပြီး ဖြစ်သည်။ ထိုသို့လွှတ်တင်နိုင်ခြင်းဖြင့် အိန္ဒိယနိုင်ငံ သည် ကမ္ဘာပေါ်တွင် အင်္ဂါဂြိုလ်ပေါ်သို့ ယာဉ်ကို လွှတ်တင်နိုင်သော စတုတမြောက်နိုင်ငံ ဖြစ်လာတော့သည်။ ထိုကဲ့သို့ လွှတ်တင်နိုင်ခြင်းအပေါ် လက်ရှိအိန္ဒိယဝန်ကြီးချုပ်က အိန္ဒိယသိပ္ပံပညာရှင်များအား ““ဒီနေ့ အိန္ဒိယနိုင်ငံသားအားလုံး ကျွန်တော်တို့ရဲ့ သိပ္ပံပညာရှင်များ၊ စာသင်ကျောင်းများ၊ ကောလိပ်များက ဒီအောင်မြင်မှုကို သြဘာပေးရင်း အောင်ပွဲခံကြပါစို့”” ဟု အားပေးတိုက်တွန်းလိုက်သည်။ ၎င်းအာကာသ ယာဉ်ကို မာကာလယန်ဟု အမည်ပေးထားကာ ၎င်း၏ တီထွင်ထုတ်လုပ်မှု ကုန်ကျစရိတ်သည် အမေရိ ကန်ဒေါ်လာ သန်းထောင်ပေါင်း ၇၄ ကုန်ကျသော်လည်း ၎င်းကုန်ကျငွေသည် ကမ္ဘာပေါ်တွင် ဈေး အပေါ့ဆုံးသော စမ်းသစ်တီထွင်မှု ဖြစ်သည်ဟု သိရှိရသည်။

 

အမေရိကန်အာကာသယာဉ်စခန်း နာဆာ၏ အာကာသယဉ်အတွက် ကုန်ကျငွေသည် အမေရိကန်ဒေါ်လာ သန်းထောင် ပေါင်း ၆၇၄ ရှိသည်ဟု ဘီဘီစီသတင်းအရ သိရှိရသည်။ ယခုအိန္ဒိယနိုင်ငံမှ လွှတ်တင် လိုက်သော အာကာသာယာဉ်သည် ကမာ့ဂြိုလ်များ၏ ဓါတ်ပုံများကို ရိုက်ကူးခြင်းနှင့် ဂြိုလ်ပတ်လည်ရှိ ပတ်ဝန်းကျင်များကို လေ့လာမည်ဟု သိရှိရသည်။ အိန္ဒိယသိပ္ပံပညာရှင်များ၏ အောင်မြင်မှုအပေါ် အမေရိကန် သိပ္ပံပညာ ရှင်များကလည်း ဂုဏ်ပြုသြဘာပေးလိုက်ကြသည်။

 

၎င်းယာဉ်ကို အမေရိကန်၊ ဥရောပနှင့်ရုရှားနိုင်ငံများကသာ တီထွင်ထုတ်လုပ်ပြီး အာကာသပေါ်သို့ လွှင့်တင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ ၎င်းအိန္ဒိယယာဉ်ကို တီထွင်ထုတ်လုပ်သော သိပ္ပံပညာရှင်များသည် အများစုမှာ အမျိုးသမီးများ ဖြစ်ကြပြီး အမျိုးသားလူငယ်အနည်းစုလည်း ပါဝင်လုပ်ဆောင်ကြသည်ဟု သိရှိရသည်။ ဂျိုးဇက်

1544  Views
Previous: ရဟန်းမင်းကြီး၏ကောင်းကြီးပေးမှတ်တမ်းလွှာကို ဆင်းရဲသားများထံမှတိုက်ရိုက်ရောင်းချရန် အရှင်သူမြတ်ဖရန်စစ်က အမိန့်ထုတ်ပြန်
Next: ရဟန်းမင်းကြီးဖရန်စစ်က တရုတ်နိုင်ငံသမ္မတ ရှီကျင်းဖျင်းကို ဗာတီကန်နန်းတော်သို့ ဖိတ်ခေါ်လိုက်ပြီ