တန်းတူဆက်ဆံခြင်းမှ တိုင်းပြည်ငြိမ်းချမ်းရေးသို့

82-b

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သည်နှစ်ပေါင်း ၆၀နီးပါး တောက်လောင်နေ ပြီဖြစ်သော ပြည်တွင်းစစ် ပွဲမီးတောက် ကြီးကိုငြိမ်း သတ်လိုသော ကြောင့်တိုင်းရင်း သားလက်နက်

ကိုင်အဖွဲ ့နှင့်စစ် တပ် အပါအ ဝင်မြန်မာနိုင် ငံ အစိုးရကိုယ် တိုင်က ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများကို  အဖွဲ့လိုက်သော် လည်းကောင်း၊ အုပ်စုလိုက်သော် လည်းကောင်း

ပြည်နယ်အ ဆင့်အစိုး ရအဆင့်မှ နောက်ဆုံးပြည်ထောင် စု အစိုးရအ ဆင့်အထိ ပြုလုပ်နေ သည်ကို လူတိုင်းအ သိပင် ဖြစ်ပေသည်။

မြန်မာအ စိုးရခေါင်းဆောင်နှင့် စစ်ခေါင်းဆောင်များ သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့ကို မူ၊ နေပြည်တော်နန်းတော် တွင် လက်ခံ တွေ့ဆုံခဲ့ခြင်းများရှိသကဲ့သို့

အများစုဖြစ်သော အင်အား နည်းတိုင်းရင်း သားလက်နက်ကိုင် အဖွဲ့များကိုမူ နေပြည်တော်နန်းတော်တွင် လက် ခံတွေ့ဆုံမှု မရှိသည်ကို လည်း ကြားသိနေရသည်။ ဤအချက်တွင်

သမ္မတဦး သိန်းစိန်နှင့် စစ်ဦးစိးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည်   တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်ခံတွေ့ဆုံ၊ ထိတွေ့ဆက်ဆံရာတွင် အင်အားကြီးသော

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များကိုသာ ခွဲခြားဆက်ဆံလက်ခံတွေ့ဆုံနေသည်ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့က ဝေဖန်ပြောဆိုနေကြသကဲ့သို့ ရင်ထဲမှာ လည်း

ခံစားနေကြရ သည်ကို ကြားသိရသည်။ တကယ်ဆိုရလျှင် သမ္မတဦးသိန်းစိန်နှင့်စစ်ဦးစိးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ထိုကဲ့သို့သော ခွဲခြားဆက်ဆံခြင်းအကျင့်ကို

ဖျောက်ဖျက်ပြီး လက်နက်ကိုင် အဖွဲ့များအားလုံးကို တန်းတူဆက်ဆံလက်ခံ တွေ့ဆုံသင့်ကြပေ သည်။

 

 

1491  Views
Previous: မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် (၅၀၀) ဂျူဗလီပွဲတော်သို့ ရဟန်းမင်းကြီးက ကာဒီနယ်ဆရာတော်ကြီး အိုဆွေဂရားစီယားကို ကိုယ်စားလှယ်အဖြစ်စေလွှတ်တော်မူ
Next: သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားကက်သလစ်ခရစ်ယာန်ဘာသာဝင်များက ရန်ကုန်မြို့ရှိ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ငွေကျပ်တစ်ရာ့သုံးဆယ်ငါးသိန်းလာရောက်လှုဒါန်း