သြစတြေးလျနိုင်ငံရောက် မြန်မာနိုင်ငံသားကက်သလစ်ခရစ်ယာန်ဘာသာဝင်များက ရန်ကုန်မြို့ရှိ ဘိုးဘွားရိပ်သာရှိဘိုးဘွားများအား ငွေကျပ်တစ်ရာ့သုံးဆယ်ငါးသိန်းလာရောက်လှုဒါန်း

83-b

သြစတြေးလျနိုင်ငံအခြေစိုက် Burmese Catholic Community (BCC Western Australia) ဟု အမည်ရသော မြန်မာကက်သလစ်အဖွဲ့အစည်းက အမှတ်-၅၃၉၊ သိမ်ဖြူလမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ကန်တော်လေး သီလရှင်လေးများဘိုး ဘွားရိပ်သာသို့ ကျပ်ငွေတစ်ရာ့သုံးဆယ်ငါးသိန်းတိတိ ကို အောက်တိုဘာလ ၅ ရက်နေ့က လာရောက်လှုဒါန်းခဲ့သည်။ ၎င်းအလှူငွေကို သြစတေးလျနိုင်ငံ အခြေစိုက် မြန်မာကက်သလစ်အဖွဲ့အစည်းမှ ဒုတိယဥက္ကဌဖြစ်သော ကိုဂျိုးဇက်ဟယ်ရီက သြစတြေး လျနိုင်ငံမှ လာရောက်ပြီး ယခုကဲ့သို့ လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

 

ကန်တော်လေး သီလရှင်လေးများဘိုးဘွားရိပ်သာသည် (၁၉) ရာစုနှောင်းပိုင်းကာလ၌ ကက်သလစ် ဆရာတော်ဘုရားဘီဂဲန်းဒက်၏ ဦးဆောင်လမ်းညွှန်မှုအောက်တွင် ကက်သလစ်ဘာသာဝင်ကျောင်းဆရာ မလေးနှစ်ဦးဖြစ်ကြသော ဂက်ထရုအိုလီဗဲရိုးနှင့် ဟယ်လင်းကား(လ်)တို့မှ ဘိုးဘွားများကို ပြု စုစောင့်ရှောက်နိုင်ရန် ဂေဟာငယ်လေးတစ်ခုကို စတင်ဖွင့်လှစ်ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက် ဆရာတော်ဘီဂဲန်းဒက်၏ အရိုက်အရာကိုဆက်ခံသော ဆရာတော်၏ တောင်းဆိုချက်အရ ၁၈၉၈ ခုနှစ်၊ နိုဝင်ဘာ ၂၁ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှသီလရှင်လေးများ (Little Sisters of the Poor) ဟု အမည်တွင်သော သီလရှင်အသင်းဂိုဏ်းသည် ရန်ကုန်မြို့ရှိ ဂေဟာငယ် သို့ရောက်ရှိလာကာ အမှုထမ်းဆောင်ခဲ့သြသည်။

၎င်းရိပ်သာ၌ခိုလှုံလိုသောဘိုးဘွားဦးရေ များပြားလာသည်နှင့်အမျှ နေရာထိုင်ခင်းအခက်အခဲဖြစ်လာ ခဲ့သည်။ ထို့ကြောင့် မူလအဆာက်အဦးကိုရောင်းချ၍ရရှိသောငွေကြေးနှင့်အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် (၁၉၀၁) ခုနှစ်မှအစပြုကာ အဆောင်တစ်ခု ချင်းစီတိုးချဲ့ဆောက်လုပ်ခဲ့ရာ (၁၉၂၃) ခုနှစ် ယခုလက်ရှိအဆောက်အဦးကြီးတစ်ခုလုံးကိုဆောက်လုပ်ပြီးစီးခဲ့ပါသည်။ ၁၉၆၆ ခုနှစ်တွင် ၎င်းရိပ်သာကို ဆပ်ဖြေခြင်းသီလရှင်များနှင့်ဖရန်စစ်စကဲန်းသီလရှင်များမှ တာဝန်လွှဲပြောင်းယူခဲ့ကြရာ ယခုဆိုလျှင် သီလရှင်လေးများ ဘိုးဘွားရိပ်သာသည်နှစ်ပေါင်း (၁၁၅) နှစ်တိုင်ခဲ့ပါသည်။ ကန်တော်လေး သီလရှင်လေးများ ဘိုးဘွားရိပ်သာသည် အနယ်နယ်အရပ်ရပ်တွင်ရှိနေကြသော ဘာသာပေါင်းစုံမှ ခိုကိုးရာမဲ့ဘိုးဘွားများအား မေတ္တာတရားရှေ့ထားလျက် လက်ခံပြုစု စောင့်ရှောက်လျှက်ရှိကြောင်း၊ ထိုရိပ်သာတွင် ၉ နှစ်တာ တာဝန်ထမ်းဆောင်နေသော စစတာရ်မေရီထံမှ ကြားသိရသည်။

““အဘွားအသက်က ၈၀ ပါ။ ဒီမှာနေနေတာ ၁၀ နှစ်ရှိပြီး၊ ဒီမှာနေရတာ အစစအရာရာအဆင်ပြေပါတယ်။ ကျန်းမာရေးအခြေ အနေကတော့ မျက်လုံးလည်းမကောင်းဘူး၊ ဒူးကလည်း ကိုက်တယ်။ ကျိုးထား တဲ့ခြေထောက်ကနာနေတာ၊ ခြေထောက်ကျိုးလို့ ဒီကိုရောက်လာတာ””ဟု ကန်တော်လေးဘိုးဘွားရိပ်သာ မှနေထိုင်သောအဘွား ဂျိုးစဖင်းက ပြောသည်။ လက်ရှိတွင်မူ ကန်တော်လေး ဘိုးဘွားရိပ်သာတွင် ဘိုးဘွားပေါင်း ၁၃၀ ယောက်ရှိပြီး သူတို့ကို ကြည့်ရှုစောင့်ရှောက်နေကြသော စစ္စတာရ်များနှင့် ဝန်ထမ်းများမှာ ၄၀ ဦး ရှိကြောင်း သိရသည်။  ဖြိုးမင်းဌေး

1754  Views
Previous: တန်းတူဆက်ဆံခြင်းမှ တိုင်းပြည်ငြိမ်းချမ်းရေးသို့
Next: ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်နှင့်တွေ့ဆုံမေးမြန်းခန်း