မြန်မာပြည်ကက်သလစ်သာသနာတော်အတွက် ဆရာတော်ချားလ်စ်ဘို မိန့်ကြားတော်မူသော အနာဂါတ်တွင် စောင့်ကြိုနေသော အခွင့်အရေးများနှင့်စိန်ခေါ်မှုများ

009-b

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာတော် ရောက်ရှိခြင်း နှစ် ၅၀၀ ဂျူဗလီ ပွဲတော်၏ ဒုတိယနေ့ဖြစ်သော နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာနိုင်ငံရှိ ကက်သလစ်သာသနာတော်က အနာဂါတ်တွင် စောင့်ကြိုနေသော အခွင့်အရေး များနှင့်စိန်ခေါ်မှုများ အကြောင်းကိုဆရာတော်ကြီးချားလ်စ်ဘိုက အောက်ပါ အတိုင်း  ဟောကြားတော်မူသည်။

(၁) သစ်လွန်သော သာသနာပြုခြင်း၊ သာမန်ဘာသာဝင်များကို လုပ်ပိုင် ခွင့်ပေးခြင်း၊

တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ဖွင့်လှစ်မှုက ကျွန်တော် တို့ကို စတင်စိန်ခေါ် ပါတယ်။ အခုထိ ကျွန်တော်တို့က ရဟန်းတွေ ကိုပဲ အားကိုးနေကြဆဲဖြစ်တယ်။နည်းသစ်ကိုအသုံးပြုပြီး ခရစ်တော်၏တရားတော်ကို သက်သေခံတဲ့နေရာမှာ ခရစ်တော်ရဲ့ တရားတော်ကို လက်ခံကြသူတိုင်း တရားတော် ကို ဟောပြောသက်သေ ခံသူများ ဖြစ်ရန် စိန်ခေါ်နေပါ တယ်။ မြန်မာပြည်ကက်သလစ် သာသနာတော်ဟာ လမ်းခုလပ်မှာ ရောက်နေ ပါပြီ။ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၃၀၀ နောက်ကျပြီး ရောက် လာတဲ့ ခရစ်ယာန် ဂိုဏ်းကွဲ တွေဟာ တိုင်းပြည်လူဦးရေရဲ့ ၃% ရှိနေကြတဲ့အချိန် မှာ နှစ်ပေါင်း ၅၀၀ ကျော် ရှိနေပြီဖြစ်တဲ့ ကက်သလစ်သာသနာ တော်ရဲ့လူဦးရေဟာ ဘာဖြစ် လို့ တိုင်းပြည်လူဦးရေရဲ့ ၁%သာ ရှိနေကြသေးတာလဲဆိုတာ ကို သေချာ စဉ်းစားသုံးသပ်ဖို့လိုအပ်နေပါပြီ။ သာမန်ကက်သလစ်ဘာသာဝင်တွေကို လုပ်ပိုင်ခွင့် မပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခရစ်ယာန်မဟုတ်သူများ အလယ် တွင် နေထိုင်လုပ်ကိုင်နေကြသူများမှာ သာမန်ကက်သလစ်ဘာသာ ဝင်တွေဖြစ်ကြတာ မို့၊ ကျွန်တော်တို့ဟာ ဒီနှစ်ကနေစပြီး သာမန်ကက်သလစ် ဘာသာဝင်တွေရဲ့ အခန်းကဏ္ဍကို ပြန်လည်မြင့်တင်ပေးပြီး လုပ်ပိုင်ခွင့်များ ကို ပေးကြပါစို့။

(၂) ခရစ်တော်ဘုရားကို တစ်ဦးချင်းဆီထိတွေ့ဆက်ဆံခြင်းတိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံအဖြစ် စတင်ဖွင့်လှစ်မှုက ကျွန်တော်တို့ကက်သလစ်ဘာ သာဝင်များအားလုံးဟာ ယုံကြည်ခြင်းကို အနှောင့်အယှက်ပေးနိုင်တဲ့မျိုးစုံသော စိန်ခေါ် မှုတွေကို ရင်ဆိုင်ကြရတော့မှာ သေချာတယ်။ ယုံကြည်ခြင်းရဲ့အနာ ဂါတ်က ရဟန်းတွေ ရဲ့ ဟောပြောခြင်းမှာသာ မဟုတ်ဘဲ လူတစ်ဦးစီ ၏ ခရစ်တော်ဘုရားကို ထိတွေ့ ဆက်ဆံခြင်းပေါ်မှာ အခြေခံတဲ့ ပုဂလတရားအား ထုတ်မှုပေါ်မှာသာ မူတည်နေ ပါတော့တယ်။

(၃) အမျိုးသားရေးကိုအခြေပြုသော ကက်သလစ်သာသ နာတော်

မြန်မာပြည် ကက်သလစ်သာသနာတော်ဟာ အမျိုးသားရေးကို အခြေခံတဲ့ အသင်းတော် ဖြစ်သင့်ပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်ကက်သလစ်သာ သနာတော်ဟာ တစ်ခါတလေကျတော့ ကိုယ့်လူမျိုးနွယ်စုလောက်မှာပဲ အာရုံ စိုက်တာ များလွန်းပါတယ်။ကက်သလစ် သာသနာတော်ကို မြန်မာနိုင်ငံကက်သ လစ်သာသနာတော်အဖြစ်သို့ ရောက်ရှိသင့်ပြီလို့မျိုးဆက်သစ်လူငယ်များက တောင်းဆိုနေကြပါပြီ။ ဒါကြောင့်မို့ ကျွန်ုပ်တို့အားလုံး အနေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ် သာသနာတော်အဆင့်မှာ စည်းလုံးကြဖို့ လိုအပ်နေပါပြီ။

(၄) ပညာရေးမြင့်မားသော ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ

နိုင်ငံတော် ရဲ့စီးပွားရေးစနစ်သစ်က အခွင့်အရေးများစွာကို ဖန်တီးပေးနေပေ မယ့် အခွင့် အရေးကို လက်ဆုပ်ကိုင်နေတဲ့ ပညာရေးနဲ့ နည်းပညာဆိုင်ရာ တတ်ကျွမ်း မှုတွေ လုပ်အပ်နေကြပါတယ်။ ကောင်းကောင်းပညာတတ်ပြီး မိမိကိုယ်ကိုယုံကြည်မှုအပြည့်ဖြင့်ဖွဲ့စည်းထားတဲ့ဘာသာရေးအဖွဲ့အစည်းများကသာလျှင် မြတ်စွာဘုရားသခင်ရဲ့နိုင်ငံတော်အကြောင်းကို အပြောအဆို၊ အလုပ်အကိုင် ဖြင့် ဟောပြောနိုင်ကြမှာ ဖြစ်ပါတယ်။

(၅) သာသနာပြုရမည့်တာဝန်

မြန်မာနိုင်ငံမှာ သာသနာပြုခဲ့ကြတဲ့သူတွေကို အကောင်းဆုံးကျေးဇူးတုံ့ပြန်ခြင်း ကတော့ ကျွန်တော်တို့ရဲ့သားတွေသမီးတွေကို သာသနာပြုသူများ အဖြစ် စေ လွှတ် ကြခြင်းပဲ ဖြစ်ပါတယ်။ တချို့ကက်သလစ် သာသနာတွေမှာ ခေါ်တော် မူခြင်းတွေ အများကြီး ရှိနေပါတယ်။ မိမိတို့မှာ ရှိနေကြတဲ့ခေါ်တော်မူခြင်း အရင်းအမြစ်တွေကို ခေါ်တော်မူခြင်းရှားပါးပြီး သာ သနာပြုတွေ လိုအပ်နေ တဲ့ ပြည်တွင်းက သာသ နာတွေနဲ့နိုင်ငံခြားတိုင်းပြည် များ (အထူးသဖြင့် လာအို၊ တရုတ်နိုင်ငံ၊ ကမောဒီးယား၊ ပါပွာနွီကီနီယား) စတဲ့နိုင်ငံ တွေဆီ ကို စေလွှတ်ကြပါစို့။

(၆) တရားမျှတခြင်းနှင့်ငြိမ်းချမ်းရေးကို မြင့်တင်ခြင်း

စစ်မှန်တဲ့ငြိမ်းချမ်းရေးဟာ တရားမျှတခြင်းပေါ်မှာ တည်ဆောက်ထားပါတယ်။ ဆယ် စုနှစ်များစွာသော ပြည်တွင်းစစ်များက ပြည်သူများ ရဲ့နှလုံးသားထဲမှာ မုန်းတီးခြင်း ကိုသာ ကြီးထွားစေခဲ့ပါတယ်။ အဲဒီမုန်းတီးစိတ်တွေကို မကုစားကြ ဘူးဆိုရင် ကျွန်တော် တို့အတွက် အနာဂါတ်ဆိုတာ မရှိတော့ဘူး။ ကက်သလစ် သာသနာတော်အနေနဲ့ ဒါဏ်ရာတွေကို ကုသပြီးတော့ အနာဂါတ်ကို တရားမျှတခြင်းနှင့် ငြိမ်းချမ်းခြင်းပေါ်မှာ ဆက်လက်လုပ်ဆောင်သွားကြရ မယ်။ မြေယာအခွင့်အရေး၊ အသက်မွေး ဝမ်းကျောင်း ဆိုင်ရာအခွင့်အရေး၊ ကျားမ တန်းတူအခွင့်အရေး၊ ဒုကသည်များ၏ပြန်လာနေ ထိုင်ခွင့်အရေး နဲ့ရွှေ့ပြောင်းလုပ်သားများရဲ့ အခွင့်အရေးတွေဟာ ကျွန်တော်တို့ရဲ့ ဦးစားပေးခြင်းကို တမ်းတနေကြပါတယ်။

(၇) ကောင်းသောခေါင်းဆောင်၏ချဉ်းကပ်ပုံ
ကောင်းသောသိုးထိန်းက ပျောက်ဆုံးတဲ့သိုးတစ်ကောင်ကို လိုက်လံရှာဖွေရပါ တယ်။ မြန်မာပြည်ကက်သလစ်သာသနာတော်ဟာလည်းရဟန်းပိုင်စီရင်စုဘောင် ကိုကျော်လွန်ပြီး နေထိုင်နေကြတဲ့ သိုးတွေကို ရှာဖွေဖို့ လိုအပ်နေပါပြီ။ ရဟန်း မင်းကြီး ဖရန်စစ်အရှင်သူမြတ် မိန့်ကြားသလိုပဲ၊ သိုးတွေအလည်မှာ သွားရောက်လုပ်ကိုင်ပြီး သိုးတွေရဲ့အနံ့နဲ့ပြန်လာကြပါလို့ မိန့်ဆိုသလိုပဲ ကျွန်တော်တို့အားလုံး ဟာလည်း အပြင်ကိုထွက်ပြီး မိမိတို့ရဲ့ညီအစ်ကိုမောင်နှ မများနဲ့ တွေ့ဆုံကြပါစို့။ ရာနဲ့ချီတဲ့ပြည် သူတွေဟာ ဆင်းရဲမွေတေမှုနဲ့ေ၀ ဒနာ တွေကို ခံစားနေကြပါတယ်။ ရာနဲ့ချီတဲ့ကျေး ရွာတွေမှာ ကောင်းမွန်တဲ့ ဝိညာဉ်ရေးစောင့်ရှောက်ပေးမှုတွေ မရှိကြဘူး။ ဒါတွေအား လုံးဟာ ကျွန်ုပ်တို့အားလုံးအတွက် လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေ ဖြစ်ကြပါတယ်။ ဝင်းလှိုင်ဦး

 

1622  Views
Previous: ဂျာကာတာမြို့တော်ကက်သလစ်ဆရာတော်ကြီးက အင်ဒိုနီးရှားသမ္မတသစ်၏ သေဒဏ်ပေးမူဝါဒကို ဝေဖန်လိုက်ပြီ
Next: ရဟန်းမင်းကြီးက ကက်သလစ်ဆရာတော်ကြီးများ အသက်တော် (၇၅) နှစ်ပြည့်လျှင် အငြိမ်းစားယူရမည်ဟု ဥပဒေအသစ်ထုတ်ပြန်တော်မူ