ရဟန်းမင်းကြီးက ဆရာတော်ကြီးချားလ်စ်ဘိုအား ကာဒီနယ်လ် Cardinal အဖြစ်တင်မြောက်တော်မူ

002-b

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုအား ကာဒီနယ်အဆင့်သို့ တင်မြောက်ကြောင်းဖြင့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကြေညာတော်မူလိုက်သည်။ ကာဒီနယ်အဆင့်သို့ တင်မြောက်ခြင်းခံရသော ဆရာတော်ကြီးချားလ်စ်ဘိုအား ဂလိုရီယားသတင်းဂျာနယ်မိသားစုမှ ဂုဏ်ပြုလိုက်ပါသည်။

ရဟန်းမင်းကြီးသည်  တကမလုံးအတွက် ဂိုဏ်းချုပ်ဆရာတော်ကြီး ၁၅ ပါးတို့အား ကာဒီနယ်အဆင့်သို့တင်မြောက်ရာတွင် မြန်မာနိုင်ငံအတွက် ဆရာတော်ချားလ်စ်ဘိုက ကာဒီနယ်အဖြစ် ရွေးချယ်သည့်အပြင် ထိုင်းနိုင်ငံမှ ဘန်ကောက်ဆရာတော်ကြီးဖရန်စစ်ဇေးဗီယားကိုလည်း ကာဒီနယ်အဖြစ်သို့ တင်မြောက်တော်မူသည်။

ဂျိုးဇက်ဝင်းလှိုင်ဦးသည် မြန်မာနိုင်ငံအတွက် ကာဒီနယ်တစ်ပါးကို ခန့်ပေးရန် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ထံသို့ စာတစ်စောင်ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က နှစ် ၅၀၀ ဂျူဗလီပွဲတော်သို့ လာရောက်တော်မူသသော ရဟန်းမင်းကြီး၏အထူးသံတမန် ကာဒီနယ်ဆရာတော်ကြီး အော်ဆွေဂရာစီယားထံမှတဆင့် တောင်းခဲ့သည်။ဝင်းလှိုင်ဦး

3512  Views
Previous: ကမ္ဘာပေါ်တွင် သမ္မာကျမ်းစာအုပ်ပေါင်း သန်းပေါင်း ၁၂၅ အုပ်ကို တရုတ်ပြည်တွင် ထုတ်ဝေဖြန့်ချီခဲ့ဟု ထုတ်ပြန်
Next: ထိုင်ဝမ်သမ္မတဟောင်း ချန်ဆွီဘန်းသည် ထောင်ဒါဏ်မစေ့မီ ပြန်လွှတ်လာ