ထိုင်ဝမ်သမ္မတဟောင်း ချန်ဆွီဘန်းသည် ထောင်ဒါဏ်မစေ့မီ ပြန်လွှတ်လာ

003-b

ထိုင်ဝမ်၊ ဖန်နဝါရီလ ၅၊ ဘီဘီစီ

ထိုင်ဝမ်သမ္မတဟောင်း ချန်ဆွီဘန်သည် ကျန်းမာရေးချွတ်ယွင်းလာ မှုကြောင့် ထောင် လွှတ်ရက်မတိုင်မီ လွတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ထိုင်ဝမ်အာဏာပိုင်များ က ပြောဆို လိုက်သည်။ ထိုင်ဝယ်တရားရေးဝန်ကြီးဌာနက သမတဟောင်းသည် ဦးနှောက်ပိုင်း ဆိုင်ရာယိုယွင်းပျက်စီး လာခြင်းကြောင့် ထောင်ဒါဏ်မစေ့မီ အကျဉ်းထောင်မှ လွတ်ပေး လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထိုင်ဝမ်သမ္မတဟောင်း ချန်ဆွီဘန်သည် ထိုင်ဝမ်နိုင်ငံကို ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ် အထိ ၆ နှစ်တိုင်တိုင် အုပ်ချုပ်ခဲ့ပြီးနောက် ရာထူးသက် တမ်းကုန်ဆုံးချိန်တွင် လာဘ် စားခြင်းနှင့် ငွေမဲကို ငွေဖြူပြုလုပ်ခြင်းစသော အမှုတို့ဖြင့် ထောင်ဒါဏ် (၂၀) ကျခံနေရ သူဖြစ်သည်။ သို့ သော်သူက မိမိ၏အပြစ်ဒါဏ်သည် နိုင်ငံရေးအရ အကွက် ဆင်ခြင်း ဖြစ်ပြီး တရုတ်အစိုးရကို မျက်နှာလိုလုပ်လိုသော ထိုင်ဝမ်အစိုးရ၏ နိုင်ငံရေး ဖိနှိပ်မှုသာ ဖြစ်သည်ဟု ဝေဖန်ပြောဆိုခဲ့သည်။

ထိုကဲ့သို့လွတ်ပေးပြီးနောက် ထိုင်ဝယ်တရားရေးဝန်ကြီးဌာနက သမ္မတဟောင်း ချန်ဆွီဘန်၏ ကျန်းမာရေးအရ လွတ်ပေးခြင်းကို လစဉ် သုံးသပ်ပြီး လိုအပ်သလို တိုးမြင့်ပေးသွားမည်ဟု ပြောကြားလိုက်သည်။

သမ္မတဟောင်း ချန်ဆွီဘန်သည် ယခင်ကမူ ရှေ့နေဖြစ်ခဲ့ပြီး သမ္မတရာထူးမှ ဆင်း ပြီးခြင်း အာဏာရလာသော ထိုင်ဝမ်အစိုးရက ချက်ချင်း ဆိုသလိုပင် တရားဆွဲ လိုက်သည်။ သူသည် စိတ်ဓါတ်ကျရောဂါ၊ ခြေလက်ကိုက်ခဲရောဂါတို့ကို ခံစားနေရပြီး ကျန်းမာရေးအရ မိမိအား လွတ်ပေးရန် တောင်းဆိုခဲ့သလို အကျဉ်းထောင်ထဲ၌ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခဲ့သည်ဟု အာဏာပိုင်များက ပြောဆိုသည်။ သမ္မတဟောင်း၏ ဒုတိယသမ္မတ ဖြစ်ခဲ့သော အန်နက်သေ လူသည်လည်း သမ္မတဟောင်း ချန်ဆွီဘန်၏ အခြေအနေကို လူတကာက ပြန်လည်အာရုံပြုလာနိုင် ရန် အတွက် အစာငတ်ခံကာ ဆန္ဒပြနေသည်ဟု ကြားသိရပြီး ထိုကဲ့သို့သော အစာ ငတ်ခံ ဆန္ဒပြခြင်းကြောင့် သူမသည် နေမကောင်းဖြစ်လာပြီး ဆေးရုံသို့ ပို့ဆောင်ရသည်။ ဘီဘီစီ၊ ကုန်ဇမှုန်း (၀၁၁)

1483  Views
Previous: ရဟန်းမင်းကြီးက ဆရာတော်ကြီးချားလ်စ်ဘိုအား ကာဒီနယ်လ် Cardinal အဖြစ်တင်မြောက်တော်မူ
Next: “ Thank you Holy Father Pope Francis” for Cardinal Charles Maung Bo from Myanmar