ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများ ယဉ်ကျေးမှု ဖလှယ်ပွဲကို တောင်ကိုရီးယားနိုင်ငံတွင် အတူတကွကျင်းပပြုလုပ်

001-b

တောင်ကိုရီးယားနိုင်ငံနှင့်ဂျပန်နိုင်ငံမှ ကက်သလစ်ဆရာတော်ကြီးများသည် အရှေ့အာရှနိုင်ငံများတွင် တင်းမာနေသော နိုင်ငံရေး အခြေအနေများ ကိုဖြေရှင်းနိုင်ရန်နှင့်သမိုင်းအရ ရန်သူဖြစ်နေကြသေးသော တောင်ကိုရီး ယားနိုင်ငံနှင့်ဂျပန်နိုင်ငံတို့နှစ်ခုအကြားက ရန်ငြိုးများကို ကျေအေးစေ ရန်ရည် ရွယ်ပြီး သုံးရက်တာ ယဉ်ကျေးမှုဖလှယ်ပွဲကို တောင်ကိုရီးယားမြို့တော် ဆိုးလ် တွင် နိုဝင်ဘာလ ဒုတိယအပတ်က ကျင်းပပြုလုပ်ခဲ့ကြသည်။ ၎င်းအစည်းအဝေး သည် နှစ်စဉ်နှစ်နိုင်ငံရှိကက်သလစ် ဆရာတော်ကြီး များ ပြုလုပ်နေကြ အစည်းအဝေးဖြစ်ရာ ၂၀၁၄ ခုနှစ်၏အစည်းအဝေးဆောင်ပုဒ်ကမူ ““အမျိုး သားရေးဝါဒကို ပြောင်းလဲပစ်စေသော သာသနာပြု အသက်တာ”” ဟူသောခေါင်းစဉ် ဖြင့် ဦးတည်ဆွေးနွေးကြပြီး ၎င်းအစည်းအဝေး ကို နိုင်ငံအသီး သီးမှ ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချု့ပ်၏ ဥကဌဖြစ်တော်မူကြသော ကိုရီးယားနိုင်ငံမှ ဂွန်ဂျူးကက်သလစ်ဆရာတော်ကြီး ကင်ဟီဂျေအွန်နှင့် ဂျပန်နိုင်ငံမှ တိုကျိုကက်သလစ်ဆရာတော်ကြီး တာဂေအိုကာဒါတို့က ဦးဆောင်တော်မူကြသည်။

မိမိတို့၏အစည်းအဝေးကို မစတင်မီ၊ နိုင်ငံတစ်ခုစီမှ ဆရာတော် (၁၀) ပါးစီတို့ သည် တချိန်က ဂျပန်စစ်သားများအတွက် လိင်အပျော် ဆက်ဆံခံရသူ ကိုရီးယား အမျိုးသမီးများ၏ အိမ်များကို လိုက်လည်ခဲ့ကြသည်။ ““မိမိတို့၏နိုင်ငံသမိုင်း အတွက် တာဝန်ယူရမည့် ကျွန်တော် တို့တတွေဟာ ဂျပန်နိုင်ငံက ခင်ဗျားတို့ အပေါ် ပြုလုပ်ခဲ့မှုများအတွက် ကျွန်တော့်အနေနဲ့ ရင်ထဲက ဝမ်းနည်းစွာဖြင့် အထူးတောင်းပန်ပါ တယ်။ ဂျပန်နိုင်ငံက ကက်သလစ်သာသနာတော်ဟာလည်း မိမိတို့၏ သမိုင်းအပေါ်တွင် ရှင်သန်နိုင်ကြရန်နှင့် အနာဂါတ်မျိုးဆက် သစ်များ ကို သွန်သင်ပေးဖို့ ကြိုးစားနေကြောင်း”” ဖြင့် ဂျပန်နိုင်ငံအိုစကာကက်သလစ် သာသနာမှ  လက်ထောက် ဆရာတော်ကြီး ဂူရိုမာဆူရာက ၎င်းအမျိုးသမီးများ အဖွဲ့ကို မိန့်ကြားတော်မူသည်။

ထို့နောက် ဂျပန်ကက်သလစ်ဆရာတော်ကြီးများသည် ၁၉၀၉ ခုနှစ် ဂျပန်ဝန်ကြီးချုပ် ဟီရိုဘူမီ အိုတို အသတ်ခံရသော ဗိမာန်တော်ကို သွားရောက် လည်ပတ်ခဲ့ကြသည်။ အစည်းအဝေး၏နောက်ဆုံးနေ့တွင်မူ ကိုရီးယား ဆရာတော်ကင်းမ်က မိမိတို့နှစ်နိုင်ငံသည် အိမ်နီးချင်း နိုင်ငံများဖြစ်နေ ကြသော်လည်း ဝေးနေကြောင်း၊ ဒါပေမယ့် ကျွန်တော်တို့ဆရာတော်တွေ ကတော့ ညီအစ်ကိုတွေ ဖြစ်ကြေ ကြာင်း၊ အခုလိုမျိုးတွေ့ဆုံဖလှယ်ခြင်းကနေ ကမာငြိမ်းချမ်းရေးနှင့်အာရှတိုက်၏ငြိမ်းချမ်းရေးတို့ကို ဆက်နွယ်ပေးနိုင်ကြောင်းဖြင့် မိန့်ကြားတော်မူသည်။

ဂျပန်နိုင်ငံမှတိုကျိုကက်သလစ်ဆရာတော်ကြီး တာဂေအိုကာဒါက ““ကျွန်တော် တို့နှစ်နိုင်ငံအကြားမှာ များပြားလှတဲ့ဖြေရှင်းစ ရာတွေဖြစ်ကြတဲ့ ဝင်ငွေကွာခြား ချက်၊ ခွဲခြားဆက်ဆံမှုနဲ့ ကိုယ့်ကိုယ်ကိုသတ်သေမှုတွေရှိနေတဲ့အပြင် နာကျည်ဖွယ်ရာသမိုင်းကြောင်း အရ အိမ်နီးချင်း အချင်းချင်းကို ဝေးကွာ စေတဲ့ ခါးသီးမှုတွေရဲ့အလည်မှာ အခုလိုမျိုး ၂၀ ကြိမ်မြောက်အစည်းအဝေးကို ကျွန်တော်တို့နှစ်နိုင်ငံအကြားမှာ ကျင်းပနိုင်ခြင်းကြောင့် အားလုံးကို အထူးကျေးဇူးတင်ကြောင်းနှင့် အဖဘုရားသခင်၏နိုင်ငံတော် အတွက် အတူတကွလုပ်ဆောင်ကြပါစို့ဟု မိန့်ကြားရင်း နိဂုံးချုပ်တော်မူသည်။ ၀၀၆ ကုန်ဇမှုန်း

1535  Views
Previous: ရဟန်းမင်းကြီးက ကက်သလစ်ဆရာတော်ကြီးများ အသက်တော် (၇၅) နှစ်ပြည့်လျှင် အငြိမ်းစားယူရမည်ဟု ဥပဒေအသစ်ထုတ်ပြန်တော်မူ
Next: ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းအား စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်ကျောင်းအုပ်အဖြစ် ခန့်အပ်လိုက်တော်မူ