သူတော်စင်များထံသို့ပေးစာ

012-b

(ထူးခြားသောလုပ်ငန်းသည် ဘုရားရှင်၏ ကောင်းကြီးတော်ဖြစ်တော်မူ၏)။

စာပေကိုမြတ်နိုးသူတစ်ဦးအနေဖြင့်လည်းကောင်း၊ သူတော်စင်ထွက်တစ်ပါး အနေဖြင့်လည်းကောင်း၊ ပြင်းပြသော သာသနာပြုလိုစိတ် ရှိသူအနေဖြင့် လည်းကောင်း၊ တတ်သိသူတစ်ဦးအနေဖြင့် လည်းကောင်း မြန်မာပြည်ရှိကက် သလစ်သူတော်စင်များအား အနည်းငယ် အကြံပြုစာ ရေးလိုက်ပါသည်။ သူတော် စင်အသင်းဂိုဏ်းအသီးသီးတွင် ““ကယ်ရယီမ် Charism”” ဟု ခေါ်ဆိုသော ““ဘုရားရှင်က အသင်းဂိုဏ်းအား ပေးထားတော်မူသောထူးခြားသော လုပ်ငန်း”” သည် ကိုယ်စီရှိကြသည်။ ၎င်းစကားလုံးကို လေကြီးမိုးကြီးပြော ရသော်လည်း သင်ပေးသူမှာ ရဟန်းမင်းအမတ်ဆရာတော်ကြီး ချားလ်စ်ဘို သာ ဖြစ်တော်မူသည်။ ၎င်းထူးခြားသောလုပ်ငန်းသည် သူတော်စင် အသင်း ဂိုဏ်းတစ်ခု၏ ထူးခြားသောဝိသေသ၊ သူများနှင့်မတူစေသော ပုံရိပ်နှင့် ဘုရားရှင်မြတ်၏ကောင်းကြီးတော်လမ်းကြောင်းဟု ခေါ်ဆိုချင်ပါသည်။

သို့သော်ကျွန်ုပ်၏သူတော်စင်ဘ၀ ၆နှစ်အတွင်းတွင် ၎င်းထူးခြားသောလုပ်ငန်း ဟူသော ““ကယ်ရယီမ် Charism”” ကို အကျယ် တဝင့်လေ့လာသင်ကြားကြ ရသော အချိန်ဟု မရှိခဲ့ပေ။ ကျွန်ုပ်သည် မိမိ၏အကြီးအကဲများထံမှ လည်းကောင်း၊ နှစ်ပတ်လည်မွမ်း မံသင်တန်းများမှလည်းကောင်း နာခံခြင်း၊ ဆင်းရဲခြင်း၊ ဖြူစင်ခြင်းနှင့် အဖွဲ့လိုက်နေထိုင်တတ်ခြင်းဆိုသည့် အချက်များကို သာ ဦးစားပေးသင်ကြားခဲ့ ရသည်။ ယခုအဲဒီတာ့အာဘော် ကို ရေးရန်ပြင် ဆင်ချိန်တွင်လည်း တခြားသူတော်စင်အသင်းဂိုဏ်းများကို ဆက်သွယ်ပြီး မိမိတို့အနေဖြင့် မည်မျှပင် အသင်းဂိုဏ်း၏ ထူးခြားသောလုပ်ငန်းကို အကျယ် တဝင့် လေ့လာကြသနည်းဟု မေးမြန်းခဲ့ပါသည်။ သူတို့၏အဖြေကား ““ဦးစားပေးမလေ့လာခဲ့ကြပေ”” ဟူသော အချက်ပင် ဖြစ်ပေသည်။ ထိုကဲ့ သို့သောအဖြေသည် ကောင်းသောအဖြေမဟုတ်သကဲ့သို့ သူတော်စင် အသင်း ဂိုဏ်းနှင့်အသင်း ဝင်များအတွက်လည်း ဦးတည်ရာမဲ့အခြေအနေသို့ ဆိုက်ရောက်စေပေသည်။

ရဟန်းမင်းအမတ်ဆရာတော်ကြီးချားလ်စ်ဘို၏ မိန့်ကြားတော်မူချက်ကို ကိုးကားရလျှင် သူတော်စင်အသင်းဂိုဏ်းတစ်ခုခုသည် မိမိ၏ ထူးခြားသော လုပ်ငန်းကို သစ္စာရှိရှိမလုပ်ဆောင်လျှင် ၎င်းအသင်းဂိုဏ်းသည် တဖြည်းဖြည်းပျောက်ကွယ်သွားသည့်သမိုင်းအထောက် အထားများ ရှိသည်ဟု သင်ကြားပေးခဲ့ဖူးသည်။

သူတော်စင်များခင်ဗျား၊ မှန်ပါသည်။ မိမိတို့အသင်းဂိုဏ်းကိုယ်စီ၏ ထူးခြားသော လုပ်ငန်း Charism ဟူသည် စာကြောင်းတိုတိုလေး တစ်ခုမျှသာ ဖြစ်ပေမည်။ ဥပမာ သူတော်စင်အသင်းဂိုဏ်းတစ်ခု၏ထူးခြားသောလုပ်ငန်းတစ်ခုကမူ ““ခရစ်တော်ကို မသိသူများအား ခရစ်တော်၏အကြောင်းကို ဟောပြောမည်”” ဟူသော လုပ်ငန်းပင် ဖြစ်သည်။ သို့သော် ၎င်းလုပ်ငန်းကို မည်ကဲ့သို့ လက်တွေ့ကျင့်ကြံ အကောင်အထည်ဖော်မည်နည်းဟူသော Charism strategy ဟု ခေါ်ရသော နည်းဗျူဟာများကို ချမှတ်ကြရပေမည်။ သူတော်စင် အသင်းဂိုဏ်းတစ်ခုသည် ထိုကဲ့သို့သော နည်းဗျူဟာကို မချမှတ်လျှင် မိမိတို့၏ ထူးခြားသောလုပ်ငန်းကို အသင်းဂိုဏ်းဝင်များက မူဘောင်တစ်ခုထဲတွင် အကောင်အထည်ဖော်နေခြင်းမဟုတ်တော့ဘဲ ပရမ်းပတား ကျင့်ကြံနေ ထိုင်ခြင်းအဆင့်သို့ ရောက်ရှိလာ ပြီး အသင်းဝင်များ၏အသိစိတ်ထဲတွင်လည်း မိမိတို့၏ ထူးခြားသောလုပ်ငန်းကို တန်ဖိုးထားခြင်းများလည်း တဖြည်းဖြည်း ဆိတ်သုဉ်း လာတော့မည် ဖြစ်ပေသည်။ နောက်ဆုံးအနေဖြင့် အသင်းဂိုဏ်း သည် မိမိ၏ထူးခြားသောလုပ်ငန်းအပေါ် သစ္စာမဲ့သသော အသင်း ဂိုဏ်း ဖြစ်လာကာ ထိုကဲ့သို့သော မိမိ၏ထူးခြားသောလုပ်ငန်းအပေါ် သစ္စာ မဲ့ခြင်းသည် ခရစ်တော်၏တရားတော်အပေါ် သစ္စာမဲ့ခြင်းသို့ ရောက်ရှိလာပေ သည်။

ထို့ကြောင့် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ၂၀၁၅ ခုနှစ်ကို သူတော်စင် များနှစ်အဖြစ် သတ်မှတ်သည့် အတိုင်း၊ သူတော်စင်များ အနေဖြင့် အောက်ပါ အချက်များကို ပြန်လည်သုံးသပ်ကြပါရန် တိုက်တွန်းအကြံပြုအပ်ပါသည်။

၁။ မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်ကို အကျယ်တဝင့်လေ့လာ သုံးသပ်ပါ။
၂။မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်ကို မြန်မာနိုင်ငံနှင့်ကိုက်ညီအောင် လိုအပ်သလို ပြုပြင်ပါ။
၃။ မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်ကို မည်ကဲ့သို့ အကောင် အထည်ဖော်မည်ကို လုပ်ငန်းစဉ်များ ရေးဆွဲပါ။
၄။မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်ကို ဒေသအခြေအနေနဲ့ကိုက်ညီအောင် အကောင်အထည်ဖော်ပါ။
၅။ မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်ထဲတွင် သာမန်ကက်သ လစ်ခရစ်ယာန်ဘာသာဝင်များ ပူးပေါင်းပါဝင်လာနိုင်ကြရန် ကွင်းဆင်း ပညာပေးကြပါ။
၆။ မည်ကဲ့သို့သော ဖိအားပေးမှုနှင့် အခက်အခဲများ ရှိနေကမူ၊ မိမိတို့အသင်းဂိုဏ်း၏ထူးခြားသောလုပ်ငန်းတော်အပေါ် သတိရှိရှိ ရပ်တည်ပြီး သာသနာအမှုတော်ကို ထမ်းရွက်ကြပါ။ အယ်ဒီတာချုပ်

1473  Views
Previous: ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်းအား စိန်ဂျိုးဇက်ရဟန်းဖြစ်တက္ကသိုလ်ကျောင်းအုပ်အဖြစ် ခန့်အပ်လိုက်တော်မူ
Next: မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ဘုန်းတော်ကြီး ချားလ်စ် စောသီဟလွင်အား ခန့်အပ်တော်မူ