မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ဘုန်းတော်ကြီး ချားလ်စ် စောသီဟလွင်အား ခန့်အပ်တော်မူ

013-b

ရောမ၊ ဇန်နဝါရီလ

ရောမမြို့အခြေစိုက်၊ တကမ္ဘာလုံးဆိုင်ရာ ဆလေးရှင်းအသင်းဂိုဏ်းဌာနချုပ်မှ ဂိုဏ်းအုပ်ဘုန်းတော်ကြီး အင်ဂျယ်လ်အာတီးမေက  မြန်မာနိုင်ငံဆလေးရှင်း အသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ဘုန်းတော်ကြီး ချားလ်စ် စော သီဟလွင် (ဖာသာရ်ချာလီဟု လူသိများ) အား ဇန်နဝါရီလ ၁၅ ရက်နေ့က ခန့်အပ်တော်မူ လိုက်သည်။ ဖာသာရ်ချာလီသည် အသက်တော် ၅၃ နှစ် ရှိတော်မူပြီး ရဟန်းသိကာကို ၁၉၉၁ ခုနှစ်မေလ ၅ ရက်နေ့တွင် ဆရာတော်ကြီးချားလ်စ်ဘိုလက်တော်မှ ခံယူရရှိတော်မူခဲ့သည်။ ဖာသာရ်ချာလီ သည် မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးတာဝန်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် စတင်ထမ်းဆောင်မည် ဖြစ်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ခန့် အပ်ခြင်းမခံရမှီတွင်၊ ဘုန်းတော်ကြီး ချားလ်စ် စောသီဟလွင် သည် ဘဏ္ဍရေး မှူး၊ ကျောင်းအုပ်ဘုန်းတော်ကြီးနှင့် ဒုတိယဂိုဏ်းအုပ်ဘုန်းတော်ကြီး တာဝန်တို့ ကိုလည်း ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။   ဆလေးရှင်းအသင်းဂိုဏ်း သည် မြန် မာနိုင်ငံသို့ ၁၉၃၉ ခုနှစ်မှစတင်ဝင်ရောက်လာပြီး သာသနာပြုလုပ်ငန်းများကို ထမ်းဆောင်ခဲ့ကြ ရာ လူသိများသော ပညာရေးလုပ်ငန်းတစ်ခုကမူ မန္တလေးမြို့ပေါ်ရှိ လဖုန်းကျောင်းပင် ဖြစ်ပေသည်။ မြန်မာနိုင်ငံတွင် လက်ရှိ ဆလေးရှင်းရဟန်းများ၏ အရေအတွက်မှာ ၈၃ ရှိနေပြီဖြစ်ပြီး ၎င်းတို့ထဲတွင် ရန်ကုန်ကက်သလစ်သာသနာပိုင်ချုပ်ဖြစ်တော်မူ သော ကာဒီနယ် ဆရာတော် ကြီးချားလ်စ်ဘိုလည်း အပါအဝင် ဖြစ်တော်မူသည်။

ဆလေးရှင်းရဟန်းများနှင့်ကိုရင်များသည် လက်ရှိတွင်မူ လားရှိုး၊ မန္တလေး၊ ရန်ကုန်နှင့် ကလေးစသော ဆရာတော်ပိုင် ကက်သလစ် သာသနာများတွင် သာသနာပြုနေကြသည်ဟု သိရှိရသည်။ ဆလေးရှင်းအသင်းဂိုဏ်းကို တည်ထောင်သူမှာ ဒွန်ဘောစ်ကိုဆိုသူ ဖြစ်တော်မူပြီး သူသည် အီတလီနိုင်ငံမှ ရဟန်းတစ်ပါးဖြစ်တော်မူသည်။ ဒွန်ဘောစ်ကိုသည် ဆလေးရှင်းအသင်းဂိုဏ်း ကို ၁၈၅၉ ခုနှစ်တွင် တရားဝင်စတင်ခဲ့သည်ဟု လေ့လာသိရှိရသည်။ ၀၃ ကုန်ဇမှုန်း

1388  Views
Previous: သူတော်စင်များထံသို့ပေးစာ
Next: အမျိုးသားပြန်လည်ရင့်ကြားရေးတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် အမှန်တရားကို လိုက်လံရှာဖွေခြင်းလိုအပ်ဟု သီရိလင်္ကာပြည်သူများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ