အမျိုးသားပြန်လည်ရင့်ကြားရေးတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် အမှန်တရားကို လိုက်လံရှာဖွေခြင်းလိုအပ်ဟု သီရိလင်္ကာပြည်သူများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ

014-b

သီရိလင်္ကာ၊ ဇန်နဝါရီလ ၁၃၊

သီရိလင်္ကာတို့ ရောက်ရှိလာတော်မူသော ရဟန်းမင်းကြီးဖရန်စစ်က အမျိုး သားပြန်လည်ရင့်ကြားရေးတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် အမှန်တရားကို လိုက်လံရှာဖွေခြင်းလိုအပ်ဟု သီရိလင်္ကာပြည်သူများအား ဇန်နဝါရီလ ၁၃ ရက်နေ့က ဆော်သြလိုက်တော်မူသည်။ ရဟန်းမင်းကြီးက အမျိုးသားပြန် လည်ရင့်ကြားစေ့ရေးသည် သီရိလင်္ကာပြည်သူများ၏ မကြာသေးသော နာကျည်းဖွယ်ရာသမိုင်းကို ဖော်ထုတ်ပြီး ယဉ်ကျေးမှုပေါင်းစုံစုံညီသော လူ့အဖွဲ့ အစည်းထဲတွင် မိမိတို့၏ကွဲပြားခြားနားခြင်းတို့ကို လက်ခံရန်လိုအပ်လှပေ သည်။

ရဟန်းမင်းကြီးက စိတ်ဒါဏ်ရာများကုစားသောအဆင့်တိုင်းသည် အနာဟောင်း ကို ပြန်လည်ဖော်ထုတ်ရန်မဟုတ်သော အမှန်တရားကို ရှာဖွေရန် လိုအပ်ပြီး ၎င်းအမှန်တရားသည် တရားမျှတခြင်း၊ ကုစားခြင်းနှင့်စည်းလုံးခြင်း တို့ကို မြင့်တင်ပေးမည့်ကိရိယာအဖြစ် ရှိနေရန် လိုအပ်သည်ဟု ဇန်နဝါရီလ ၁၃ ရက်နေ့က သီရိလင်္ကာနိုင်ငံ၊ ကိုလန်ဘိုလေဆိပ်တွင် မိမိအားကြိုဆိုသည့် အခမ်းအနားတွင် သီရိလင်္ကာသမ္မတသစ် မာထရီပါလာ စီရီစေနာအား မိန့်ကြားတော်မူခဲ့သည်။ သီရိလင်္ကာသမ္မတသစ် မာထရီပါလာ စီရီစေနာက လည်း ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) လာရောက်ချိန်တွင် မိမိတို့နိုင်ငံ သည် ပြည်တွင်းစစ်ပွဲကြီးကို ရင်ဆိုင်နေရချိန်ဖြစ်ကြောင်း၊ မိမိ၏အစိုးရ လက်ထက်တွင် လူ့အခွင့်အရေးကိုချိုးဖောက်သည့် အဖြစ်အပျက်များအားလုံးကို စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းဖြင့် မိန့်ခွန်းပြော ကြားသည်။

ရဟန်းမင်းကြီးကသီရိလင်္ကာနိုင်ငံသည် နှစ်ပေါင်းများစွာ ပြည်တွင်းစစ်၏ခါးသီးသော အနိဌာရုံများကို ခံစားခဲ့ကြပြီးနောက် ယခုအချိန် တွင်မူ ငြိမ်းချမ်းရေးကို ခိုင်မာအောင် လုပ်ဆောင်ကြရန်နှင့် ပြည်တွင်းစစ်နှစ်ပေါင်း ၂၀ ကျော်က ကျန်ရှိ ခဲ့သော အမာရွတ်များကို ပြန်လည်ကုစားရမှာ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဘာသာပေါင်းစုံမှ နိုင်ငံသူ/သားများအားလုံးသည် မိမိတို့နိုင်ငံတွင် စတင်နေ ပြီဖြစ်သော နိုင်ငံပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ရင့်ကြားစေရေးလုပ်ငန်းစဉ်တွင် တက်ကြစွာနှင့်အလေးထားပြီး ပါဝင်လုပ်ဆောင်ကြရန် လိုအပ်သည်ဟု သီရိလင်္ကာပြည်သူများအား တိုက်တွန်းတော်မူခဲ့သည်။

ရဟန်းမင်းကြီးကဘာသာပေါင်းစုံမှ ခေါင်းဆောင်များနှင့်အစိုးရဝန်ကြီးများနှင့် တွေ့ဆုံရာတွင် ““ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် များနှင့်တွေ့ဆုံရာတွင် ဘာသာပေါင်းစုံနှင့် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ ဆက်ဆံရေးသည် သီရိလင်္ကာနိုင်ငံအတွက် အရေး တကြီး လိုအပ်နေချိန်ဖြစ်ကြောင်း၊ ထိုသို့တွေ့ဆုံခြင်း သည် နှစ်ပေါင်းများစွာ က ဖြစ်ပျက်ခဲ့သော ပြည်တွင်းစစ်ကို ကုစားရန်နှင့် စည်းလုံးခြင်းတို့၏ ရင်းမြစ် များ ဖြစ်ကြသည်ဟု မီးမောင်းထိုးပြ တော်မူသည်။ ထို့အပြင် တွေ့ ဆုံဆွေးနွေးခြင်းသည် ရိုးရာဆိုင်ရာ ကွဲပြားခြားနားခြင်းကို အမြစ်ဖျက်ရန် မဟုတ်ဘဲ ၎င်းကွဲပြားခြားနားခြင်းကို လက်ခံရန်အတွက် အထူးလိုအပ်သည် ဟု ဆော်သြတော်မူသည်။

ရဟန်းမင်းကြီးက တွေ့ဆုံဆွေးနွေးခြင်းနှင့် နှစ်ဖက်တွေ့ဆုံခြင်းတို့ကို အကျိုး ရှိစေလိုလျှင် မိမိတို့၏ယုံကြည်လက်ခံမှုတို့ကို ပြည့်ပြည့်စုံစုံနှင့် ပွင့်ပွင့်လင်း လင်းတင်ပြမှုအပေါ် အခြေခံရမည်။ ထိုတွေ့ဆုံဆွေးနွေးခြင်းက လူတစ်ဦးစီ ၏ ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် ကျင့်ကြံမှုတို့၏ ကွဲပြားမှုတို့ ကို ပေါ် လွင်စေမည် ဖြစ်သည်။ သို့သော် မိမိတို့သည် မိမိတို့၏ခံယူချက်များကို တင်ဆက်ရာတွင် ရိုးသားကြလျှင် အများ သဘောတူနိုင်သော အရာများကို ပိုမိုရှင်းလင်းစွာ တွေ့ရှိလာနိုင်မည် ဖြစ်သည်။ အမျိုးသား အမျိုးသမီးတို့သည် စည်းလုံးစွာ နေထိုင်နိုင်ရန်အတွက် မိမိတို့၏ တိုင်းရင်းသားဖြစ်မှုနှင့် ဘာသာရေးဆိုင်ရာ ဝိသေသ (မှတ်ပုံတင်)များကို စွန့်လွှတ်ရန် မလိုအပ်ပေ”” ဟု အကျင့်တဝင့် မိန့်ကြားတော်မူခဲ့သည်။ ဟိနူခေါင်းဆောင်းတစ်ဦးက မိမိအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် ကြာရှည်ခံသော ငြိမ်းချမ်း ရေးကို ရရှိမည် ဟု မျှော်လင့်ကြောင်းပြောဆိုရင်း ရဟန်းမင်းကြီးအား ပိုးချည်ဖြင့်ရက်ထားသော သင်္ကန်းတစ်ထည်ကို ခြုံပေးလိုက်သည်။

သီရိလင်္ကာနိုင်ငံတွင်ကက်သလစ်ခရစ်ယာန်ဘာသာဝင်များသည် နိုင်ငံ့လူဦးရေ၏ ၇%သာ ရှိကြပြီး အများစုမှာမူ ဗုဒဘာသာဝင်များ နှင့်ဟိနူဘာသာဝင်များ သာ ဖြစ်ကြသည်။ ၀၀၄ ဂျိုးဇက်

1517  Views
Previous: မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်း၏ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် ဘုန်းတော်ကြီး ချားလ်စ် စောသီဟလွင်အား ခန့်အပ်တော်မူ
Next: အားကောင်းလာနေသော မလေးရှားနိုင်ငံရောက် မြန်မာကက်သလစ်ခရစ်ယာန်ဘာသာဝင်များ