ရဟန်းမင်းကြီးက ကက်သလစ်သာသနာတော်၏ယုံကြည်ရာသွန်သင်ချက်များကို ဆန့်ကျင်ပြီးလုပ်ဆောင်လာလျှင် ပြန်လည်တုံ့ပြန်မည်ဟု ကာဒီနယ်ဆရာတော်ကြီး ဘတ်က ပြောဆို

010-b

ကက်သလစ်သာသနာတော်၏ တရားသူကြီးချုပ်ဟောင်းဖြစ်တော်မူသသော ကာဒီနယ်ဆရာတော်ကြီး ရေမွန်ဘတ်က ကက်သလစ် သာသနာတော်၏ ယုံကြည်ရာသွန်သင်ချက်များကို ဆန့်ကျင်ပြီး ရဟန်းမင်းကြီးက လုပ်ဆောင်ပြောင်းလဲလျှင် မိမိအနေဖြင့် တရားဝင်တုံ့ပြန်ပြောဆို မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ပြောဆိုလိုက်သည်။

ရဟန်းအမတ်ဆရာတော်ကြီး ရေမွန်ဘတ်က ““ကျွန်တော် ရိုးသားစွာနဲ့ ကတိပြုနိုင်တာကတော့ ကျွနု်ပ်ရဲ့မြင့်မြတ်သောတာဝန်ဟာ မှန်ကန်သော ကက်သလစ်သာသနာတော်ရဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ သွန်သင် ချက်တွေနဲ့စည်းမျဉ်းဥပဒေတွေကို ကာကွယ် ဖို့ပဲ ဖြစ်ပါတယ်။ ဘယ်သူကမျှ ကျွန်ုပ်ကို ဒီတာဝန်ကနေ လွတ်ငြိမ်းခွင့်မပေးနိုင်ဘူး၊ အမြင့်ဆုံးအာဏာ ပိုင်တောင်မှ အမှန်တရားကို ငြင်းဆန်ရအောင် ကျွန်ုပ်ကို ဘယ်သူကမျှ အမိန့် မပေးနိုင်သလို အမိန့်လာပေးတဲ့သူကို ကျွန်ုပ်က ခုခံချေပသွားဖို့ ဘုရားရှေ့မှာ ကျွန်တော်တိုင်တည်ထားပါတယ်”” ဟု မိန့်ကြားတော်မူလိုက်သည်။

ဆက်လက်ပြီးဆရာတော်ကြီးက ““ရဟန်းမင်းကြီးရဲ့ တာဝန်ကာ ယုံကြည်ခြင်း ဆိုင်ရာအယူဝါဒအတိုင်း အလုပ်လုပ်ဖို့ဖြစ်တယ်။ ရဟန်းမင်းကြီးမှာ အဲဒီအယူဝါ ဒတွေကို ပြောင်းလဲပိုင်ခွင့်အာဏာ မရှိ”” ဟု မေးမြန်းချက်ကို ဖြေကြား ရာ မေးမြန်းသူက ““ဒါဆိုရင် အဲဒီအယူဝါဒတွေကို ထိန်းသိမ်းစောင့်ရှောက်တာ က ခင်ဗျားလား ဒါမှမဟုတ်ရင် ရဟန်းမင်းကြီးလား”” ဟု ထပ်မေးသည်။ ထိုအခါ ဆရာတော်ကြီးက ““ ရဟန်းမင်းကြီးကိစ္စကို ခဏထားလိုက်ပါ။ ကျွန်တော်တို့ ကက်သလစ်သာသနာတော်ရဲ့ယုံကြည်ခြင်းမှာဆိုရင် အယူဝါဒရဲ့ အမှန်တရား က ကျွန်တော်တို့အားလုံးကို လမ်းပြနေတာဖြစ်ပါတယ်”” ဟု ဖြေကြားရာ သတင်းထောက်က ““ရဟန်းမင်း ကြီးက မရမက ပြင်မယ်ဆိုရင်ရော”” ဟု မေးတော့ ဆရာတော်ကြီးက ““ရဟန်းမင်းကြီးက မှန်ကန်တဲ့အယူဝါဒ ကို ပြန်ပြင်ဖို့လုပ်လာ မယ် ဆိုရင် ကျွန်တော်ကတော့ ခုခံတုံ့ပြန်ရုံကလွဲလို့ ဘာမှမတတ်နိုင်ပါဘူး”” ဟု မိန့်ကြားတော်မူသည်။

ဆက်လက်ပြီး ရဟန်းအမတ်ဆရာတော်ကြီး ရေမွန်ဘတ်က သာသနာတော်နှင့် စပ်လျဉ်းပြီး မိန့်ကြားရာတွင် လက်ရှိအချိန်တွင် ကက်သလစ်သာသ နာတော်သည် စိုးရိမ်ရဖွယ်ကောင်းသောခက်ခဲသောအချိန်ကာ လတွင် ရောက်ရှိနေကြောင်း၊ သို့သော် ခရစ်တော် ယေဇူးဘုရားရှင် မိန့်ကြားတော်မူခဲ့သည့်အတိုင်း နတ်ဆိုးအုပ်စုသည် သာသနာတော်ကို အနိုင်ရမည်မဟုတ်ကြောင်းဖြင့် မီးမောင်း ထိုးပြတော်မူသည်။ သတင်းထောက်များက ရဟန်းအမတ်အား ရဟန်းမင်းကြီးကို မိမိ၏ရန်သူအဖြစ် သတ်မှတ်ပါသလားဟု မေးမြန်းကြသည့်အပေါ် ရဟန်းအမတ်က ရဟန်းမင်းကြီးသည် မိမိ၏မိတ်ဆွေသူငယ်ချင်းဖြစ်ကြောင်း၊ မည်သည့်အခါမျှ သူ့ကို ရန်သူအဖြစ် အဖြစ်ခံမည်မဟုတ်ကြောင်းဖြင့် ဖြေကြားတော်မူသည်။

ရဟန်းအမတ်ဆရာတော်ကြီး ရေမွန်ဘတ်သည်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ပြုပြင်ပြောင်းလဲမှုပိုင်းက ယုံကြည်ခြင်းဆိုင် ရာအယူဝါဒများကို ပြုပြင်ရန်ကြိုးစားလာနေသည့် (အိမ်ထောင်ကွဲသော ကက်သလစ်ဘာသာဝင်များနှင့် ပထမအိမ်ထောင်ကွဲ ပြီးနောက် တခြားသူနှင့်နောက်ထပ်အိမ်ထောင်ပြုသူများ ကိုယ်တော်မြတ်ပင့် ယူခွင့်ပြုရန်)အပေါ် ဝေဖန်ထောက်ပြသော တစ်ပါးတည်းသော ရဟန်း အမတ်ဆရာတော်ကြီး ဖြစ်တော်မူသည်။ ထိုကဲ့သို့သော ဝေဖန်ခြင်းကြောင့် ရဟန်းမင်းကြီးက သူ့အား ဗာတီကန်နိုင်ငံရှိ ကက်သလစ်သာသနာတော်တစ်ခု လုံး၏ တရားသူကြီးချုပ်တာဝန်မှ တခြားအရေးမပါသောတာဝန် (မော်တာနိုင်ငံ ၏စစ်တပ်အဖွဲ့အစည်း၏ နာယက) အဖြစ်သို့ ပြောင်းပစ်ခန့်အပ်လိုက်သည်။

ရဟန်းအမတ်ဆရာတော်ကြီး ရေမွန်ဘတ်သည် အမေရိကန်နိုင်ငံ၊ ရဟန်္တလူ ဝီးစ်မြို့၏ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးအဖြစ် တာဝန်ထမ်းဆောင် ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ဗာတီကန်နိုင်ငံရှိ ကက်သလစ် သာသနာတော်တစ်ခုလုံး၏ တရားသူကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၀၀၃ ကုန်ဇမှုန်း

1212  Views
Previous: ဗာတီကန်၏ဗဟိုချုပ်ကိုင်ခြင်းစနစ်မှ နိုင်ငံအခြေစိုက်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သို့ လုပ်ပိုင်ခွင့်ပိုမိုပေးရန် ပြင်ဆင်နေ
Next: ပြည်ကက်သလစ်သာသနာပိုင်ဆရာတော်ကြီး ဂျိုးဇက်ဦးသောင်းရွှေ (အငြိမ်းစား) ပျံလွန်တော်မူ