လာအိုနိုင်ငံမှ ယုံကြည်ခြင်းအတွက် အသတ်ခံရသူနှစ်ဦးအား ဓမ်္မအာဇာနည်အဖြစ် ရဟန်းမင်းကြီးက အသိအမှတ်ပြုတော်မူ

010

လာအို၊ မေလ ၇၊ ၂၀၁၅၊

လာအိုနိုင်ငံမှ ယုံကြည်ခြင်းအတွက် အသတ်ခံရသူနှစ်ဦးအား ဓမ်္မအာဇာနည်အဖြစ် ရဟန်းမင်းကြီးက မေလ ၅ ရက်နေ့တွင် အသိအမှတ်ပြုတော်မူလိုက်သည်။ ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ၁၉၆၀ ခုနှစ်က လာအိုကွန်မြူနစ်တော်လှန်ရေးကာလတွင် ခရစ်တော်ဘုရားကို ယုံကြည်ခြင်းအပေါ် အသတ်ခံရသူနှစ်ဦးအား ဓမ်္မအာဇာနည်များအဖြစ် အသိအမှတ်ပြုပြီးနောက် ၎င်းင်းနှစ်ဦးကို ရဟန်္တာအဆင့်သို့ လာမည်စက်တင်ဘာလ ၂၃ ရက်နေ့တွင် တင်မြှောက်နိုင်ရန် အတွက် ဆက်လက်လုပ်ဆောင်ရန် အမိန့်ထုတ်ပြန်တော်မူလိုက်ခြင်း ဖြစ်သည်။

၎င်းင်းဓမ်္မအာဇာနည်နှစ်ဦးတို့၏အမည်များမှာ၊ သူတော်မြတ် မာရီအိုဘိုဇာကာနှင့်ပေါလ် ထိုရှိုတို့ဖြစ်ကြပြီး သူတို့နှစ်ဦးသည် ၁၉၆၀ ခုနှစ်ဧပြီလတွင် မိမိတို့၏ခရစ်ယာန်ယုံကြည်ခြင်းကို မစွန့်လွှတ်ခြင်းကြောင့် အသတ်ခံကြရခြင်း ဖြစ်သည်။ သူတော်မြတ် မာရီအိုဘိုဇာကာသည် ရဟန်းတစ်ပါးဖြစ်တော်မူပြီး ၁၉၃၂ ခုနှစ်တွင် အီတလီနိုင်ငံတွင် ဖွားမြင်ကာ အသက်တော် ၂၅ နှစ်တွင် ရဟန်းသိက်္ခာကို ရရှိတော်မူခဲ့သည်။
သူသည် ၁၉၅၇ခုနှစ်တွင် လာအိုကွန်မြူနစ်နိုင်ငံသို့ အီတလီနိုင်ငံ မှ နိုင်ငံခြားသာသနာပြုရဟန်းအဖြစ် သြဘလိုက်ကက်သလစ် ရဟန်းအသင်း ဂိုဏ်းမှ ပထမဆုံးသော စေလွှတ်ခြင်းခံရသည်။ ထိုအချိန်တွင် လာအိုနိုင်ငံ တွင် အနောက်ဗီယက်နမ်ကွန်မြူနစ်အစိုးရ၏လက်နက်ထောက်ပံ့မှုဖြင့် ပါသက်လာအိုကွန်မြူနစ်အစိုးရက အုပ်ချုပ်နေစဉ်ဖြစ်ကာ လာအိုနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားနေချိန်လည်းဖြစ်သည်။ ဘုန်းတော်ကြီးသည် မိမိ၏ပထမနှစ်တွင် လာအိုစကားကို သင်ကြားခဲ့ပြီး မိမိ၏မှတ်တမ်းစာအုပ်တွင် ““ပျော်ရွှင်သောသူဖြစ်ပါစေ”” ဟူသော အရေးအသားအပေါ် လာအိုကွန် မြူနစ် အစိုးရကို အမျက်ထွက်စေခဲ့သည်ဟု မှတ်တမ်းတွင် ရေးသားထားသည်။ သူသည် ၁၉၅၈ ခုနှစ်တွင် လာအိုနိုင်ငံရှိ မှုန်ကျေးရွာ ကို သွားရောက်ပြီး ကက်သလစ်ခရစ်ယာန်မိသားစုဝင်များနှင့်တွေ့ဆုံကာ ဖျားနာနေသူများကို ကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ထို့နောက် ဖာဆွာဒေသမှ မှုန်ဆိုသူက ရဟန်းတော်အား မိမိတို့၏ရွာကို လာရောက်လည်ပတ်ရန် ၁၉၆၀ ခုနှစ်တွင် တောင်းဆိုခဲ့သည်။

၎င်းင်းတောင်းဆိုချက်ကြောင့်၊ ရဟန်းတော်သည် ၁၉၆၀ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ၎င်းင်းကျေးရွာသို့ တောတောင်များကိုဖြတ်ကျော်ပြီး ခြေကျင်ဖြင့် နှစ်ပတ်မျှသွားနေခဲ့ရာ ရဟန်းတော်အား ဓမ်္မဆရာလေး ပေါလ်ထိုရှိုဆိုသူက အဖော်အဖြစ်လိုက်ပါခဲ့သည်။ သူတို့နှစ်ဦးသည် ၎င်းင်းရွာတွင် နှစ်ပတ်အတွင်း လူနာများကို ကြည့်ရှုခြင်းအလုပ်ကို လုပ်ဆောင်ရာမှ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြသည်။ ထိုသူတို့၏အလောင်းများကို လိုက်လံရှာဖွေ သော်လည်း မတွေ့ရှိတော့ပေ။ သို့သော်ဒေသခံကမူ သူတို့နှစ်ပါးကို လာအို ကွန်မြူနစ်အစိုးရစစ်သားများက သတ်ဖြတ်ခဲ့ကြသည်ဟု သက်သေထွက်ဆို ကြသည်။
ပါသက်လာအိုကွန်မြူနစ်အစိုးရသည် လာအိုဘုရင့်စစ်တပ်ကို ၁၉၇၅ ခုနှစ်တွင် အနိုင်ရြ

ပီး ယခုအချိန်ထိ ကွန်မြူနစ်စနစ်ကို ကျင့်သုံးနေခြင်း ဖြစ်သည်။ ၎င်းင်း ၁၉၇၅ ခုနှစ်မှစတင်ပြီး လာအိုနိုင်ငံရှိ နိုင်ငံခြားသာသနာပြု ပုဂ်္ဂိုလ်များကို မောင်းထုတ်ခဲ့ရာ လက်ရှိအချိန်တွင် လာအိုနိုင်ငံတွင် ခရစ်ယာန်ဘာသာဝင်ဦးရေသည် ၂% မျှသာ ရှိနေသည်။

ကုန်ဇမှုန်း

1447  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်၏ပြောဆိုဆက်ဆံမှုကြောင့် ကက်သလစ်ခရစ်ယာန်ဘာသာသို့ ပြန်ဝင်လာနိုင်သည်ဟု ကျူးဘားနိုင်ငံသမ်္မတ ရော်လ်ကက်စရိုက ပြောလိုက်ပြီ
Next: Test Channel