ဗာတီကန်နိုင်ငံ (ကက်သလစ်သာသနာတော်၏ ဗဟိုဌာနချုပ်) ၏ ၂၀၁၄ ဝင်ငွေသည် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိလာ

ဗာတီကန်၊ ဇူလိုင်လ ၁၅ CNA

ဗာတီကန်နိုင်ငံ၊ ရဟန်းမင်းကြီးရုံးက ၂၀၁၄ ခုနှစ်၏ ဝင်ငွေသည် အမေရိကန် ဒေါ်လာသန်းတစ်ထောင်ရှိသည်ဟု ဇူလိုင်လ ၁၆ ရက်နေ့က ထုတ်ပြန် ကြေညာလိုက်သည်။ ၎င်းကြေညာချက်တွင် ရဟန်းမင်းကြီး လက် အောက်ရှိ ရုံးများနှင့် ဗာတီကန်နိုင်ငံ လက် အောက်ရှိရုံးများ၏ ဝင်ငွေများကို သီးခြားဖော်ပြ ထားပြီး ရုံးနှစ်ခုစလုံး၏ ဘဏ္ဍာရေးဆိုင်ရာ စီမံ ခန့်ခွဲမှုသည် နိုင်ငံတကာအဆင့်အတန်းရှိရှိ ပြောင်းလဲ ကျင့်သုံးလာပြီ ဟုလည်းထုတ်ပြန် ထားသည်။

သို့သော် ရဟန်းမင်းကြီးရုံး လက် အောက်ရှိရုံးများ၏ အသုံးစရိတ် လိုငွေသည် အမေရိကန်ဒေါ်လာ သိန်းပေါင်း၂၇.၈ ရှိပြီး ၂၀၁၃ ခုနှစ်၏ အသုံးစရိတ်လိုငွေသည် အမေ ရိကန်ဒေါ်လာ သိန်းပေါင်း ၂၆.၆ ရှိခဲ့ရာ လိုငွေ သည် အမေရိကန်ဒေါ်လာ တစ်သန်းနီးပါး တိုး လာသည် ဟုဖော်ပြထားသည်။ ရဟန်းမင်း ကြီးရုံး၏ အသားတင် အမြတ်ငွေသည် အမေ ရိကန်ဒေါ်လာ သန်းတစ်ထောင်ရှိပြီး ၎င်းင်းငွေ ပမာဏသည် ၂၀၁၄ ခုနှစ် အတွင်းရှိ စာရင်းများ၊ ပိုင်ဆိုင်ထားသော ပစ်္စည်း တန်ဖိုးများ အားလုံးကို ထည့်သွင်းပေါင်း စပ်ထားခြင်းဖြစ်သည်ဟု ကြေညာထား သည်။

သို့သော် ရဟန်းမင်းကြီးရုံး လက်အောက်ရှိ ငွေကြေးစီမံမှုသည် ဗာတီကန်နိုင်ငံ လက်အောက်ရှိ ငွေကြေး စီမံမှုနှင့် ခွဲခြားထားလိုက်ပြီး ဗာတီကန်၏ ဝင်ငွေ များသည် ဗာတီကန်ပြတိုက်၊ ဗာတီကန်ဥယာဉ် တို့မှ ရရှိလာသော ဝင်ငွေကိုဆိုလိုခြင်းဖြစ်သည်။ ဗာတီကန် နိုင်ငံအုပ်ချုပ်ရေး ဘုတ် အဖွဲ့သည် အမေရိကန်ဒေါ်လာ သိန်းပေါင်း ၆၈.၉ ကျော်ကို ၂၀၁၄ ခုနှစ်တွင် ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်၏ ဝင်ငွေထက် သုံးဆလောက် တိုး တက်လာသည်။ ထိုကဲ့သို့ ဝင်ငွေတိုးတက်လာ ခြင်းသည် ဗာတီကန် ပြတိုက်နှင့် တခြားသော ဗာတီကန်နိုင်ငံ၏ရင်းနှီးမြှပ်နှံမှုများမှ ရရှိခြင်း ဖြစ်သည်ဟု ကြေညာထားသော်လည်း မည်ကဲ့ သို့သော ရင်းနှီးမြှပ်နှံမှုကိုမူ ဖော်ပြထားခြင်းမရှိ ပေ။ ဗာတီကန်နိုင်ငံလက်အောက်ရှိ စီးပွားရေး ဝန်ကြီးဌာနမှ စီးပွားရေးဝန်ကြီး ဖြစ်သော ကာဒီ နယ်ဆရာတော် ဂျော့ပေးလ်သည် ဗာတီကန် နိုင်ငံခြားရေး ဝန်ကြီးဌာနအား ငွေကြေးစီမံရေး ဆိုင်ရာမူဝါဒကို ချပေးခဲ့ပြီဖြစ်ကြောင်းဖြင့် ထည့် သွင်း ကြေညာထားသည်။

ဗာတီကန်နိုင်ငံ၏အသုံးစရိတ် အများ ဆုံးသည် နိုင်ငံတကာတွင် ဖြန့်ကျက်ထားသော ဗာတီကန်သံတမန် ဝန်ထမ်းပေါင်း (၂၈၈၀) များ၏ အသုံးစရိတ်ဖြစ်ကာ ၂၀၁၄ ခုနှစ် တွင်မူ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၃၇ ကုန်ကျ ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ဗာတီကန်နိုင်ငံ က ၎င်းင်း၏ ၂၀၁၄ ခုနှစ်၏ ဝင်ငွေကို ထုတ်ပြန် ရာတွင် တကမ်္ဘာလုံးရှိ ကက်သလစ်ဘာသာဝင် များ၏ဗာတီကန်သို့ ထည့်ဝင်လှူဒါန်းပေးပို့ထား သော လှူဒါန်းငွေသည် အမေရိကန်ဒေါ်လာ ၂၂၈ သန်းရှိပြီး ဗာတီကန်ဘဏ်မှ ရရှိသော ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၄၄ သန်း ရှိသည်ဟု ကြေညာထားသည်။

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် သည် ဗာတီကန်နိုင်ငံ၏အုပ်ချုပ်မှုစရိတ်များကို ဘတ်ဂျက်အခြေခံသော အုပ်ချုပ်မှုစရိတ် အဖြစ်သို့ ပြောင်းလဲနေပြီး ဗာတီကန် လက် အောက်ရှိ ဝန်ကြီးဌာနများသည် မိမိတို့ဝန်ကြီး ဌာနများ၏ ဘတ်ဂျက်အသုံးစရိတ်များကို ဗာတီကန်စီးပွားရေးဌာနသို့ တင်ပြကြရန် အမိန့် ထုတ်ပြန်ထားသည်။
မကြာခင်တွင် ဗာတီကန်နိုင်ငံ တစ်ခု လုံး၏ ၂၀၁၅ ခုနှစ် ငွေကြေးအခြေအနေ တစ်ခု လုံးကိုထုတ်ပြန်နိုင်မည်ဟု မျှော်လင့်ထား ကြောင်း၊ လက်ရှိအခြေအနေတွင် ဗာတီကန် နိုင်ငံ၏ ငွေစာရင်းများကို စာရင်းစစ်ဆေးနေဆဲ ဖြစ်ကြောင်းဖြင့် ကာဒီနယ်ဆရာတော် ဂျော့ပေးလ် က မှတ်ချက်ပြုတော်မူသည်။

ကုန်ဇမှုန်း

1684  Views
Previous: အမေရိကန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချမှုနှုန်း ကျဆင်းလာသည်ဟု လူ့အသက်ကိုကာကွယ်သည့် အဖွဲ့အစည်းတစ်ခုက ပြောဆို
Next: ဗာတီကန် က အီရန်၏ သမိုင်းဝင် နျူးကလီးယားသဘောတူညီမှုအား ကြိုဆို