အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ခရစ်ယာန်ပရိုတက်စတန့် ဂိုဏ်းကွဲများသည် ဗာတီကန်၏ဦးဆောင်မှုအောက်တွင် ပြန်လည်ပေါင်းစည်းရန် သဘောတူကြ

ဗာတီကန်၊ ဇူလိုင်လ ၉

အမေရိကတိုက်နှင့် ဥရောပ တိုက်ရှိ ခရစ်ယာန် ပရိုတက်စတန့် ခေါင်းဆောင်များသည် ဗာတီကန်၏ ဦးဆောင်မှုအောက်တွင် ပြန်လည်ပေါင်းစည်းရန် ဇူလိုင်လ ၉ ရက်နေ့ က သဘော တူညီလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ နှစ်ပေါင်း (၅၀၀) ကျော်ကွဲ သွားကြသော အမေရိက တိုက်နှင့် ဥရောပတိုက်ရှိ ခရစ်ယာန် ဂိုဏ်းကွဲ ပရိုတကစတန့်များ သည် ဇူလိုင်လ ဒုတိယပတ်က ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်အား ဗာတီကန်တွင်တွေ့ဆုံကြပြီး ရဟန်းမင်းကြီး၏ ကြီးကြပ်မှုအောက်တွင် ပြန်လည်ပေါင်းစည်းရန် သမိုင်းဝင်ဆွေးနွေးမှုကို တိတ်တဆိတ်ပြုလုပ်ခဲ့ကြပြီးနောက် ထိုကဲ့သို့ သဘောတူညီလိုက်ရခြင်းဖြစ်သည်ဟု သိရှိရသည်။

၎င်းတွေ့ဆုံမှုတွင် အထင်ကရ နာမည်ကြီးသော အမေရိကန်နိုင်ငံမှ အသင်းအုပ်ဆရာများ ဖြစ်ကြသော ဂျိူအဲလ်နှင့် ရစ်ဝါရဲန်၊ အင်္ဂလီကန် အသင်းတော်မှ သာသနာပိုင်ချုပ် ဆရာတော်ကြီး ဂျက်စတင်းဝဲလ်ဘိုင်တို့ ပါဝင်ကြပြီး ရဟန်းမင်းကြီးအား တွေ့ဆုံဖူးမျှော်ကြသည်။

ကယ်လီဖိုနီးယားပြည်နယ်မှ အသင်းအုပ်ဆရာကြီး ဝါရဲန်က စိန်ပီတာ ရင်ပြင်တွင် သတင်း ထောက်များအား ပြောကြားရာတွင် ခရစ်ယာန် အယူဝါဒကိုလွဲမှားစွာ ကျင့်သုံးဟောပြောခဲ့ကြသော ခရစ်ယာန် ပရိုတက်စတန့်များ၏ သမိုင်းကြောင်း တစ်လျှောက်တွင် ကက်သလစ်သာသနာတော်ထဲသို့ ပြန်လည်ဝင်ရောက် ပေါင်း စည်းနိုင်ရန်အတွက် ပြန်လည် သင့်မြတ်ကျေအေးခြင်းသည် အခုချိန် လိုအပ်နေပြီဖြစ်သည်ဟု ပြောကြားလိုက်သည်။

၎င်းခရစ်ယာန်ခေါင်းဆောင်များသည် ရဟန်းမင်းကြီး၏ ကြီးကြပ်မှုအောက်တွင် တရားဝင် ဆွေးနွေးခြင်းမပြုမီ၊ အာပါတ်ဖြေခြင်းကို ဦးစွာပြုလုပ်ကြသည်။ ထိုကဲ့သို့ ပြုလုပ်ခြင်းအပေါ် အသင်းအုပ်ဆရာ အော်စတင်က “ မိမိတို့ရဲ့ ဘာသာဝင်တွေကို မိမိတို့ကျင့်ကြံပြုလုပ်သလို ကျင့်ကြံရန် မတိုက်တွန်းမှီ မိမိတို့ကိုယ်တိုင်က ဦးစွာပြုလုပ်ကြောင်း၊ ထိုကဲ့သို့ အာပတ်ဖြေခြင်းပြုလုပ်ခြင်းသည် မိမိအတွက် ကြီးမားသော ဘဝပြောင်းလဲမှုကိုဖြစ်ပေါ်စေသည် ” ဟု သက်သေခံလိုက်သည်။

၎င်းအစည်းအဝေးတွင် ပါဝင်ကြသူအားလုံးက “ ရဟန်းမင်းကြီးသည် ယုံကြည်ရာအချက် များကို သွန်သင်ရာတွင် မမှားယွင်းနိုင်ကြောင်းနှင့် ကက်သလစ်သာသနာတော်သည် ယုံကြည်ခြင်း ကို သွန်သင်ရန်အာဏာရှိသည် ” ဟူသောအချက်တို့ကို ဦးစွာသိမှတ် လက်ခံကြသည်ဟု ၎င်းင်းအစည်း အဝေးတွင်ပါဝင်သော ယခင်က ခရစ်ယာန်အသင်းကွဲမှ အသင်းအုပ်ဆရာဖြစ်ပြီး ကက်သလစ် ခရစ်ယာန် သာသနာတော်သို့ ကူးပြောင်းလာသော ဘုန်းတော်ကြီး ကလိဖ် ဘရိုကန်က ထုတ်ဖော် ပြောကြားလိုက်သည်။ ဒုတိယအချက်ကမူ မစ်္ဆားပူဇော်ခြင်း (ခရစ်ယာန်ဝတ်ပြုခြင်း)ကို ပြုလုပ်ကြပြီး ကိုယ်တော်မြတ် စက်္ကရမင်းတူးကိုကျင်းပပြီး ခရစ်တော်၏ စစ်မှန်သောအသွေးတော်နှင့် အသားတော်တို့ကိုပင့်ယူကြကြောင်း ထုတ်ဖော်လိုက်သည်။

ခရစ်ယာန် ဂိုဏ်းကွဲများ၏ ကက်သလစ်ခရစ်ယာန် ဘာသာထဲသို့ ပြန်လည်ပေါင်းစည်းခြင်း တစိတ်တပိုင်းအဖြစ်၊ အသက် (၁၅) နှစ် ရှိပြီးသော ခရစ်ယာန်ဂိုဏ်းကွဲမှ ဘာသာဝင်များသည် ကက်သလစ်သာသနာတော်ထဲသို့ ဝင်ရောက်လာလျှင် ခရစ်္စမားအားပေးခြင်းကို ခံယူကြရမည် ဖြစ် ကြောင်း၊ ၎င်းခရစ်္စမားအားပေးခြင်းကို မခံယူလျှင် ခရစ်ယာန် ဂိုဏ်းကွဲများတွင် ရရှိခဲ့သော ဆေးကြော ခြင်းမင်္ဂလာသည် တရားဝင်မည် မဟုတ်တော့ဘဲ ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ခြင်းကို လည်း ဟန့်တားစေ မည်ဖြစ်ကြောင်းဖြင့် ဘုန်းတော်ကြီး ကလိဖ်ဘရိုကန်က ထုတ်ဖော် ပြောကြား လိုက်သည်။

အမေရိကန်နိုင်ငံရှိ ပရိုတက်စတန့်မိသားစုမှ ကလေးငယ်များသည် တနင်္ဂနွေနေ့တွင် ဘုရားစကားကိုသင်ကြားသောအခါ ဖြတ်ပိုင်းတစ်ခုကိုရရှိကြပြီး ၎င်းင်းဖြတ်ပိုင်းကို အသုံးပြုကာ ကက်သလစ် ခရစ်ယာန်ဘုရားကျောင်းများတွင် ဘုရားစကားကို သွားရောက်သင်ကြားနိုင်ရန် စီစဉ်နေ ကြပြီဖြစ်သည်။ ရဟန်းမင်းကြီး၏ ဦးဆောင်မှုအောက်တွင် အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ခရစ်ယာန် ပရိုတက်စတန့်များအားလုံး ပြန်လည်ပေါင်းစည်းရန် လုပ်ဆောင်ခြင်းကို အားပေးသော အားဖြင့်၊ အင်္ဂလန်နိုင်ငံသည် မြောက် အိုင်ယာလန်နိုင်ငံနှင့် အိုင်ယာလန်ပြည်သူ့ သမ်္မတနိုင်ငံတို့ကို ပြန်လည်ပေါင်းစည်းစေရန် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗုဒ်္ဓဟူးနေ့က အင်္ဂလန်နိုင်ငံက ကြေညာလိုက်သည်။

ဂျိုးဇက်

2818  Views
Previous: လူအများအပြားကို သေစေသော မားစ်ရောဂါကို ကုသပေးကြသော ကက်သလစ်ဆရာဝန်များအား တောင်ကိုရိးယား ကာဒီနယ်အန်ဒရူးယွမ်က ကျေးဇူးတင်ဂုဏ်ပြုတော်မူ
Next: ရဟန်းမင်းကြီးက ဗာတီကန်ရဟတ်ယာဉ်များကို အီတလီနိုင်ငံတစ်ခုလုံး အရေးပေါ်လူနာတင်ဆောင်ရာတွင် အသုံးပြုရန် ခွင့်ပြု