ရဟန်းမင်းကြီးက ဗာတီကန်ရဟတ်ယာဉ်များကို အီတလီနိုင်ငံတစ်ခုလုံး အရေးပေါ်လူနာတင်ဆောင်ရာတွင် အသုံးပြုရန် ခွင့်ပြု

ဗာတီကန်၊ ဇူလိုင်လ ၁၈ CNA

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က ဥရောပတိုက်တွင် နာမည်အကြီးဆုံး ကလေးဆေးရုံ ဖြစ် သော ရောမမြို့ရှိ သူငယ်တော်ယေဇူး ကလေး ဆေးရုံအား အရေးပေါ်ဆေး ကုသရန်လိုအပ်သော ကလေးငယ် များ၊ ဆေးရုံဝန်ထမ်းများ၊ ဆေးဝါးနှင့် ဆေးကိရိယာများကို သယ်ဆောင်ရာတွင် ဗာတီကန်ရဟတ်ယာဉ်ကို အသုံးပြုရန် ခွင့်ပြု လိုက် ပြီဖြစ်ကြောင်း ဇူလိုင်လ ၁၇ ရက်နေ့က သတင်းရရှိသည်။ ၎င်းသဘောတူညီချက်ကို ဗာတီကန်နိုင်ငံ အုပ်ချုပ်ရေးအဖွဲ့နှင့် ကလေးဆေးရုံမှ တာဝန်ရှိသူများက ဇူလိုင်လ ၁၇ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့ကြပြီး ဗာတီကန်နိုင်ငံသည် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နိုင်ရန် စတင်ခြေလှမ်းလှမ်းလာခြင်းလည်း ဖြစ်ပေသည်။

သူငယ်တော်ယေဇူး ကလေး ဆေးရုံမှ ဥက်္ကဌဖြစ်သော မာရီအေလာ အီနောက “ ကျွန်မတို့ အနေဖြင့် အီတလီနိုင်ငံတစ်ဝှမ်းရှိ ဖျားနာကြ သော ကလေးလူငယ်များကို ဆေးရုံ သို့ အချိန်မှီရောက်ရှိ လာနိုင်ရန်အတွက် ယခုကဲ့သို့ ဗာတီကန် ရဟတ်ယာဉ်များကို အသုံးပြုခွင့် ပေး တော်မူသော ရဟန်းမင်းကြီးနှင့် ဆရာတော်ကြီး ဖာနန်းဒို ဗာဂျဲစ် အလ်ဇာကာ တို့အား အထူးကျေးဇူး တင်ရှိပါကြောင်း ” ဖြင့် ဗာတီကန် ရေဒီယိုမှ တဆင့်ပြောကြားလိုက်သည်။

ဆက်လက်ပြီးသူမက “ ယခု ကဲ့သို့သောလုပ်ရပ်သည် မေတ်္တာတရားကို အခြေခံသော အပြုအမှု ဖြစ်ပြီး အခြေခံ ကျန်းမာရေး လိုအပ်ချက်ကို ဖြေရှင်းပေးခြင်းဖြစ်ကြောင်း၊ ကျွန်မတို့ ဆေးရုံနေရာနှင့် ဗာတီကန် နိုင်ငံတို့ အကြားရှိ အကွာအဝေးကို ပိုမိုနီးကပ်စေလာပြီး လူနာများ၏ ဝေးလံသော ခရီးကိုလည်း တိုတောင်း စေလာသည့်အပြင် မြောက်များစွာ သော ကလေးငယ်များ၏ အသက် များစွာကိုလည်း ကယ်တင်ရာတွင် ပါ ဝင်လုပ်ဆောင်သော အပြုအမူဖြစ် သည် ဟုမှတ်ချက်ပြုလိုက်သည်။

ဗာတီကန် ရဟတ်ယာဉ် သည် သေးငယ်ပြီး ဗာတီကန်ပန်းခြံ ထဲတွင် ပုံမှန် ဆင်းသက်ခြင်းဖြစ် ကြောင်း၊ ၎င်းရဟတ်ယာဉ်ကို ရဟန်း မင်းကြီးနှင့် နိုင်ငံခြား ခေါင်းဆောင် များ၏ တိုတောင်းသော ခရီးစဉ်များအတွက် လိုက်လံပို့ဆောင်ပေးရာတွင် အသုံးပြုလျက်ရှိသည်။ ဗာတီကန်တွင် ရဟတ်ယာဉ်ကို စတင်အသုံးပြုခဲ့ သော ရဟန်းမင်းကြီးမှာ ပေါလူး (၆) ဖြစ်တော်မူပြီး ရဟန်းမင်းကြီးမှာ ပေါလူး (၆)သည် ရဟတ်ယာဉ်ကို ၁၉၇၆ ခုနှစ်မှ စတင်အသုံးပြုခဲ့သည်။

ဥရောပတိုက်တွင် နာမည် အကြီးဆုံး ကလေးဆေးရုံဖြစ်သော ရောမမြို့ရှိ သူငယ်တော်ယေဇူး ကလေးဆေးရုံသည် အီတလီဘာသာ ဖြင့် ဘန်ဘီနိုဂျေဆူဟု အမည် ပေး ထားရာ ၎င်းကလေးဆေးရုံသည် ကလေးရောဂါကုသရေးနှင့် သုတေ သနဆိုင်ရာလုပ်ငန်းများတွင် အကြီးမားဆုံးနှင့် ဗဟိုဌာနလည်းဖြစ်သည်။ ၎င်းင်းဆေးရုံကို ကက်သလစ် သာသနာ တော်က ဖွင့်လှစ်ခြင်းဖြစ်ပြီး ကုသရေး နှင့် သုတေသန လုပ်ငန်းများအားလုံး ကို ကက်သလစ် သာသနာတော်၏ ယုံကြည်ခြင်း၊ ကိုယ်ကျင့်တရားဆိုင်ရာ သွန်သင်ချက်တို့နှင့် ကိုက်ညီစွာ ဖွင့်လှစ်ထားသော ကလေးဆေးရုံ ကြီး ဖြစ်သည်။

၎င်းဆေးရုံသည် ၁၈၆၉ ခု နှစ်တွင် စတင်၍ တည်ဆောက်ခဲ့ပြီး အီတလီနိုင်ငံတွင် သက်တမ်းအရင့် ဆုံးသော ကလေးဆေးရုံဖြစ်သည်။ ၎င်းင်း ဆေးရုံကို ဗာတီကန်နိုင်ငံက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ၎င်းင်းဆေးရုံအား ရဟန်းမင်းကြီးဆေးရုံ ဟုလည်း ခေါ် ဝေါ်ထားကြသည်။ ၎င်းဆေးရုံသည် တကမ်္ဘာလုံးမှ ကုသရန်လိုအပ် နေကြ သော လူနာ ကလေးငယ်များ၏ ကျန်း မာရေးကိုကုသပေးနေသော ဆေးရုံ ဖြစ်သည်။ ၎င်းင်းဆေးရုံမှ ဆရာဝန်များ သည် ကမ်္ဘာပေါ်တွင် ပထမဆုံးသော နှလုံးအတု အစားထိုးခြင်းကို (၁၅) နှစ် အရွယ်ရှိယောင်္ကျားလေးအား ၂၀၁၀ ခုနှစ်တွင် ခွဲစိတ် အစားထိုးခဲ့ရာ အောင်မြင်ခဲ့ပြီးနောက် ၂၀၁၃ ခုနှစ် တွင်မူ နှလုံးတွင်ဖြစ်ပေါ်ခဲ့သော ရောဂါတစ်မျိုး (Long QT Symdrome) ကို သုတေသနပြုလုပ်လျက် ရှိသည်ဟု သိရှိရသည်။

၎င်းဆေးရုံတွင် ဆေးကုသ နေသော ကလေးငယ်တစ်ဦးက မိမိ ကို လာရောက်ကောင်းကြီးပေးရန် ရဟန်းမင်းကြီး ဖရန်စစ်အား ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ က စာရေးပေးပို့ ခဲ့ရာ ရဟန်းမင်းကြီး ဖရန်စစ်သည် ၎င်းင်းဆေးရုံသို့ လာရောက်ပြီး စာရေး ဖိတ်ကြားခဲ့သော ကလေးငယ်နှင့် တခြားကလေးငယ်များအားလုံးကို လာရောက်ကြည့်ရှုရင်း ကောင်းကြီး ပေးခဲ့သည်။ ပျံလွန်တော် မူသွားကြ သော ရဟန်းမင်းကြီး ပေါလူး (၆) နှင့် ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂)၊ အငြိမ်းစားရ ဟန်းမင်းကြီး ဘေနေဒစ် (၁၆) တို့လည်း ၎င်းင်းဆေးရုံကို လာ ရောက်လည်ပတ်ခဲ့ကြသည်။ အငြိမ်း စားရ ဟန်းမင်းကြီး ဘေနေဒစ် (၁၆) က ရဟန်းမင်း ကြီးဖြစ်ခြင်းသုံးလ အတွင်းတွင် ၎င်းဆေးရုံကို သွားရောက် လည်ပတ်ရင်း ကလေးငယ်များအပေါ် ထားရှိသော ခရစ်တော်ယေဇူး ဘုရား ၏ မေတ်္တာတရားတော်ကို သက်သေ ခံရန် လာရောက်ခြင်း ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။

ကုန်ဇမှုန်း

1723  Views
Previous: အမေရိကတိုက်နှင့် ဥရောပတိုက်ရှိ ခရစ်ယာန်ပရိုတက်စတန့် ဂိုဏ်းကွဲများသည် ဗာတီကန်၏ဦးဆောင်မှုအောက်တွင် ပြန်လည်ပေါင်းစည်းရန် သဘောတူကြ
Next: 53.3% of Chin people are relying for their health on untrained village health practioners