အမေရိကန်နိုင်ငံရှိ ကက်သလစ်သီလရှင်အသင်းဂိုဏ်းတစ်ခုက အမေရိကန်တရားရုံးချုပ်၏ ဆုံးဖြတ်ချက်အပေါ်အယူခံဝင်

005

သြဂုတ်လ၊ ၂၁၊ ဝါရှင်တန်

အမေရိကန်နိုင်ငံရှိ သက်ကြီးရွယ် အိုများကို ကြည့်ရှု စောင့်ရှောက်ပေးနေသော “သေးငယ်သော သီလရှင်များအသင်းဂိုဏ်း ” ဟုအမည်ခံယူ ထားသော ကက်သလစ် သီလရှင် ဂိုဏ်းက အမေရိကန် တရားရုံး၏ ဆုံးဖြတ်ချက် ဖြစ်သော “ အမျိုးသမီးများအားလုံးသည် သန္ဓေတားဆေးကို အသုံးပြုရမည်ဟူသော ဆုံးဖြတ်ချက် ” အားကျင့်သုံးခြင်းကို ပယ်ဖျက်ပေးရန် သြဂုတ်လ (၂၁) ရက်နေ့က တရားရုံးသို့ အယူခံဝင်ခဲ့ကြသည်ဟု သတင်းရရှိသည်။ ၎င်းသီလရှင်များ၏ အယူခံဝင်မှုကို တရားရုံးက ပြန်လည်စဉ်းစားနိုင်ရန်တရားဝင် လက်ခံလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။၎င်းသီလရှင် အသင်းဂိုဏ်းသည် နှစ်ပေါင်း (၁၇၅) ခုနှစ်တိုင်တိုင်၊ သက်ကြီးရွယ်အိုများ၊ ဆင်းရဲသားများနှင့် သေလုမျောပါးဖြစ်နေသူ များကိုကြည့်ရှု စောင့်ရှောက်ခဲ့ သည်မှာ ယနေ့ တိုင်ပင်ဖြစ်ပေသည်။

တရားရုံး၏ ဥပဒေ သစ်ဖြစ်သော “ ကိုယ်ဝန်တားဆေး သုံးစွဲခြင်းအမိန့်” အရ၊ အလုပ်ရှင် များသည် ကိုယ်ဝန်ပျက်ကျခြင်းကို အားပေးသောဆေးဝါးများ၊ မြုံစေ သော ဆေးထိုးခြင်းနှင့် ကိုယ်ဝန်တား ဆေးထိုးခြင်းတို့ကို လွှမ်းခြုံကူညီပေး သော ကျန်းမာရေးအာမခံချက်ကို အလုပ်သမားများအား ပြုလုပ်ပေးရ မည်ဟု ပြဌာန်းထားသည်။ ထို့အပြင် ၎င်းဥပဒေက “ ဤ ဥပဒေကို ပြဌာန်းချက်ကို မလိုက်နာသော ၎င်း သီလရှင်များသည် အသင်းဂိုဏ်း၏ နှစ်စဉ် ဝင်ငွေ၏ ၄၀% (အမေ ရိကန်ဒေါ်လာ ၂၅ သိန်း) ကို ဒါဏ်ငွေအဖြစ် ပေးဆောင်ရမည် ဖြစ်သည်။ ၎င်းသီလရှင်အသင်းဂိုဏ်း ၏ နှစ်စဉ် ဝင်ငွေသည် ဒေါ်လာ သိန်း (၆၀) ရှိသည်ဟု သိရသည်။ သီလရှင်များသည် မိမိတို့၏ ကျောင်း တွင် သက်ကြီးရွယ်အို များ၊ ဆင်းရဲသားများနှင့် သေလုမျော ပါးဖြစ်နေ သူများပြုစုနေကြသော အလုပ်သမားများကို ထိုကဲ့သို့သော ဆေးဝါးများ ထိုးပေးခြင်းသည် သီလရှင်တို့၏ ဘာသာရေး ဆိုင်ရာ ယုံကြည်ခြင်းကို ဖျောက်ဖျက်စေသည် ဟု တရားရုံးအားဝေဖန်လိုက်ပြီး အယူခံဝင်ခြင်း ဖြစ်သည်။ ၎င်းသီလရှင်များအပြင် တခြားသော အလုပ်ရှင်များသည်လည်း ၎င်းဥပဒေကို ဝေဖန် နေကြသည်။

၎င်းအသင်းဂိုဏ်း၏ အကြီးအကဲဖြစ် သော သီလရှင်မာရီယားမာကွီက “ ကျွန်မတို့ သူတော်စင်သီလရှင်များသည် မိမိတို့၏ဘ၀ တစ်ခုလုံးကို လူ့အဖွဲ့ အစည်းထဲတွင် အကူအညီ အလိုအပ်ဆုံးသော လူသားများအား မေတ်္တာ တရားနှင့် သိက်္ခာတရားတို့ဖြင့် ကူညီအစေခံနေ ခြင်းဖြစ်ကြောင်း၊ ဤအစေ ခံခြင်းသည် မိမိတို့၏ဘာသာရေးဆိုင်ရာ ယုံကြည်ခြင်းအပေါ် အခြေခံခြင်းဖြစ်ပြီး မိမိတို့၏ ယုံကြည်ခြင်းနှင့် သက်ကြီးရွယ်အိုများအား ကူညီ စောင့် ရှောက် ခြင်းနှစ်ခုစလုံးကို မစွန့်လွှတ်နိုင်ကြောင်း၊ ထို့ ကြောင့် တရားရုံးချုပ်သည် ကျွန်မတို့၏ အယူခံ ဝင်ခြင်းကို ကြားနာပေးပြီး မတူညီသော ဘာသာ တရားများကို ဘုရားသခင်၏ အလိုတော် အောက်၌ လွတ်လပ်စွာအစေခံခွင့်ကို အာမခံ ပေးမည်ဟု မျှော်လင့်ကြောင်း ” ဖြင့် ထုတ်ပြန် ထားပါသည်။

အမေရိကန်အစိုးရကမူ အလုပ် သမားအမျိုးသမီးများအား ကိုယ်ဝန်တားဆေး ထိုးပေးခြင်းသည် ကုမ္ပဏီများအတွက် အခမဲ့ အာမခံချက်ဖြစ်ကြောင်း၊ ထိုကဲ့သို့ကလေးမွေး နှုန်းထိန်းချုပ်ထားခြင်းသည် အမျိုး သမီးများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး အာမခံ သူများအတွက်လည်း ကုန်စရိတ်သက်သာ စေ သည်ဟု ထုတ်ပြန်ထားသည်။ ဝင်းလှိုင်ဦး

1463  Views
Previous: ဗာတီကန်နိုင်ငံနှင့် အရှေ့တီမောနိုင်ငံတို့ သံတမန်ဆက်ဆံရေး ပဋိဉာဉ်စာချုပ် ချုပ်ဆို
Next: APPEAL TO THE PEOPLE AND RULERS OF MYANMAR FOR PEACE AND HARMONY BY DR CHARLES CARDINAL BO, Archbishop of Yangon