ဖမ်းဆီးခံနေရသော ဆရာတော်ကြီးကို လွှတ်ပေးရန် တရုတ်အစိုးရအား ကက်သလစ်ဘာသာဝင်များက တောင်းဆို

09

ဟောင်ကောင်၊ စက်တင်ဘာ ၁၊ Ucan

တရုတ်နိုင်ငံ၊ ဟဲဘေးပြည်နယ်ရှိ တရုတ်ကက်သလစ် ခရစ်ယာန်ဘာသာဝင်များက နှစ်ရှည်ထောင်ချခံနေရသော ရဟန်းမင်းကြီး လက်အောက်ရှိ ဆရာတော်ကြီး ဂျိမ်းစ်ဆူဇီမင်းကိုပြန်လွှတ်ပေးရန် သြဂုတ်လ (၂၉) ရက်နေ့က တောင်းဆိုလိုက်သည်။ သူတို့၏ တောင်း ဆိုစာကို တရုတ်နိုင်ငံ၏ ဖက်ဆစ်ဂျပန်ကိုအနိုင်ရခြင်းနှင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးသော (၇၀) နှစ်ပြည့် နှစ်ပတ်လည်ကျင်းပနေချိန်တွင် တရုတ်သမ္မတ ရှီဂျင်းပင်အား လိပ်မူပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ဆရာတော်ကြီးဂျိမ်းစ်သည် ထောင်ထဲတွင် အိပ်ယာမှမထနိုင်တော့သည်အခြေအနေထိဖျားနာသည်ဟု သတင်းရရှိထားသည်။ ဆရာ တော်ကြီး၏ လွတ်မြောက်ခြင်းကို တောင်းဆိုသူများက “ ဆရာတော်ဘုရား၏ ကျန်းမာရေးအခြေအနေကိုတော့ အသေးစိတ်မသိဘူး။ ဒါပေမယ့် သူက အသက် (၈၀) နှစ်ကျော်နေပြီဖြစ်တာကြောင့် အိုမင်းရင့်ရော်နေပြီဖြစ်ကြောင့် သူသည် ယခုအချိန်တွင် လေထဲတွင် ထွန်း ထားသော ဖယောင်းတိုင်ကဲ့သို့ ဖြစ်နေမည်မှာသေချာသည်။ သူ့ကို (၁၈) နှစ်ကျော် ထောင်ချနေခြင်းကြောင့် သူ၏တရုတ်ကက်သလစ် သာသနာတော်အပေါ် ခေါင်းဆောင်မှု၊ စည်းရုံးနိုင်မှုနှင့် သြဇာရှိခြင်းတို့သည် မှေးမှိန်နေပြီဖြစ်ကြောင်း၊ သူ့ကိုပြန်လွှတ်ပေးလျှင် ဆရာတော်ကြီးသည် တရုတ်နိုင်ငံအတွက် မတိုင်းထွာနိုင်သော ကောင်းကျိုးများနှင့် တိုးတက်မှုများကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည် ” ဟု မီးမောင်းထိုးပြ ကြသည်။

ဆရာတော်ကြီးဆူသည် သက်တော် (၈၂) နှစ်ရှိနေပြီဖြစ်ရာ ၁၉၉၆ ခုနှစ်တွင် တရုတ်အစိုးရ လက်အောက်ရှိ လူမျိုးချစ် ကက်သလစ် သာသနာတော်အောက်တွင် အဖွ့ဲဝင်ဖြစ်ရန် တရုတ်အစိုးရ၏ တောင်းဆိုချက်ကို ငြင်းပယ်သောကြောင့် တရုတ်ကွန်မြူနစ်အစိုးရ၏ ဖမ်းဆီးခြင်းကိုခံရသည်။ သူသည် ၁၉၉၇ ခုနှစ်တွင် ပြန်လည်လွတ် မြောက်လာသော်လည်း ပြန်လည်ဖမ်းဆီးခြင်းကိုခံရသည်။ နောက်ဆုံးအကြိမ်အဖြစ် သူ၏ဆွေမျိုးများက သူ့ကို ၂၀၀၃ ခုနှစ်တွင် ဘိုဒင်းဆေးရုံတွင် နောက်ဆုံးတွေ့ဆုံခဲ့ပြီးနောက် ယခုထိတိုင် အဆက်အသွယ် ပြတ်တောက်နေပြီးဖြစ်သည်။

သတင်းတစ်ခုရ တရုတ်အစိုးရသည် ဗာတီကန်နှင့် နိုင်ငံရေး ဆိုင်ရာ အပေးအယူပြုလုပ်ရာတွင် ဆရာတော်ကြီးဆူကို တရားခံအဖြစ် အသုံးချပြီး ဗာတီကန်နိုင်ငံအား နိုင်ငံရေး ကစားနေကြောင်း၊ ထို့ကြောင့် တရုတ်အစိုးရသည် ဗာတီကန်နိုင်ငံနှင့် ဆက်ဆံရေး အဆင် မပြေမချင်း ဆရာတော်ဆူကို လွှတ်ပေးမည် မဟုတ်ကြောင်းဖြင့် ထွက်ပေါ်လာသည်။

ထို့အပြင် တရုတ်အစိုးရက ဟဲဘေးကက်သလစ်သာသနာမှ ဆရာတော်ကြီးဂူထိုင်းကို ၂၀၁၄ ခုနှစ် သြဂုတ်လတွင်လည်းကောင်း၊ ဆရာတော်ကြီး ကော်စ်မတ်စ်ရှီ အား ၂၀၀၄ ခုနှစ်တွင် လည်းကောင်း ဖမ်းဆီးပြီး ထောင်ချထားဆဲဖြစ်သည်။ တရုတ်ကွန်မြူနစ် အစိုးရသည် တရုတ်ကွန်မြူနစ်နိုင်ငံကို စတင်တည်ထောင်သည့် ၁၉၄၉ ခုနှစ်မှ စတင်ပြီး ယခုချိန်အထိ စစ်မှုထမ်းဟောင်းများကို (၉) ကြိမ်သာ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ရာတွင် ထောင်နှင့်ချီသော အကျဉ်းသားများကိုသာ လွတ်မြောက်ခဲ့ပြီး ထိုသို့လွှတ်ပေးရာတွင် အစိုးရကို အန္တရာယ်မပေးနိုင်သူများ၊ အသက် (၇၅) နှစ် အထက်ရှိသူများ၊ မသန်စွမ်းသော အကျဉ်းသားများ၊ ကိုယ့်ကိုယ်ကို မပြုစုနိုင်သူများကိုသာ လွှတ်ပေးခဲ့ပြီး အသက်အကြီးဆုံးအဖြစ် (၉၅ ) နှစ် ရှိသော အကျဉ်းသားကို လွှတ်ပေးခဲ့ဖူးသည် ဟု နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာစောင့်ကြည့်ရေးအဖွဲ့က ပြောဆိုထားသည်။              ဝင်းလှိုင်ဦး

1577  Views
Previous: အင်္ဂလန်ကာဒီနယ် နီကော်လပ်စ်က ရွှေ့ပြောင်းသူများကို ပိုမိုရက်ရောစွာဖြင့် လက်ခံရန် အင်္ဂလန်အစိုးရအား တိုက်တွန်းတော်မူ
Next: အာဖရိကတိုက်က မိသားစုများကို ကယ်တင်မည်ဟု ကာဒီနယ်လ်က ကြိုတင်ဟောကိန်းထုတ်တော်မူ