တရုတ်အစိုးရနှိပ်စက်မှုကြောင့် တရုတ်နိုင်ငံတွင် ကျဆင်းနေသောသီလရှင်များ၏ ခေါ်တော်မူခြင်း

17

အောက်တိုဘာ ၈၊ ၂၀၁၅၊ ဘေဂျင်း

တရုတ်အစိုးရ နှိပ်စက်မှုကြောင့် တရုတ်နိုင်ငံတွင် သီလရှင်များ၏ ခေါ်တော်မူခြင်းသည် တဖြည်းဖြည်း ကျဆင်းနေသည်ဟု အောက်တိုဘာလ (၈) ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။

သီလရှင် ယူဆိုသူက “ သာသနာပြု  သူတော်စင်  သီလရှင်များသည် တရုတ်နိုင်ငံတွင် အင်မတန် လိုအပ်နေကြောင်း၊ မိမိတို့၏ အဓိကတာဝန်များမှာ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှု ပေးခြင်းဖြစ်ကြောင်း၊ သို့သော် တရုတ်အစိုးရက သီလရှင်များအား လိုင်စင်များကို တောင်းခံနေကြောင်း၊ လိုင်စင်မရှိသော သီလရှင်အသင်းဂိုဏ်းများသည် ဆေးခန်းများနှင့် စာသင် ကျောင်းများကို ပိတ်ရမည့်အခြေအနေတွင်ရှိကြောင်း၊ ကလေးတစ်ယောက်သာ မွေးရမည်ဟူ သောမူဝါဒကြောင့် မိဘများသည် မိမိတို့၏ တစ်ဦးတည်းသော ကလေးကို သူတော်စင်ဘောင်သို့ဝင်မည်ကို မလိုလားကြကြောင်း ” ဖြင့် ထုတ်ဖော် ပြောကြားလိုက်သည်။

ယေဇူးရွှေနှလုံးတော် သီလရှင်  အသင်းဂိုဏ်းမှ သီလရှင်ယူက “ ကျွန်မတို့က ကလေးငယ်များအား ဘုရားစကား သင်ကြားပေးခြင်းနှင့် သမ္မာကျမ်းစာကို သင်ကြားပေးခြင်းများကို အဓိက ပြုလုပ်ပေးရကြောင်း၊ တဖက်တွင်လည်း လူနာများ၊ အိမ်မဲ့ယာမဲ့ရှိနေသူများနှင့်    သက် ကြီးရွယ်အို များကို ကြည့်ရှုပေးနေကြကြောင်း၊ သို့သော် မလိုလားသော အကန့်အသတ်များကို အစိုးရက ချမှတ်နေသည် ” ဟု ပြော  သည်။ နောက်ထပ် သီလရှင် တစ်ပါးကလည်း “ ကျွန်မတို့ ပြည်နယ်မှာတော့ ပြည်နယ်အစိုးရက စာသင်ကျောင်းကို ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ ဒါပေမယ့် တခြားပြည်နယ်ဘက်ကို ကျွန်မတို့ကျောင်းကိုတိုးချဲ့ခွင့် တရုတ်ဗဟိုအစိုးရကမပြုထားကြောင်း ” ဖြင့် ဝေမျှ ပြောဆို  သည်။

သန့်ရှင်းသော ဝိညာဉ်တော် သီလရှင်အသင်းဂိုဏ်းမှ သီလရှင် ဟွာကျင်းတာယွန်လင်း ကလည်း တရုတ်နိုင်ငံတွင် ဘာသာရေး   လွတ်လပ်ခွင့်သည် ပြည်နယ်အစိုးရ အပေါ်တွင် မူတည်ကြောင်း၊ ကျွန်မတို့၏ လူမှုရေးလုပ်ငန်းများကို ကျောင်းဝင်းထဲတွင် လွတ်လွတ်လပ်လပ် လုပ်နိုင်သော်လည်း ကျောင်းဝင်း အပြင်ဘက်တွင် အကန့်အသတ်များပါကြောင်း ” ဖြင့် သူမ၏ အတွေ့အကြုံကို ပြောဆိုပါသည်။ ဆက်လက်ပြီး သူမက “ အခုကျွန်မတို့ နယ်ဘက်မှာက သီလရှင် ဖြစ်လိုတဲ့ ဝင်လိုသူတွေမရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးက   ကျပ်တည်းလာပြီး ကက်သလစ် ခရစ်ယာန်မိသားစုများက ကက်သလစ် သာသနာတော်၏ သူတော်စင်ဘဝအပေါ် သွန်သင်ချက်ကို        ကောင်းကောင်း နားမလည်ကြကြောင်း၊ တိုးတက်လာတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး ကြောင့် အိမ်နီးနားချင်း မိန်းကလေးတစ်ဦးက သီလရှင်အသင်းဂိုဏ်းကို ဝင်လိုလျှင် ဘေးပတ်ဝန်း ကျင်ရှိလူတွေက အားမပေးကြကြောင်း ” ဖြင့် ညဉ်းတွား ပြောဆိုပါသည်။

ဆက်လက်ပြီး သီလရှင်ယူက “ ကျွန်မတို့ သီလရှင်ကြားထဲမှာ ဗာတီကန်လက်အောက်ရှိ သီလရှင်အသင်းဂိုဏ်းနှင့် တရုတ်အစိုးရကအသိအမှတ် ပြုထားသော သီလရှင်များအကြားတွင် အငြင်းအခုန်များခဏခဏရှိနေခြင်းကြောင့် သာသနာပြုလုပ်ငန်း၏ အကျိုးထိရောက်မှုကို အားနည်းစေသည့်အပြင် လိုင်စင်မရှိလျှင် ကျွန်မတို့သည် တရားဝင်ဘာမျှလုပ်ဆောင်ခွင့်မရှိကြောင်း၊ ထို့ကြောင့် ကျွန်မတို့သည် ဘာသာရေး လွတ်လပ်ခွင့်ကိုသာ ရရှိလာရန် ဆုတောင်းနေကြပါကြောင်း၊ ထိုကဲ့သို့ရရှိလာမှသာလျှင် သန့်ရှင်းမြင့်မြတ်ခြင်း၏   အလင်း   ရောင်ကို ယနေ့ခေတ် လောကီဆန်ခြင်း နှင့် ပစ္စည်းဝါဒများ အကြားတွင် ထွန်းညှိနိုင်မည်ဖြစ်ကြောင်း ” ဟု ပြောဆိုပါသည်။

ကက်သလစ်ဘုန်းတော်ကြီး ပေါလ်ဟန်က “ သီလရှင်များတွင် ကောင်းမွန်သော သင်တန်း နှင့်ပျိုးထောင်ပေးခြင်းများ ကင်းမဲ့လာပြီဖြစ်      သောကြောင့် တရုတ်အစိုးရက နှိမ်နှင်းလာလျှင် လွယ်လွယ်ကူကူ ပျောက်ဆုံးနိုင်ကြောင်း၊ ဒီပြဿ      နာကို တချို့ဆရာတော်တွေနဲ့          သူတော်စင် အသင်းဂိုဏ်းများသည် စတင်ရင်ဆိုင်နေရပြီဖြစ်ကြောင်း ” ဖြင့်ပြောဆိုပါသည်။

တရုတ်နိုင်ငံတွင် တရားဝင်မဟုတ်သော ကိန်းကဏန်းများအရ ကက်သလစ်ခရစ်ယာန် ဘာသာဝင်ပေါင်း သိန်းတစ်ရာ့လေးဆယ်၊         ဆရာတော်ပိုင် သာသနာပေါင်း (၁၀၀) ဝန်းကျင်နှင့် ဆရာတော်ပေါင်း (၁၀၄) ပါး၊ ၎င်း (၁၀၄) ပါးထဲတွင် (၃၅) ပါးကိုမူ တရုတ်အစိုးရက ဆရာတော် အဖြစ် အသိအမှတ်မပြုကြောင်း၊ ကက်သလစ် ရဟန်းပေါင်း (၄၀၀၀) နှင့် ရဟန်းဖြစ်သင် ကျောင်းသားပေါင်း (၈၀၀) ကျော် ရှိသည်ဟု သတင်းရရှိ ထားပါသည်။

တရုတ်နိုင်ငံသည် အမျိုးသား သူတော်စင်များကိုမူ ပိတ်ပင်ထားရှိပြီး သိက္ခာရ အမျိုးသမီး များကိုမူ ခွင့်ပြုထားရာ လက်ရှိသိက္ခာရ အမျိုးသမီးဦးရေမှာ (၅၀၀၀) ကျော်ရှိနေပြီး ၎င်းကိန်းဂဏန်းသည် တရုတ်အစိုးရ၏ ကွန်မြူနစ် တော်လှန်ရေး    မစတင်မီ ၁၉၄၉ ခုနှစ်တုန်းက ကိန်း  ဂဏန်းနှင့် ညီမျှသည်ဟုသိရသည်။ တရုတ်နိုင်ငံတွင် သီလရှင်များက ဖွင့်လှစ်သော ဆေးခန်းပေါင်း (၁၂၀)၊ ဘိုးဘွား ရိပ်သာပေါင်း (၃၀)၊ မူကြိုပေါင်း (၂၀)၊ မိဘမဲ့ ဂေဟာပေါင်း (၆)၊ မိသားစုစောင့်ရှောက်ရေးဌာနပေါင်း (၁၄) ခုနှင့် အေအိုင်ဒီအက်စ်၊ အနူသည်ရောဂါနှင့် မူး    ယစ်ဆေးဝါး ဆွဲသူများကို ပြန်လည်ထူထောင်သော ဌာနများလည်းရှိသည်ဟု ကက်သလစ် သာသနာတော်၏ သတင်းအရင်းအမြစ်မှ   သတင်းရရှိထားသည်။        ဝင်းလှိုင်ဦး

1574  Views
Previous: ရဟန်းမင်းကြီး ဖရန်စစ်၏ ဦးနှောက်ကင်ဆာဝေဒနာခံစားနေရဟူသော သတင်းကို ဗာတီကန်နိုင်ငံက ပယ်ချ
Next: ဘူဂီနာဖာဆိုနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဗာတီကန်သံရုံးတွင် ဝင်ရောက်ခိုလှုံ