ဘူဂီနာဖာဆိုနိုင်ငံမှ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ဗာတီကန်သံရုံးတွင် ဝင်ရောက်ခိုလှုံ

bkn

 

ဘူဂီနာဖာဆိုနိုင်ငံမှ အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်သော ဗိုလ်ချုပ်ကြီး ဂေးဘဲလ်တ် ဒီန်းဒေးရယ်သည် မိမိ၏ အာဏာသိမ်းခြင်းကို စစ်တပ်အများစုက လက်မခံခြင်းကြောင့် ၎င်းနိုင်ငံရှိ ဗာတီကန်သံရုံးသို့ စက်တင်ဘာ (၃၀) ရက်နေ့က ဝင်ရောက် ခိုလှုံလိုက်သည်ဟု      သတင်းရရှိသည်။ ၎င်းသတင်းကို ဗာတီကန်သံရုံးမှ တာဝန်ရှိသော အမည်မဖော်လိုသူ ရဟန်းတစ်ပါးက မီဒီယာသို့ ပြောကြားလိုက်     ခြင်းဖြစ်သည်။

သို့သော် ၎င်း၏ ဗာတီကန်သံရုံးတွင် ဝင်ရောက်ခိုလှုံခြင်း သတင်းကို ဗာတီကန်သံရုံးက တစ်စုံတစ်ရာ အတည်ပြု ခြင်းနှင့် ငြင်းဆိုခြင်း     မပြုပေ။ ဗိုလ်ချုပ်ကြီး ဂေးဘဲလ်တ် ဒီန်းဒေးရယ်သည် သမ္မ၏ အထူးလုံခြုံရေးတပ်ဖွဲ့မှ ခေါင်းဆောင်ဖြစ်သည်။ သို့သော် မိမိ၏ ကျေးဇူးရှင် သမ္မကို ပြည်သူလူထုက ဖြုတ်ချပြီးနောက် ဘူဂီနာဖာဆို နိုင်ငံ၏ အသွင်ကူးပြောင်းရေး အစိုးရ (ကြားဖြတ်အစိုးရ) က ၎င်းသမ္မတ၏       အထူးလုံခြုံရေးတပ်ဖွဲကို သာမန်စစ်တပ်အဖွဲ့သို့ ပြန်လည် ပေါင်းစည်းစေရာ မကျေမနပ် ဖြစ်လာခဲ့သည်။ ထိုကဲ့သို့သော မကျေနပ်ချက်      ကြောင့် ဗိုလ်ချုပ်ကြီးသည် ဘူဂီနာဖာဆိုနိုင်ငံ၏ အသွင်ကူးပြောင်းရေးအစိုးရ (ကြားဖြတ်အစိုးရ) ၏ ဝန်ကြီးများ အစည်းအဝေးတွင် ကြား   ဖြတ်သမ္မတနှင့် ဝန်ကြီးများအားလုံးကို ဖမ်းဆီးလိုက် ပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

ထိုကဲ့သို့အာဏာသိမ်းခြင်းကို ဘူဂီနာဖာဆိုနိုင်ငံ စစ်တပ်ကလက်မခံဘဲ ပြန်လည် တိုက်ခိုက်ရာမှ သူသည် မိမိဖမ်းဆီးထားသော သမ္မတအီဇက်နှင့် ဝန်ကြီးများအားလုံးကို ပြန်လည်ခန့်အပ်   လွှတ်ပေးလိုက်ပြီးနောက် ဗာတီကန်   သံရုံးသို့ စက်တင်ဘာ (၃၀) ရက်နေ့က ဝင်    ရောက်ခို လှုံလိုက်ခြင်းဖြစ်သည်။ ဗိုလ်ချုပ်ကြီး ဂေးဘဲလ်တ် ဒီန်းဒေးရယ်က “ ကျွန်တော့်အနေနဲ့ မိမိကိုယ်ကို အစိုးရ လက်ထဲကိုအဖမ်းခံ    ပြီး တရားရင်ဆိုင်ပါ့မယ်။ ပြည်သူတွေအနေနဲ့လည်း တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ပဋိပက္ခကို ဖြေရှင်းကြဖို့       တိုက်တွန်းလိုပါတယ် ” ဟု ကြေညာခဲ့သည်။

ဘူဂီနာဖာဆိုနိုင်ငံသည် ၁၉၆၀ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ လွတ်လပ်ရေးကိုရရှိခဲ့ပြီး အာဖရိကနိုင်ငံများတွင် အဆင်းရဲဆုံးနိုင်ငံဖြစ်နေ  သည်။   ကုန်ဇမှုန်း

1601  Views
Previous: တရုတ်အစိုးရနှိပ်စက်မှုကြောင့် တရုတ်နိုင်ငံတွင် ကျဆင်းနေသောသီလရှင်များ၏ ခေါ်တော်မူခြင်း
Next: Christmas Message from CARDINAL CHARLES MAUNG BO – YANGON MYANMAR