ညစာကို စမတ်ဖုန်းနှင့်မဟုတ်ဘဲ မိသားစုဝင်များနှင့်အတူတကွမြိန်မြိန်သုံးဆောင်ကြရန် မိသားစုများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ

001-c

ဗာတီကန်၊ နိုဝင်ဘာလ ၁၁၊ ၂၀၁၅၊

ရဟန်းမင်းကြီးဖရန်စစ်က ညစာစားချိန်တွင် စမတ်ဖုန်း (လက်ကိုင်ဖုန်း) နှင့်မဟုတ်ဘဲ မိသားစုဝင်များနှင့် စကားစမြည်ပြောရင်း ညစာကို သုံးဆောင်ကြရန် မိသားစုဝင်များအား နိုဝင်ဘာလ ၁၁ ရက်နေ့က တိုက်တွန်းတော်မူလိုက်သည်။ အရှင်သူမြတ်က ညစာအတူ တူစားခြင်းသည် မိသားစု၏နှောင်ကြိုးကို ခိုင်မာစေသည့်အပြင် အတူတကွဖြစ်ခြင်းအသိစိတ်ဓါတ်ကိုလည်း ပေါက်ဖွားစေ သော်လည်း ယနေ့ခေတ်ပေါ်နည်းပညာအပေါ် အလွန်အကျူးစွဲလန်းခြင်းက မိသားစုဝင်များအား ညစာအတူတကွ စားသုံးခြင်းကို ဖျက်ဆီးပေးနေသည်ဟု မီးမောင်းထိုးပြလိုက်သည်။

အရှင်သူမြတ်က ““အတူတကွ တစ်ခါမှ ညစာမစားဖူးတဲ့မိသားစု၊ ညစာထမင်းစားပွဲတွင် စကားမပြောဖူးသောမိသားစု၊ ရုပ်မြင်သံကြားနှင့်စမတ်လက်ကိုင်ဖုန်းကိုသာ ကြည့်နေသော မိသားစုသည် ခက်ခဲသော မိသားစု ဖြစ်ကြောင်း၊ ကလေးငယ်များက ကွန်ပြုတာ၊ တယ်လီဖုန်းများကို စွဲလမ်းနေပြီး အချင်းချင်းနားထောင်စကားပြောခြင်း မရှိသော မိသားစုသည် မိသားစုမဟုတ်တော့ ဘဲ၊ အငြိမ်းစားယူကြသူများ ဖြစ်ကြတော့သည်”” ဟု သတိပေးတော်မူသည်။

ရဟန်းမင်းကြီးက ““မိသားစုထဲတွင် ငယ်ရွယ်စဉ်ကပင် အတူတကွဖြစ်ခြင်းကို သင်ယူခဲ့ရကြောင်း၊ ၎င်းသင်ယူခြင်းသည် လူ့ဘဝ၏ ကောင်းကြီးတော်များ၊ ပျော်ရွှင်ခြင်းနှင့် တခြားသူများကို မျှဝေသင့်သော လှပသည့်ပါရမီများ ဖြစ်ကြောင်း၊ အခိုင်မာဆုံးသော အတူတကွဖြစ်ခြင်း၏ အခိုင်မာဆုံးသော အမှတ်အသားသည် မိသားစုဝင်များ၏ ထမင်းစားချိန်တွင် ထမင်းဝိုင်းကို ဝိုင်းပြီးစားသုံး ချိန်သာ ဖြစ်သည်”” သွန်သင်ပေးတော်မူသည်။

ရဟန်းမင်းကြီးက ““စားပွဲတစ်ဝိုင်းထဲတွင် ညစာကိုအတူတကွစားသုံးပြီး ထမင်းဟင်းများကို အချင်းချင်းဝေမျှထည့်ပေးခြင်းနှင့် တစ်ရက်သာ အတွေ့အကြုံများကို မျှဝေခြင်းသည် စည်းလုံးခြင်းနှင့်အတူတကွဖြစ်ခြင်းတို့၏ အခြေခံပုံရိပ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျွန်ုပ်တို့သည် အစားအစာကိုသာ မျှဝေရုံမက၊ တစ်ရက်သာ၏ဝမ်းသာစရာများ၊ ဝမ်းနည်းစရာများ၊ ချစ်ခင်စရာများကိုလည်း ထမင်းဝိုင်းထဲတွင် မျှဝေပြောပြကြရမည်”” ဟု ဆော်သြတော်မူသည်။

ဆက်လက်ပြီး ရဟန်းမင်းကြီးက၊ အတူတကွဖြစ်နေခြင်းသည် မိသားစုဝင်များ၏ဆက်ဆံရေးနှင့်ပတ်သက်သော အရည်အသွေးကို ပြ သပေးသော တာမိုမီတာဖြစ်ကြောင်း၊ ထို့ကြောင့် မိသားစုတွင် တစ်ခုခုမှားနေလျှင်၊ ပြဿာနာတစ်ခုခုကိုဖုံးကွယ်လျှင်၊ ထမင်းစား ဝိုင်းထဲတွင် ချက်ချင်းတွေ့မြင်သိမြင်နိုင်ကြောင်း၊ ခရစ်ယာန်ဘာသာဝင်များသည် အတူတကွဖြစ်ခြင်းပါရမီကို ကျင့်ကြံကြရန် အထူးခေါ်တော်မူခြင်းကို ခံကြရသူများ ဖြစ်ကြကြောင်း၊ ခရစ်တော်ဘုရားသည် မိမိ၏တပည့်တော်များနှင့်ညစာကို သုံးဆောင် တော်မူခဲ့သကဲ့သို့ ခမည်းတော် ဘုရား၏ကောင်းကင်နိုင်ငံတော်ကိုလည်း ပျှော်ရွှင်ဖွယ်ကောင်းသောညစာစားပွဲတော်အဖြစ် ခရစ် တော်ဘုရားက တင်စားခဲ့တော် မူကြောင်းဖြင့် သွန်သင်ပေးတော်မူသည်။

ရဟန်းမင်းကြီးက၊ ““ညစာသုံးဆောင်ခြင်းကို သေချာလေ့လာလျှင် ခရစ်တော်ယေဇူးဘုရားသခင်သည် ညစာစားပွဲတော်ကို ကျင်းပပြီး အရှင်မြတ်၏ တပည့်တော်များကို ဝိညာဉ်ခွန်အား ပေးခဲ့သည့်အပြင် ကိုယ်တော်မြတ်စက်္ကရမင်းတူးကိုလည်း ထူထောင်ပေးခဲ့သည် ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် ခရစ်တော်ဘုရားသည် ကိုယ်တော်မြတ်မုန့်တော်ကို အစားအစာအဖြစ် မိမိတို့အား ပေးတော်မူရာ မိသားစုများနှင့် မစ်္ဆားတရားမြတ်တို့သည် နီးကပ်သောဆက်ဆံမှု ရှိနေသည်”” ဟု မီးမောင်းထိုးပြတော်မူသည်။

ဆက်လက်ပြီး သူက၊ ကိုယ်တော်မြတ်ကိုစက်္ကရမင်းတူးကို ကျင်းပခြင်းသည် မိသားစုများက မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံများ မှ နှုတ်ယူပြီး ဘောင်မဲ့သော ညီအစ်ကိုမောင်နှမဖြစ်ခြင်းနှင့် တကမ်္ဘာလုံးဆိုင်ရာအတူတကွဖြစ်ခြင်း ကျေးဇူးတော်သို့ ဖွင့် ဟခြင်း ဖြစ်ကြောင်း၊ မိသားစုထဲတွင် အတူတကွဖြစ်ခြင်းအတွေ့အကြုံနှင့်အသင်းတော်ထဲတွင် အတူတကွဖြစ်ခြင်းအတွေ့အကြုံတို့ သည် အဖဘုရားသခင်၏ တကမ်္ဘာလုံးဆိုင်ရာချစ်ခြင်းသင်္ကေတအဖြစ် လူသားတိုင်းကို ဝေမျှရန် အနက်သက်ရောက်သည်ကြောင်း၊ ထို့ကြောင့်၊ ကိုယ်တော်မြတ်စက်္ကရမင်းတူးသည် လူတိုင်းပါဝင်ခြင်းစာသင်ကျောင်းတစ်ခုဖြစ်လာပြီး ၎င်းစာသင်ကျောင်းတွင် ကျွန်ုပ်တို့သည် တခြားသူများ၏ လိုအပ်ချက်များကို ဂရုစိုက်လာကြသည်ဟု သွန်သင်တော်မူသည်။

နောက်ဆုံးအနေဖြင့် ရဟန်းမင်းကြီးက၊ ယနေ့ခေတ်တွင် အတူတကွဖြစ်ခြင်းကို သက်သေထူသော မိသားစုများအတူတကွ ထမင်းစားခြင်းသည် ပျောက်ကွယ်နေကြောင်း၊ တချို့နေရာတွင်မူ စားစရာများသည် ပိုလျှံပြီး လွှင့်ပစ်နေကြချိန်တွင် များစွာသော လူသားများသည် စားစရာမရှိငတ်မွတ်ပြီး သေဆုံးနေကြရသည်ဟု ဝမ်းနည်းစွာဖြင့် မီးမောင်းထိုးပြတော်မူသည်။ ၀၂ ကုန်ဇမှုန်း

1364  Views
Previous: ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်နေခြင်းအား မမောမပန်း ဆက်လက်လုပ်ဆောင်ကြရန် ဆန့်ကျင်တက်ကြွသူများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ
Next: ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ်ချားလ်စ်ဘိုအား ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် တကမ်္ဘာလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံ၏ မိမိ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်