ရဟန်းမင်းကြီးဖရန်စစ်က ကာဒီနယ်ချားလ်စ်ဘိုအား ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် တကမ်္ဘာလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံ၏ မိမိ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်

11205056_1084893851522218_5469977584296555341_n

ရဟန်းမင်းကြီးဖရန်စစ်က ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ဖိလစ်ပိုင်နိုင်ငံတွင်ကျင်းပမည့် တကမ်္ဘာလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံ အတွက် မြန်မာနိုင်ငံကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘိုအား မိမိ၏အထူးကိုယ်စားလှယ်အဖြစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် ခန့်အပ်လိုက်သည်ဟု သတင်းရရှိပါသည်။

၎င်းကြေညာချက်ကို ဗာတီကန်နိုင်ငံ၏တရားဝင်အင်တနက်စာမျက်နှာထဲတွင် လွှင့်တင်ထားရှိသည်။ ထိုကဲ့သို့ ရဟန်းမင်းကြီး ဖရန်စစ်က မြန်မာနိုင်ငံကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘိုအား မိမိ၏အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းသည် ၎င်းပွဲတော်သို့ ရဟန်းမင်းကြီး ကြွရောက်ပါဝင်နိုင်မည်မဟုတ်ကြောင်းကို ကြိုတင်အသိပေးခြင်းလည်း ဖြစ်ပေသည်။

၂၀၁၆ ခုနှစ်၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် တကမ်္ဘာလုံးဆိုင်ရာ ကိုယ်တော်မြတ်ညီလာခံသည် (၅၁) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး ၎င်းပွဲတော်ကို ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ဇန်နဝါရီလ ၂၄ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျင်းပမည် ဖြစ်သည်။ ၀၄ ဂျိုးဇက်

1732  Views
Previous: ညစာကို စမတ်ဖုန်းနှင့်မဟုတ်ဘဲ မိသားစုဝင်များနှင့်အတူတကွမြိန်မြိန်သုံးဆောင်ကြရန် မိသားစုများအား ရဟန်းမင်းကြီးဖရန်စစ်က တိုက်တွန်းတော်မူ
Next: ဗီယက်နမ်နိုင်ငံတွင် ပြဌာန်းမည့် ဘာသာရေးဆိုင်ရာဥပဒေကြမ်းအပေါ် ဗာတီကန်နိုင်ငံက ဗီယက်နမ်အစိုးရနှင့် ဆွေးနွေးနေ