ဇနီးမောင်နှံစုံတွဲကို ပထမဆုံးအကြိမ်အဖြစ် ရဟန်းမင်းကြီးဖရန်စစ်က ရဟန်္တာအဖြစ် တင်မြှောက်

Louis_and_Zelie_Martin_CNA

ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ပြင်သစ်နိုင်ငံ၊ လီဆီအူးမြို့မှ ရဟန်္တာမထရေဇား၏မိဘနှစ်ပါးစလုံးကို ပထမဆုံး လင်မယားရဟန်္တာ အဖြစ် အောက်တိုဘာလ ၁၈ ရက်နေ့က ရောမမြို့တွင် တင်မြှောက်တော်မူလိုက်ပြီ ဖြစ်သည်။ ရဟန်းမင်းကြီးက ၎င်းရဟန်္တာများကို အာဏာကိုဆာလောင်ငတ်မွတ်ခြင်းနေရာတွင် ပျော်ရွှင်စရာကောင်းပြီး နှိမ့်ချသော အစေခံခြင်းကို အစားထိုးကြ ရန် ဆော်သြတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ခရစ်တော်ယေဇူးဘုရားရှင်၏ နောက်လိုက်များ၊ အထူးသဖြင့် ဆရာတော်ရဟန်းတော်များသည် ခရစ်တော်ဘုရား ပြီးလျှင် ၎င်းရဟန်္တာများကို အတုယူကြရမည်ဖြစ်ကြောင်း၊ တခြားသူများအပေါ် သြဇာစိုးမိုးလိုသော ပင်ကိုယ်ဗီဇကို ချုပ်တည်းပြီး နှိမ့်ချခြင်း ပါရမီကို ကျင့်ကြံကြရမည် ဖြစ်ကြောင်းဖြင့် ဘုရားဖူးဘာသာဝင်များအား ဟောကြားတော်မူသည်။

၎င်းလင်မယားနှစ်ဦး၏အမည်မှာ လူးဝီစ်မာတင် (၁၈၂၃-၁၈၉၄) နှင့် မာရီယာ ဇေလီ ဂူရင်မာတင် (၁၈၃၁-၁၈၇၇) တို့ဖြစ်ကြ ပြီး သူတို့တွင် သားသမီး (၉) ဦးထွန်းကားခဲ့သည့်အနက် (၄)ဦးသည် ကလေးဘဝတွင်ပင် သေဆုံးခဲ့ကြပြီး (၅) ဦးတို့ကမူ သူတော်စင်ဘ၀ သို့ ဝင်ရောက်ပြီး ကက်သလစ်သီလရှင်များ ဖြစ်ခဲ့ကြသည်။ ၎င်းတို့နှစ်ဦး၏ အိမ်ထောင်သက်တမ်း (၁၉) နှစ်တွင်မူ သူတို့နှစ်ဦး သည် နေ့စဉ်ဘုရား ကျောင်းတက်ဆုတောင်းခြင်း၊ ဆုတောင်းခြင်းနှင့်ဝါရှောင်ခြင်း၊ အသက်ကြီးရွယ်အိုများနှင့်ဖျားနာ သူများကို လည်ပတ်ခြင်း၊ ဆင်းရဲသားများကို မိမိတို့အိမ်သို့ လက်ခံကြိုဆိုခဲ့ကြသည်ဟု သိရှိရသည်။

ရဟန်းမင်းကြီးသည် ၎င်းတို့အား ရဟန်္တာတင်မြှောက်ပွဲကို ဗာတီကန်မြို့ရှိ စိန်ပီတာရင်ပြင်တွင် ပြုလုပ်ကြရာတွင် ဘုရားဖူး သူတော်စင်ပေါင်း (၆၅၀၀၀) ကျော် တက်ရောက်ပြီး ဘုရားဝတ်ပြုခဲ့ကြသည့်အပြင် ကာဒီနယ်နှင့်ဆရာတော်အပါးပေါင်း (၃၀၀) ကျော်လည်း တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ရဟန်းမင်းကြီးက ““၎င်းရဟန်္တာများတင်မြှောက်ခြင်းပွဲနေ့တွင် တရားချွေရာတွင် ၎င်းတို့သည် ခမည်းတော်ဘုရားထံတော်တွင် လုံးလုံးလျားလျားပုံအပ်ထားသော ပျော်ရွှင်တတ်သောအစေခံများ ဖြစ်ကြသည့်အပြင် ထိုကဲ့သို့သော ဘဝသည် ခရစ်တော်ယေဇူး ဘုရားကိုယ်တော်တိုင်၏ ဘဝအသက်တာနှင့် စိတ်သဘောထား ဖြစ်ခဲ့ပြီး ၎င်းအစေခံမှုက ကျွန်ုပ်တို့ လူသားများ၏ကယ်တင်ခြင်း ကို ဖြစ်ပေါ်စေခဲ့သည့်အပြင် လူသားများ၏ဘုရားသခင်နှင့်ပြန်လည်ကျေအေးခြင်းကိုလည်း ရရှိစေသောအကြောင်းရင်း ဖြစ်သည်”” ဟု ရဟန်းမင်းကြီးက မီးမောင်းထိုးပြတော်မူသည်။

ကက်သလစ်သာသနာတော်တွင် ထိုကဲ့သို့သော ဇနီးမောင်နှံများကို ရဟန်္တာအဖြစ်တင်မြှောက်ရာတွင် တန်ခိုးလက်္ခဏာ နှစ်ခုလို အပ် ပေသည်။ ဇနီးမောင်နှံတို့နှစ်ဦး၏ ပထမဆုံးသောတန်ခိုးကမူ၊ ၂၀၀၈ ခုနှစ်တွင် စပိန်နိုင်ငံမှ မိခင်တစ်ဦးသည် ကိုယ်ဝန် (၆) လအချိန်တွင် သမီးငယ် တစ်ဦးကို နေ့မစေ့လမစေ့ဘဲ မွေးဖွားရာ ၎င်းကလေးငယ်သည် တခြားသောရောဂါများကြောင့် အသက် လုနေရသည်။ သို့သော် တစ်ရက်တွင် ကာမလိုက်သီလရှင်များနှင့်မိခင်၏မိတ်ဆွေများက ၎င်းကလေးငယ်မအတွက် ဘုရားသခင်၏ အကူအညီများကို ရရှိရန် ၎င်းဇနီးမောင်နှံထံသို့ နေ့စဉ်ဆုတောင်းကြရာ ကလေးငယ်သည် ရောဂါပျောက်ဆုံးပြီး ကျန်းမာလာသည် ကို တွေ့ရှိကြရသည် ၎င်းအမျိုးသမီးငယ်လေးသည် လက်ရှိအချိန်တွင် အသက် (၇) နှစ် ရှိနေပြီ ဖြစ်သည်။

ဆက်လက်ပြီး အရှင်သူမြတ်က ““ယေဇူးဘုရားမြတ်သည် အစေခံခြင်းနှင့်ချစ်ခြင်းမေတ်္တာလမ်းစဉ်ပေါ်တွင် မိမိနောက်ကိုလိုက်ရန် ကျွန်တော်တို့တစ်ဦးစီကို ဖိတ်ခေါ်ထားပါကြောင်း၊ ထို့ကြောင့် တခြားသူများကို အမိန့်ပေးခြင်းနှင့် ပထမနေရာကို ရလိုသော လောကီ အတွေးအခေါ်ကို စွန့်လွှတ်ကြရန် လိုအပ်ကြောင်း၊ အသင်းတော်နှင့် ခရစ်ယာန်အဖွဲ့အစည်းထဲတွင် စစ်မှန်သောအာဏာ ကို ကျင့်သုံးသူများသည် ဂုဏ်ပကာဓနကို မရှာဘဲ တခြားသူများကို အစေခံသူများသာ ဖြစ်ကြောင်း၊ ထို့ကြောင့် အာဏာကိုမက် မောသူများ သည် လူသူမသိသောအစေခံခြင်း၏ပျော်ရွှင်ခြင်းဖြင့် အစားထိုးကြရန် ခရစ်တော်ဘုရားက လူသားများကို ဖိတ်ခေါ် နေသည်”” ဟု ဆော်သြတော်မူလိုက်သည်။

ဦးလူးဝီစ်မာတင်နှင့် ဒေါ်မာရီယာ ဇေလီ ဂူရင်မာတင်တို့၏ သမီးဖြစ်သော ထရေဇားသည် ကာမလိုက်သီလရှင်အသင်းဂိုဏ်းဝင် သူတော်စင်တစ်ပါး ဖြစ်တော်မူပြီး ၁၉၂၅ ခုနှစ်တွင် ရဟန်္တာအဖြစ် တင်မြှောက်ခြင်း ခံရတော်မူရာမှ ၁၉၉၇ ခုနှစ်တွင်မူ ကက်သလစ်သာသနာတော်၏ သုခမိန်ဘွဲ့ကို ချီးမြှင့်ခြင်း ခံရတော်မူသည်။

ရဟန်းမင်းကြီးက ““ရည်မှန်းချက်နှင့်အသက်မွေးဝမ်းကျောင်းတို့သည် ခရစ်ယာန်ဘဝ၏ တပည့်အသက်တာနှင့် နှိုင်းယှဉ်မရသကဲ့သို့ ရိုးသားခြင်း၊ အောင်မြင်ခြင်း၊ ကျော်ကြားခြင်းနှင့်လောကီဆန်သော အောင်မြင်မှုတို့သည် ကားစင်တင်ခံရသော ခရစ်တော်ဘုရား၏ အတွေးအခေါ်နှင့်လည်း နှိုင်းယှဉ်မရနိုင်”” ဟု မီးမောင်းထိုးပြတော်မူသည်။

ရဟန်းမင်းကြီးက ယခုကဲ့သို့ ဇနီးမောင်နှံနှစ်ဦးတို့ကို ရဟန်္တာများအဖြစ် တင်မြှောက်ခြင်းသည် မိသားစုများ၏ အရေးပါးမှုကို မြင့်တင်ပေး လိုခြင်းနှင့် မိဘများက သားသမီးများအတွက် စံပြပုဂ်္ဂိုလ်များ ဖြစ်ရန်လိုအပ်ခြင်းနှင့် သားသမီးများကို မိဘများက သွန်သင်ရန် လိုအပ်နေခြင်းတို့ကို မီးမောင်းထိုးပြလိုခြင်းလည်း ဖြစ်ပေသည်။ ၀၀8 ဝင်းလှိုင်ဦး

1486  Views
Previous: တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြပြီဖြစ်သော တရုတ်နိုင်ငံကွန်မြူနစ်အစိုးရနှင့် ဗာတီကန်နိုင်ငံ
Next: ဗာတီကန်က ရဟန်းမင်းကြီးရုံး၏စာရွက်စာတမ်း ခိုးယူသူနှစ်ဦးကို ဖမ်းဆီးအရေးယူ