သီပေါမြို့သို့ ဆလေးရှင်းရဟန်းတော်များ ရောက်ရှိခြင်း ငွေစင်ဂျုဗလီကျင်းပ

1

မြန်မာနိုင်ငံရှိ ကက်သလစ်ရဟန်းအသင်းဂိုဏ်းမှ ဆလေးရှင်းရဟန်းအသင်းဂိုဏ်းသည် သီပေါမြို့တွင် ကျောင်းထိုင်သာသနာပြုခြင်း နှင့် ဖွင့်လှစ်ထားသော ဒွန်ဘောစကိုရဟန်းဖြစ်သင်ကျောင်း၏ ငွေစင်ဂျုဗလီကို အောက်တိုဘာလ ၁၇ ရက်နေ့က အောင်မြင်စွာ ပူးတွဲကျင်းပပြီးစီးနိုင်ခဲ့သည်ဟု သတင်းရရှိသည်။

၎င်းပွဲတော်ကို အောက်တိုဘာလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ ကျင်းပရာ ၎င်းပွဲတော်သို့ လားရှိုးကက်သလစ်ဆရာတော်ကြီး ဖိလစ်ဇာဟောင်း၊ မြန်မာနိုင်ငံဆလေးရှင်းအသင်းဂိုဏ်းအုပ်ဘုန်းတော်ကြီး ချားလ်စ် စောနှင့် ရဟန်းပေါင်း (၂၅) ပါးအပါအဝင် ဓမမိတ်ဆွေများလည်း တက်ရောက်ပြီး ဆုတောင်းကြသည်ဟု သတင်းရရှိသည်။

၎င်းဂျူဗလီပွဲတော်တွင် လားရှိုးကက်သလစ်ဆရာတော်ကြီး ဖိလစ်ဇာဟောင်းက ရဟန်းများအား ယုံကြည်ခြင်းတွင် စည်းလုံးကြ ရန်နှင့် ဘာသာဝင်များအား ယုံကြည်ခြင်းကို အသက်သွင်းကြရန် တိုက်တွန်းတော်မူသည်ဟု သတင်းရရှိသည်။

ဆလေးရှင်းရဟန်းအသင်းဂိုဏ်းသည် သီပေါမြို့တွင် ကျောင်းထိုင်သာသနာပြုခြင်း နှင့် ဒွန်ဘောစကိုရဟန်းဖြစ်သင်ကျောင်းတို့ ကို ထိုအချိန်က လားရှိုးဆရာတော်အဖြစ် တာဝန်ထမ်းဆောင်တော်မူခဲ့သော ဆလေးရှင်းရဟန်းအသင်းဂိုဏ်းမှ လက်ရှိရန်ကုန်ကက် သလစ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုလက်ထက်၊ ၁၉၉၀ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

၎င်းကျောင်းနှစ်ခုနှင့်စပ်လျဉ်းပြီး ဆလေးရှင်းဘုန်းတော်ကြီး လီအိုမန်းက ““အခုလို ၂၅ နှစ်အထိ ရောက်ရှိနိုင်ခဲ့တဲ့အတွက် ဘုရား သခင်ကို ကျေးဇူးတင်ကြပါတယ်။ ဒီ ၂၅ နှစ်ဆိုတာက လူတစ်ယောက်ရဲ့ဘဝသက်တမ်း တစ်ဝက်ကို ချိုးခွင့်ရတာမို့ မမေ့နိုင်သော အချိန်ကာလ ဖြစ်ပါတယ်” ဟု မိမိ၏ရင်တွင်းဖြစ်စကားကို မိန့်ကြားပေးတော်မူသည်။

ဆက်လက်ပြီး ဘုန်းတော်ကြီးမန်က၊ ဆလေးရှင်းသာသနာပြုများနှင့် မိတ်ဆွေများသည် အခက်အခဲတွေကြားထဲက ခိုင်မာသော ယုံကြည်ချက်ဖြင့် အတူတကွ ရပ်တည်နိုင်ခဲ့ကြပါတယ်။ သီပေါမြို့ရှိ ဆလေးရှင်းရဟန်းဖြစ်သင်ကျောင်းဟာ မြန်မာနိုင်ငံတစ်ဝှမ်း ရှိ ဆလေးရှင်းရဟန်းများ သာသနာပြုတဲ့နေရာက လူငယ်များ၏ ခေါ်တော်မူခြင်းကို ပျိုးထောင်ပေးနေသောနေရာ ဖြစ်ပြီး၊ ၎င်းရဟန်းဖြစ် သင်ကျောင်းကနေ ရဟန်းပေါင်း (၂၁) ပါးနှင့် ရာသက်ပန်ကိုရင် (၂) ပါးတို့ကို မွေးထုတ်ပေးနိုင်ခဲ့ကြောင်းဖြင့် ပြန်ပြောင်းသတိရြေ ပာဆိုတော်မူသည်။ ၀၁၂ ဂျိုးဇက်

1461  Views
Previous: ဗာတီကန်က ရဟန်းမင်းကြီးရုံး၏စာရွက်စာတမ်း ခိုးယူသူနှစ်ဦးကို ဖမ်းဆီးအရေးယူ
Next: ၂၀၁၅ ခုနှစ်၏ တနှစ်တာ အထင်ရှားဆုံးသော ပုဂ်္ဂိုလ်များ Persons of The Year 2015