၂၀၁၅ ခုနှစ်၏ တနှစ်တာ အထင်ရှားဆုံးသော ပုဂ်္ဂိုလ်များ Persons of The Year 2015

Print

ရန်ကုန်၊ ဇန်နဝါရီလ ၁၊ ၂၀၁၆

၂၀၁၅ ခုနှစ်သည် ၁၉၆၅ ခုနှစ်၌ စတင်ကျင်းပခဲ့ပြီး တကမ်္ဘာလုံးရှိ ကက်သလစ်သာသနာတော်ကို တံခါးဖွင့်ဆန်းသစ်စေခဲ့သော ဒုတိယဗာတီကန်ကောင်စီ အစည်းအဝေးကျင်းပခြင်း၏ နှစ် (၅၀) ပြည့် ရွှေစင်ဂျူဗလီနှစ် ဖြစ်ပေသည်။ ဒုတိယဗာတီကန်ကောင်စီမှ ချမှတ်လိုက်သော ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များကို အနှစ်ချုပ်တင်ပြရလျှင် ““ကက်သလစ်သာသနာတော်သည် သာသနာပြုသော အသင်းတော် ဖြစ်သည်”” ဟူသောအချက်ကို အထူးဆုံးဖြတ်ခဲ့ပြီး ““ဘာသာပတို့အား သာသနာပြုခြင်း”” ဟူသော စာချွန်တော်ကိုလည်း ထုတ်ပြန်တော်မူခဲ့လေသည်။

၎င်းဒုတိယဗာတီကန်ကောင်စီ၏ ဆုံးဖြတ်ချက်ကို စံထားလျက် မြန်မာနိုင်ငံကက်သလစ်သာသနာတော်ထဲတွင် ရှေ့တန်း၌ သာသ နာ ပြုခြင်းနှင့် သနားကြင်နာခြင်းဖြင့် အတိဒုက်္ခရောက်နေကြသော ဆင်းရဲသားများကို အထူးကူညီပေးကြသော အောက်ပါအဖွဲ့အစည်း (၄) ခုကို ဂလိုရီးယားသတင်းဂျာနယ်တိုက်က ““၂၀၁၅ ခုနှစ်၏ စံပြပုဂ်္ဂိုလ်များ Persons of The Year 2015”” အဖြစ် ကြေညာအပ်ပါ  သည်။

စိန်ပေါလ်သီလရှင်သာသနာပြုအသင်းဂိုဏ်းသည် ၁၉၉၀ ခုနှစ်တွင် ရဟန်းမင်းအမတ်ဆရာတော်ကြီးချားလ်စ်ဘိုက တည်ထောင် တော်မူ ခဲ့သော ပြည်တွင်းဖွားအသင်းဂိုဏ်းဖြစ်ပြီး ၎င်းအသင်းဂိုဏ်း၏လက်ရှိဌာနချုပ်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့တွင် တည်ရှိသည်။

စေတမန်သာသနာပြုအသင်းဂိုဏ်းသည် ၁၉၉၇ ခုနှစ်တွင် တောင်ကြီးကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီးမာတီးယားဦးရွှေက တည်ထောင်တော်မူခဲ့သော ပြည်တွင်းဖွားအသင်းဂိုဏ်းဖြစ်ပြီး ၎င်းအသင်းဂိုဏ်း၏လက်ရှိဌာနချုပ်သည် မိုးဗြဲရွာတွင် တည်ရှိသည်။

ဂရုဏာအသင်းဂိုဏ်းသည် ၁၈၃၂ ခုနှစ်တွင် အီတလီနိုင်ငံမှ အမျိုးသမီးဖြစ်သော ဘာတိုလိုမေအား ကာပီတာနီအိုက စတင်တည် ထောင်ခဲ့သည်။ ၁၉၁၄ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင် အီတလီသာသနာပြု၊ ပီးမေအသင်းဂိုဏ်းမှ ဘုန်းတော်ကြီး ပေါလို မာနာက ၎င်းအသင်းဂိုဏ်းကို မြန်မာနိုင်ငံအတွက် တောင်းဆိုပြီးနောက် ၎င်းအသင်းဂိုဏ်းမှ သီလရှင်များသည် ၁၉၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ကျိုင်းတုံဒေသို့ ရောက်ရှိလာပြီး သာသနာပြုလုပ်ငန်းကို အရေပြားရောဂါသည်များကို စတင်ကြည့်ရှုလာခဲ့သည်ဟု သတင်းရရှိပါသည်။

ဘုန်းတော်ကြီး ဂျွန်ဘောစ်ကိုသည် ဆလေးရှင်းအသင်းဂိုဏ်းသည် ၁၈၀၀ ခုနှစ်ဝန်းကျင်တွင် အီတလီနိုင်ငံ၌ စတင်တည်ထောင်ခဲ့ သည်ဟု အင်တနက်သတင်းအရ သိရှိရသည်။ မြန်မာပြည်ရှိဆလေးရှင်းရဟန်းတော်များသည် ရှမ်းပြည်နယ်၊ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေ သရှိ ကွန်မြူနစ်အုပ်စိုးသောနေရာတွင် ဘာသာပတို့အား ခရစ်တော်ဘုရား၏ သတင်းကောင်းကို ဟောပြောသက်သေခံ နေကြပါသည်။ အယ်ဒီတာချုပ

1999  Views
Previous: သီပေါမြို့သို့ ဆလေးရှင်းရဟန်းတော်များ ရောက်ရှိခြင်း ငွေစင်ဂျုဗလီကျင်းပ
Next: ဂလိုရီးယားသတင်းဂျာနယ်၏ ၂၀၁၅ ခုနှစ်အပေါ် အစီရင်ခံခြင်း