ဂလိုရီးယားသတင်းဂျာနယ်၏ ၂၀၁၅ ခုနှစ်အပေါ် အစီရင်ခံခြင်း

IMG_2994

၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ပေါက်ဖွားလာသော ဂလိုရီးယားသတင်းဂျာနယ်သည် ချစ်မိတ်ဆွေ လူကြီးမင်း တို့၏ ဝယ်ယူအားပေးဖတ်ရှုခြင်းကြောင့် (၃) နှစ်တိုင်တိုင် အောင်မြင်စွာ ရှင်သန်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ၎င်း (၃) နှစ်အတွင်း သစ်္စာရှိရှိ ဝယ်ယူအားပေးဖတ်ရှုခဲ့ကြသော ဂျာနယ်ဖတ်ပရိသတ်များအားလုံးကို ဂလိုရီးယားသတင်းဂျာနယ်တိုက်၏မိသားစုနှင့် ဝန်ထမ်းများအား လုံးက အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားလိုပါသည်။

၂၀၁၅ ခုနှစ်၏ ဂလိုရီးယားသတင်းဂျာနယ်သမိုင်းကို ပြန်လည်သုံးသပ်ရလျှင် ဤဂျာနယ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေး တံခါးဖွင့်ခါစနှင့်အတူ ထွက်ပေါ်လာသော ဂျာနယ်ဖြစ်လေရာ၊ ဂျာနယ်တိုက်၏ လုပ်ရည်ကိုင်ရည် အားနည်းချက်များကြောင့် အဆင်မပြေမှုများလည်း ကြုံခဲ့ရသလို ထိခိုက်ခံရသူအားလုံးကိုလည်း ထပ်လောင်းတောင်းပန်ပါသည်။

ကျွန်ုပ်အနေဖြင့် ဂလိုရီးယားသတင်းဂျာနယ်ကို ထုတ်လုပ်ဖြန့်ချီရာတွင် ဤဂျာနယ်ဈေးကွက်၏ ၉၉%သည် ကက်သလစ် ဘာသာဝင်များ ဖြစ်ကြရာ ဘာသာသူများထံသို့ ဂျာနယ်ရောက်ရှိရေးအတွက် လမ်းညွန်မှု၊ အားပေးမှု၊ ကူညီမှုများကို ပြုပေးကြပါ သော ဆရာတော်ကြီးများ၊ ရဟန်းရှင်လူအားလုံးကိုလည်း အထူးကျေးဇူးတင်ကြောင်း ဖော်ပြလိုပါသည်။ ထို့အပြင် ဂလိုရီးယား သတင်းဂျာနယ်ကို အခက်အခဲမျိုးစုံထဲမှ ဖတ်နိုင်အောင် နည်းလမ်းမျိုးစုံသုံးပြီး မှာယူဖတ်ရှုကြသော ဂလိုရီးယားသတင်းဂျာနယ် ပရိတ်သတ်များအားလုံးကို အထူးကျေးဇူးတင်လိုက်ပါသည်။

ဂလိုရီးယားသတင်းဂျာနယ်မိသားစု၏ နောက်ထပ်အားရစရာအဖြစ်အပျက်တစ်ခုကို တင်ပြရလျှင်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ပေါ်ရှိ ဂလိုရီးယားသတင်း ဂျာနယ်ပရိတ်သတ်တစ်ဦးက ““ကျွန်မက ဂလိုရီးယားသတင်းဂျာနယ်ပရိတ်သတ် ဖြစ်ပါတယ်။ ကျွန်မက နှစ်ခြင်း ခရစ်ယာန်ဘာသာဝင်တစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂျာနယ်ကို ကက်သလစ်ဘာသာဝင်တွေ ဖတ်တာတွေ့တာနဲ့ စဝယ်ဖတ်တာ အခုဆိုရင် ဒီဂျာနယ်ကို အရမ်းစွဲသွားပြီ။ ဒီဂျာနယ်မှာက ကက်သလစ်သာသနာတော်ရဲ့ သွန်သင်ချက်တွေကို အစုံအလင်သိရတယ်။ တခြား ဘာသာတွေကို ပုတ်ခတ်လည်း မတွေ့ရဘူး။ ကျွန်မတို့ဘဝအတွက် လိုအပ်တဲ့ပညာပေးတင်ဆက်မှု တွေက အရမ်းများတော့ အခုဆိုရင် ကျွန်မက ကက်သလစ်ခရစ်ယာန်သာသနာတော်ထဲကို ဘာသာကူးပြောင်းလိုက်ပါတယ်”” ဟူသော တယ်လီဖုန်းနှင့်စာဖြင့် ဆက်သွယ်လာမှုကိုလည်း ၂၀၁၅ ခုနှစ်အတွင်းတွင် တွေ့ကြုံရပါသည်။

ဂလိုရီးယားသတင်းဂျာနယ်၏ (၃) နှစ်ပြည့်အမှတ်တရနှင့် ပရိသတ်များအား ကျေးဇူးတုံ့ပြန်သောအားဖြင့် ဂလိုရီးယား သတင်းဂျာနယ် တိုက်သည် ပထမဆုံးအကြိမ် ကက်သလစ်သာသနာတော်၏ကိုယ်ကျင့်တရားဆိုင်ရာသွန်သင်ချက်နှင့် ဆိုင်သော ဟောပြောပွဲကို ရန်ကုန်မြို့တော်တွင် ပြုလုပ်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင်မူ ထိုကဲ့သို့သောဟောပြောပွဲကို မြစ်ကြီးနား မြို့နှင့်ကလေးမြို့တို့ တွင် ပြုလုပ်နိုင်ရန် ကြိုးစားလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

ဂလိုရီးယားသတင်းဂျာနယ်၏ ဘဏ္ဍရေးအခြေအနေကို တင်ပြရလျှင်၊ မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဂလိုရီးယားသတင်းဂျာနယ် ကို ဖြန့်ချီရောင်းချပေးကြသော ရဟန်းတော်များ၊ သီလရှင်များ၊ ဓမ်္မဆရာများနှင့် မိတ်ဆွေများသည် စေတနာကို အခြေခံ ပြီး ရောင်း ပေးနေကြရာ ဝယ်ယူသူတချို့ထံမှ ဂျာနယ်အကြွေးများ မရရှိကြသေးသောကြောင့် ဂျာနယ်တိုက်အနေဖြင့် ၂၀၁၅ ခုနှစ်၏ ရောင်း ရငွေများ၏ စာရင်းအသေးစိတ်ကို မရရှိနိုင်သေးပေ။ သို့သော် လက်ရှိလည်ပတ်နေသော ငွေကြေးအခြေအနေအရ၊ ကျွန်တော် တို့သည် ဂလိုရီးယားသတင်းဂျာနယ်ကို ၂၀၁၆ ခုနှစ်တွင်လည်း လက်ရှိအရည်အသွေးထက် ပိုမိုကောင်းမွန်သော ပုံစံနှင့်တင် ဆက်မှုတို့ဖြင့် ဆက်လက်ထုတ်ဝေနေအုံးမည် ဖြစ်ပြီး၊ ဂျာနယ်၏ဈေးနှုန်းသည်လည်း ပြောင်းလဲမည် မဟုတ်သေးပါကြောင်းဖြင့် ဂလိုရီးယားသတင်းဂျာနယ်ဖတ် ပရိသတ်များအား အသိပေးလိုက်ပါသည်။

နောက်ဆုံးအနေဖြင့် ဂလိုရီးယားသတင်းဂျာနယ်တိုက်၏ မိသားစုက ဂလိုရီးယားသတင်းဂျာနယ်ကို ထုတ်လုပ်ဖြန့်ချီပေးကြသော ကျွန်ုပ်၏ ဝန်ထမ်းများ၊ မြန်မာတစ်ဝှမ်းတွင် ရောင်းပေးကြသော ကက်သလစ်ရဟန်းများ၊ သီလရှင်များ၊ ကိုရင်များ၊ ဓမ်္မဆရာ/မများ၊ ဓမ်္မမိတ်ဆွေများနှင့် မိမိတို့သာသနာထဲတွင် ဖြန့်ချီခွင့်ပေးကြသော ဆရာတော်ကြီးများနှင့် ဂျာနယ်ကို လစဉ်ဝယ်ယူအားပေး ဖတ်ရှုကြသော မိဘပြည်သူများအားလုံးကို အထူးကျေးဇူးတင်လိုက်ပါသည်။ ကောင်းမြတ်တော်မူသော အဖဘုရားသခင်၏ သနားကြင် နာခြင်းကျေးဇူးတော်သည် သင်တို့အပေါ်သို့ တက်ရောက်တော်မူလျက် ၂၀၁၆ ခုနှစ်အတွင်း အောင်မြင်သော လုပ်ငန်းများ၊ ကောင်း မွန်သော ကျန်းမာရေး၊ ဘေးကင်းသောခရီးသွားလာမှုနှင့် အများကောင်းကျိုးကို သယ်ပိုးနိုင်သူများ ဖြစ်ကြပါစေကြောင်းဖြင့် ဆုမွန်တောင်းရင်း ကန်တော့လိုက်ပါသည်။ အယ်ဒီတာချုပ်

1621  Views
Previous: ၂၀၁၅ ခုနှစ်၏ တနှစ်တာ အထင်ရှားဆုံးသော ပုဂ်္ဂိုလ်များ Persons of The Year 2015
Next: IVF (In Vitro Fertilization) နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူ