IVF (In Vitro Fertilization) နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူ

002-b

ရန်ကုန်၊ ဒီဇင်ဘာ ၂၊ ၂၀၁၅

ရန်ကုန်ကက်သလစ်သာသနာပိုင်၊ လက်ထောက်ဆရာတော်ကြီး ဂျွန်စောဟန်က ခေတ်ပေါ် IVF (In Vitro Fertilization) နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူ နည်းပညာကိုအသုံးချပြီး ကလေးရအောင် ပြုလုပ်ခြင်းကို ကက်သလစ်သာသာနာတော်က အပြစ်ဖြစ်သည်ဟု သွန်သင်ထား ကြောင်းဖြင့် ဒီဇင်ဘာ (၁) ရက်နေ့က စိန်အန်ထော်နီဘုရားကျောင်းဝင်းတွင်ပြုလုပ်သော ကက်သလစ်ကိုယ်ကျင့် တရားဆိုင်ရာ သွန်သင်ချက်နှင့် စပ်လျဉ်းသော ဂလိုရီးယားသတင်းဂျာနယ်၏ ဟောပြောပွဲတွင် မိန့်ကြားတော်မူလိုက်သည်။

၎င်းဟောပြောပွဲသည် ဂလိုရီးယားသတင်းဂျာနယ်၏ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၎င်းဂျာနယ်တိုက်ကထောက်ပံ့ပြီး၊ ဂျာနယ် ဖတ်ပရိသတ်များကို ကျေးဇူးတုံ့ပြန်ခြင်းအဖြစ် ““ကက်သလစ်ကိုယ်ကျင့်တရားဆိုင်ရာသွန်သင်ချက်”” ခေါင်းစဉ်ဖြင့် စိန်အန်ထော်နီ ဘုရားကျောင်းဝင်းရှိ၊ ရောင်ခြည်ဦးခန်းမဆောင်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

၎င်းဟောပြောပွဲသို့ ဆရာတော်ဂျွန် စောယောဟန်၊ မြန်မာနိုင်ငံကက်သလစ်ဆရာတော်များအဖွဲ့ချုပ်၏အမှုဆောင်အတွင်းရေးမှူး ဘုန်းတော်ကြီးမောရစ်ညွန့်ဝေနှင့် ရန်ကုန်ကက်သလစ်သာသနာ၊ စိန်ပီတာနှင့်စိန်ပေါဓမ်္မသင်တန်းကျောင်း၏ ကျောင်းအုပ် ဘုန်းတော်ကြီး ဟိုင်ဂျီနူးစ်မြင့်စိုးတို့နှင့် အတူ ကိုရင်သီလရှင်များ၊ ရဟန်းတော်များနှင့်ဘာသာဝင်ဂျာနယ်ဖတ်ပရိသတ်ပေါင်း (၁၃၅) ယောက် တက်ရောက်ဆွေးနွေးခဲ့ ကြသည်။

ဆရာတော်စောယောဟန်သည် ကိုယ်ဝန်ဖျက်ချခြင်း၊ သနေ်္ဓတားခြင်းအပေါ် ကက်သလစ်သာသနာတော်၏သွန်သင်ချက်အကြောင်း၊ ဘုန်းတော်ကြီးမောရစ်ညွန့်ဝေက အမျိုးသားအမျိုးသမီးတို့၏ကာမပိုင်းဆိုင်ရာ မြင့်မြတ်ခြင်းအကြောင်းနှင့် ဘုန်းတော်ကြီးမြင့်စိုးက လက်ထပ်ထိမ်းမြားခြင်းနှင့်ကက်သလစ်သာသနာတော်၏ ကာနွန်ဥပဒေများအကြောင်းကို ဟောပြောတော်မူကြသည်။

ဆရာတော်ယောဟန်က ကိုယ်ဝန်ဖျက်ချခြင်းနှင့် သနေ်္ဓတားဆေးသုံးခြင်းသည် ဆက်စပ်မှုရှိပြီး အသင်းတော်က တားမြစ်ထားသော အရ ဖြစ်သည်ဟူသော ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ပရိသတ်တစ်ဦးက ““ကိုယ်ဝန်ဖျက်တာ၊ သနေ်္ဓတားဆေးသုံးတာတွေဟာ အပြစ်ဖြစ်တယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမယ့် ဒီမှာ ရှိနေကြတဲ့ပရိသတ်အများစုကလည်း သိချင်မယ်လို့ယူဆတဲ့မေးခွန်း တစ်ခု ကတော့၊ အိမ်ထောင်ကျပြီးနောက် ကလေးမရနိုင်တဲ့ လင်မယားများဟာ ဒီခေတ်ကြီးမှာ နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီးတော့ ကလေးကို ရနိုင်အောင် လုပ်နေတာကရော ကက်သလစ်သာသနာတော်က ဘယ်လိုရှုမြင်ပါသလဲ”” ဟု မေးမြန်း လာသည်။

၎င်းမေးမြန်းချက်အပေါ် ဆရာတော် ယောဟန်က ““အိမ်ထောင်ကျပြီး မိသားစုများက သားသမီးများ ရလာခြင်းဟာ ဘုရားရှင်ရဲ့ လက်ဆောင်မွန် ဖြစ်တယ်လို့ ကက်သလစ်အသင်းတော်က လက်ခံထားပါတယ်။ အိမ်ထောင်ပြုကျတဲ့ လင်နဲ့မယားမှာ သားသမီး တွေ လိုတာ သဘာဝတရားတစ်ခုပါ။ ဒါပေမယ့် အိမ်ထောင်ပြုလိုက်တာနဲ့ သားသမီး မဖြစ်မနေ ရကိုရရမယ် ဆိုတဲ့ အခွင့်အရေး တော့ လူမှာ မရှိဘူး။ ဆေးသိပံက လုပ်နိုင်တဲ့အရာတိုင်းဟာလည်း လူ့ယဉ်ကျေးမှုအရ၊ ဘာသာရေးယုံကြည်ချက်များအရ ခွင့်မပြုနိုင် တွေ ရှိပါတယ်။ IVF (In Vitro Fertilization) နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူလို နည်းပညာကို သုံးပြီး ကလေးရအောင် လုပ်တဲ့လုပ်ငန်းစဉ်ဟာ ကက်သလစ် အသင်း တော်ရဲ့သွန်သင်ချက်အရ အပြစ်ဖြစ်စေတဲ့လုပ်ရပ်တွေ ပါဝင်နေပါတယ်။ ဥပမာအားဖြင့် အမျိုးသားရဲ့ သုတ်ပိုးကို ထုတ်တဲ့နေရာ မှာ ဘယ်လိုထုတ်သလဲ။ အမျိုးသမီးရဲ့မျိုးဥကို ထုတ်တဲ့နေရာမှာ ဘယ်လိုထုတ်သလဲ။ မျိုးဥတစ်ခုထဲကို ထုတ်တာလာ၊ မျိုးဥ တစ်ခုထက်မက ထုတ်တာလာ။ နောက်ဆက်တွဲရလဒ်က အမျိုးသမီးမှာ ဘယ်လိုကျန်ခဲ့သလဲ ဆိုတဲ့အချက်တွေကို ထည့်သွင်း စဉ်းစားမှာ ဖြစ်ပါတယ်။ အဓိက သတိထားရမည့်အချက်တော့ ှုင်္ဠ အိုင်ဗီအက်ဖ် လုပ်ငန်းစဉ်မှာ ယေဘုယျအားဖြင့် အမျိုးသားရဲ့ သုတ်ပိုးနဲ့အမျိုးသမီးရဲ့မျိုးဥတစ်ခုထက်မကတဲ့ မျိုးဥတွေနဲ့ စမ်းသပ်ခန်းထဲမှာ ပေါင်းစပ်စေပြီး အောင်မြင်သော သနေ်္ဓသားများ ဖြစ်လာကြ ပါတယ်။ (ကက်သလစ်အသင်းတော်ရဲ့သွန်သင်ချက်မှာ လူ့ဘဝဟာ အောင်မြင်သောသနေ်္ဓသား စတင်ဖြစ်ထွန်း ချိန်ကနေ စပြီးလို့ သွန်သင်ထားပြီး မွေးဖွားပြီးသော လူတစ်ဦးကဲ့သို့ လူ့ဂုဏ်သိက်္ခာ အပြည့်အဝရှိပြီး လူ့အခွင့်အရေး လည်း အပြည့်အ၀ ရရှိတယ်လို့ သွန်သင်ထားပါတယ်။) အောင်မြင်သော သနေ်္ဓသားများထဲမှ အကောင်းဆုံးကို ရွေးချယ်ကာ ထုတ်လုပ်ရန် ကြိုးစားကြပြီး အားနည်းသော မသန်စွမ်းသော သတ်မှတ်စံချိန်မမှီသော သနေ်္ဓသားများဟာ ဖျက်ဆီးခြင်း (သို့မဟုတ်) သတ်ဖြတ်ခြင်း ကို ခံကြရတယ်လို့ သိရပါတယ်။ ခင်ပွန်း (ဝါ) ဇနီးတစ်ဦးဦးက ကျန်းမာရေးချိုတဲ့ပြီး သားသမီး မရနိုင်ပါက၊ တခြားသူတစ်ဦးဦးထံမှ ရယူပြီး ပြုလုပ်ကြရာတွင်လည်း ရှုတ်ထွေးမှုများ ရှိကာ လူသားမျိုးရောင်းဝယ်ဖောက်ကားခြင်း၊ အခကြေးငွေ ယူပြီး အဌားကိုယ်ဝန် စောင်ပေးခြင်းစတဲ့ ပိုမိုရှုပ်ထွေးတဲ့ ကိစ်္စရပ်များလည်း ဖြစ်ပေါ်စေပါတယ်။ သဘာဝအတိုင်း ကလေးရတနာကို ရခြင်းက မွေးဖွားခြင်းဟူသော ဂုဏ်သိက်္ခာဖြင့် လောက သို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ IVF နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီး ဂျွန်စောယောဟန်က မိန့်ကြားတော်မူနည်းပညာဖြင့် လူဖြစ်လာသော ကလေးများဟာ အသက်သခင်ဘုရားရှင် ကို ကျေးဇူးတင်ရခြင်း ထက် မိမိကို ထုတ်လုပ်ထားသူများကိုသာ အသက်သခင်ကဲ့သို့ ကျေးဇူးတင်နေရ ပါတယ်။ ဒါကြောင့်မို့ IVF နည်းပညာကိုအသုံးပြုပြီး ကလေးရအောင် ပြုလုပ်ခြင်းသည် အပြစ်ဖြစ်သည်ဟု ဆရာတော်ကြီးဂျွန်စောယောဟန်က မိန့်ကြားတော်မူနည်းပညာဖြင့် ကလေးယူခြင်းကို ကက်သလစ်အသင်းတော်က ခွင့်မပြုပါဘူး။ အကြောင်းအမျိုးမျိုး ကြောင့် IVF နည်းပညာဖြင့် ကလေးယူထားသူများ ရှိပါကလည်း ဘုရားရှင်ရဲ့ အခွင့်လွှတ်ခြင်းကို တောင်းခံပြီး စိတ်နှလုံးငြိမ်းချမ်းစွာနဲ့ ရရှိထားတဲ့သားသမီးရတနာများကို လူကောင်း များ ဖြစ်စေရန် တူညီသောမေတ်္တာများဖြင့် ပြုစုပျိုးထောင် ကြရမှာ ဖြစ်ပါတယ်။ စစ်ဘေးဒါဏ်၊ သဘာဝဘေးဒါဏ်များနှင့် တာဝန်မယူစွန့်ပစ်မှုများကြောင့် မိဘမဲ့နေသော မေတ်္တာငတ်နေသော မိဘမဲ့ကလေး ရင်သွေးငယ်များကို မွေးစားလက်ခံပြုစုပေးကြပါရန် သားသမီးမရနိုင်တဲ့ သားသမီးလိုချင်တဲ့ စုံတွဲဇနီးမောင်နှံမျးကို အသင်းတော်က အားပေးထားပါတယ်”” ဟု အကျယ်တဝင့် ရှင်းပြပေးတော်မူသည်။

ဂလိုရီးယားသတင်းဂျာနယ်တိုက်သည် ယခုကဲ့သို့သော ဟောပြောပွဲကို ကျင်းပနိုင်ရန်အတွက် ရောင်ခြည်ဦးခန်းမဆောင်ကို အခမဲ့ အသုံးပြုခွင့် ပြုတော်မူပေးသော စိန်အန်ထော်နီဘုရားကျောင်း၏ကျောင်းထိုင်ဘုန်းတော်ကြီး စိန်ထွန်းအား အထူးကျေးဇူးတင်ရှိ ပါကြောင်းဖြင့် မှတ်တမ်းတင်အပ်ပါသည်။

ဂလိုရီးယားသတင်းဂျာနယ်သည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် စတင်ထုတ်ဝေသော ကက်သလစ်သာသနာတော်၏ သွန်သင်ချက်များကို ဦးစားပေးတင်ဆက်ပေးသော လစဉ်ထုတ်သတင်းဂျာနယ် ဖြစ်သည်။ ၀၀၂ အယ်ဒီတာချုပ်

1711  Views
Previous: ဂလိုရီးယားသတင်းဂျာနယ်၏ ၂၀၁၅ ခုနှစ်အပေါ် အစီရင်ခံခြင်း
Next: သနားကြင်နာခြင်းဂျူဗလီတံခါးကြီးကို ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ဖွင့်လှစ်တော်မူ