ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပသော နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်သို့ ရဟန်းမင်းကြီးဖရန်စစ်၏ အထူးကိုယ်စားလှယ်အဖြစ် ကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘို ချီးမြင့်တော်မူ

1-s

စီဘူး၊ ဇန်နဝါရီလ ၂၄

ဖိလစ်ပိုင်နိုင်ငံ၊ ဆီဘူးမြို့တွင် ကျင်းပသော နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်သို့ ရဟန်းမင်းကြီးဖရန်စစ်၏ အထူးကိုယ်စားလှယ် အဖြစ် စေလွှတ်ခြင်းခံရတော်မူသော ရန်ကုန်ကာဒီနယ်ဆရာတော်ကြီးချားလ်စ်ဘိုသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့မှ ထိုင်းလေကြောင်းလိုင်းဖြင့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့သို့ ထွက်ခွာတော်မူပြီးနောက်၊ ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၈ နာရီတွင် ဖိလစ်ပိုင်လေကြောင်းလိုင်းဖြင့် စီဘူးမြို့သို့ ရောက်ရှိတော်မူပြီး စီဘူးမြို့တွင် ဒေသခံဆရာတော်ကြီးများ၊ ရဟန်းတော်များနှင့် ကက်သလစ်ဘာသာဝင်များ၏ နွေးထွေးသော ကြိုဆိုခြင်းကို လက်ခံရရှိတော်မူသည်ဟု သတင်းရရှိသည်။

ကာဒီနယ်အရှင်မြတ်အား ကြိုဆိုသောအခမ်းအနားတွင် ကာဒီနယ်ချားလ်စ်ဘိုက ““မြန်မာနိုင်ငံက ကျွန်တော်တို့ရဲ့ရဟန်းတွေကို ဖိလစ်ပိုင်မှာ သင်တန်းတွေ လာရောက်တက်ခိုင်းပါတယ်။ ပြန်လာတဲ့ရဟန်းတွေဟာ စွမ်းရည်အပြည့်နဲ့ပြန်လာကြ တာမို့ မြန်မာ ပြည် ကက်သလစ်သာသနာတော်ရဲ့ တိုးတက်နေခြင်းက ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ရဲ့ ကူညီပေးမှုတွေကြောင့် ဖြစ်ပါတယ် လို့ ပြောလိုပါကြောင်းနှင့် မိမိအနေဖြင့် ဖိလစ်ပိုင်ကက်သလစ်သာသနာတော်ကိုလည်း အထူးကျေးဇူးတင်လိုပါတယ်”” ဟု ထည့် သွင်းမြွက်ကြားတော်မူလိုက်သည်။

(၅၁) ကြိမ်မြောက်၊ နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်၏ ဖွင့်ပွဲဝတ်ပြုခြင်းကို ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ကာဒီနယ်ချားလ်စ်ဘိုက ဦးဆောင်ကျင်းပပြီး တရားတော်ကို ဟောကြားရာတွင် ““ဖိလစ်ပိုင်နိုင်ငံသားတွေဟာ လေထဲမှာလည်း ရှိကြတယ်။ ရေအောက်၊ မြေအောက်မှာလည်း ရှိကြတယ်၊ မြေပေါ်မှာလည်း ရှိကြတယ်၊ တကမ်္ဘာလုံးမှာလည်း ရှိကြတယ်။ ဒါကြောင့်မို့ ကမ်္ဘာကြီးရဲ့အစိတ် အပိုင်းတချို့တွေမှာဆိုရင် ကက်သလစ်အယူဝါဒဟာ ဖိလစ်ပိုင်နိုင်ငံသားတွေ ရှိတယ်နေရာတိုင်းမှာ ဖြစ်တယ်လို့ နားလည်ကြပါတယ်။ ဒါကြောင့်မို့ ဘုရားရှိခိုးခြင်းသည် ကောင်းမွန်သော်လည်း မလုံလောက်ကြောင်း၊ မိမိတို့အားလုံးသည် ခရစ်တော် ဘုရား၏ တပည့်တော်များအဖြစ် သာသနာပြုကြရန် တာဝန်ရှိကြကြောင်း”” ဖြင့် ဖိလစ်ပိုင် နိုင်ငံသားများ၏ ကက်သလစ်ဘာ သာဝင်ဖြစ်နှုန်း များပြားနေခြင်းအပေါ် တင်စားတော်မူလိုက်သည်။

ဆက်လက်ပြီး ရဟန်းမင်းကြီး၏အထူးကိုယ်စားလှယ်က ““ကိုယ်တော်မြတ်စက်္ကရမင်းတူးသည် ဆင်းရဲခြင်းနှင့်ရက်စက်ကြမ်းကြုတ်ခြင်း တို့အပေါ် တတိယကမ်္ဘာစစ်ကို ကြေညာနေပြီဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကိုယ်တော်မြတ်စက်္ကရမင်းတူး၏လူမှုရေးဆိုင်ရာအသွင် အပြင်က ကျွန်တော်တို့အားလုံးကို ဆင်းရဲသားများထံ အရောက်သွားရန် ဖိတ်ခေါ်နေကြောင်း၊ ကိုယ်တော်မြတ်နှင့်ဆင်းရဲမွဲတေခြင်း တို့သည် ခွဲခြားမရကြောင်း၊ ကိုယ်တော်မြတ်သည် ဆင်းရဲသားများ၏ လူ့ဂုဏ်သိက်္ခာအတွက် ပြယုဒ်ဖြစ်ကြောင်း၊ မည်သည့်ဘာသာ တရားကမျှ ဆင်းရဲသားများကို ၎င်းအဆင့်အထိ မြင့်တင်ပေးထားခြင်း မရှိကြောင်း”” ဖြင့် သွန်သင်ဟောကြားတော်မူသည်။

ကိုယ်တော်မြတ်စက်္ကရမင်းတူး၏ တန်ခိုးတော်နှင့်စပ်လျဉ်းပြီး ကာဒီနယ်ချားလ်စ်ဘိုက ““ကိုယ်တော်မြတ်စက်္ကရမင်းတူးသည် မိမိတို့ ၏ ဂုဏ်ထူးရာထူး၊ ဆင်းရဲမှု၊ ချမ်းသာနေမှုတို့အားလုံးကို ဆွဲချွတ်ပြီး ကျွန်ုပ်တို့အားလုံးကို တန်းတူဖြစ်စေတော်မူကြောင်း၊ သနေ်္ဓဖျက် ချခြင်း၊ သေဒါဏ်ပေးခြင်းနှင့် နာတာရှည်ဝေဒနာရှင်များကို ဆေးဖြင့်ထိုးသတ်ခြင်းတို့သည် ကိုယ်တော်မြတ်စက်္ကရမင်းတို့၏ ရန်သူ များ ဖြစ်ကြသည်”” ဟု မိန့်ကြားတော်မူသည်။

ပထမအကြိမ်၊ နိုင်ငံတကာကိုယ်တော်မြတ်ပွဲတော်မြတ်ကို ဆရာတော်ကြီး ဂါစတွန်ဆေဂူက ၁၈၈၁ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် ပြင်သစ်နိုင်၊ လီလယ်မြို့တွင်  စတင်ကျင်းပခဲ့သည်ဟု အင်တနက်သတင်းအရ သိရှိရသည်။ ထိုကဲ့သို့စတင်ကျင်းပချိန်တွင်မူ ၎င်းလီလယ်မြို့တစ်ဝိုက်ရှိဘာသာဝင်များနှင့် နှစ်စဉ်ကျင်းပရင်း ၎င်းပွဲတော်သည် တစ်နှစ်ပြီးတစ်နှစ် နာမည်ကြီးလာပြီး တက်ရောက်ဆုတောင်းကြသော ဘုရားဖူးသူများ၏ ဦးရေသည် တိုးလာသည်ဟု လေ့လာသိရှိရသည်။ ၀၀၁ ကုန်ဇမှုန်း

1141  Views
Previous: ခြေဆေးခြင်းကိုပြုလုပ်ရာတွင် ကက်သလစ်ဘာသာဝင်အမျိုးသမီးများကိုပါ ထည့်သွင်းဆေးကြောရန် ရဟန်းမင်းကြီးဖရန်စစ်က အမိန့်ထုတ်ပြန်
Next: ““ကောင်းသောသိုးထိန်းသီလရှင်အသင်းဂိုဏ်း၏ မြန်မာနိုင်ငံတွင်သာသနာပြုနေခြင်း နှစ် ၁၅၀ ပြည့် ဂျူဗလီပွဲတော်ကို ကျင်းပ””