နေပြည်တော်၏နိုင်ငံရေးရာသီဥတုက သာယာနေသလား။

Editorial Logo

၂၀၁၅ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည်ဖြစ်သော အထွေထွေရွေးကောက်ပွဲအတွက် မဲဆွဲစည်းရုံးခဲ့သော အချိန်၌ ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံရေးပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာ ရွေးတရားဝင်ကြေ ညာပြီး ရွေးကောက်ပွဲကို အနိုင်ရခဲ့လျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အစိုးရနှင့်လွှတ်တော်ကို ဖွဲ့စည်းမည် ဟု ပြည်သူ များအား အကြိမ်ဖန်များစွာ ပြောကြားခဲ့သည်။ ထို့ကြောင့် သူမက အပြောင်းအလဲကို လိုချင်လျှင် အစိုးရဖွဲ့နိုင်သော သူမနှင့်သူမ၏ ပါတီကိုသာ မဲပေးကြရန် တစ်နိုင်ငံလုံးကို မဲဆွယ်ခဲ့ရာ မြန်မာနိုင်ငံသူ/သားများကလည်း အပြောင်းအလဲကို လိုချင်လွန်း တာကြောင့် အပြောင်းအလဲကို လုပ်ပေးမည်ဟု ကတိပေးသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပုံအော ပေးခဲ့ကြသည် မှာ ပြည်သူအားလုံး အသိပင် ဖြစ်သည်။

 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ၏ ရလဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၈၀% ကျော်ဖြင့် အနိုင်ရရှိကြောင်းကို တရားဝင်ကြေညာပြီးနောက် သူမက သမ်္မတဦးသိန်းစိန်၊ ကာကွယ် ရေး စစ်ဦးစီးချုပ်နှင့် သူရဦးရွှေမန်းတို့အား တွေ့ဆုံရန် စာပေးပို့ခဲ့သည်။ သူမ၏တောင်းဆိုချက်အတိုင်း ၎င်းသုံးဦးတို့က သူမကို သီးခြားတွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က သူမလိုက်လံတွေ့ဆုံခြင်းသည် မြန်မာနိုင်ငံ တွင် တစ်ခါမျှ မရှိခဲ့သေးသော အစိုးရသစ်တစ်ခုထံသို့ နိုင်ငံရေးအာဏာကို ငြိမ်းချမ်းစွာ လွဲပြောင်းနိုင်ရန်အတွက် လုပ်ဆောင် ခြင်း ဖြစ် သည်ဟု ကြေညာခဲ့သည်။

တဖန်ပြည်သူ့လွှတ်တော်နှင့်အမျိုးသားလွှတ်တို့ကို ဖေဖော်ဝါရီလ (၂) ရက်နေ့က စတင်ခေါ်ယူကျင်းပရာတွင် လွှတ်တော်အသီးသီး၏ လုပ်ဆောင်ချက်ကား ပိုပြီးအံ့သြစရာဖြစ်ပြန်သည်။ ပြည်သူ့လွှတ်တော်အတွက် နာယကကို အမျိုးသမီးအား ရွေးကောက်ပြီး ပြည်သူ့ လွှတ်တော်ဥက်္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ လက်ရုံးတော်ဖြစ်သော ဦးဝင်းမြင့် (ဗမာလူမျိုး) ကိုလည်းကောင်း၊ ဒုတိယဥက်္ကဌအဖြစ် ဦးတီခွန်မြတ် (ကချင်လူမျိုး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ) ကိုလည်းကောင်း၊ အမျိုးသားလွှတ်တော်တွင်လည်း နာယက အဖြစ် ချင်းလူမျိုးဖြစ်သော ဦးဇိုလှေထန်းကိုလည်းကောင်း၊ အမျိုးသားလွှတ်တော် ဥက်္ကဌအဖြစ် မန်းဝင်း ဘခိုင်သန်း (ကရင်လူမျိုး)ကိုလည်းကောင်း၊ ဒုတိယဥက်္ကဌအဖြစ် ဦးအေးသာအောင် (ရခိုင်လူမျိုး၊ ရခိုင်အမျိုး သားပါတီ)ကိုလည်းကောင်း၊ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းရေးရာကော်မတီ၏ ဥက်္ကဌအဖြစ် မဲရှုံးနိမ့်သွားသော ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ဥက်္ကဌဟောင်း သူရဦးရွှေမန်းတို့ကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော်များတွင် ဒေသခံတိုင်းရင်းသားများကို လွှတ်တော် ဥက်္ကဌများ အဖြစ် ခန့်အပ်သည့်အပြင် အမျိုးသမီးလွှတ်တော်ဥက်္ကဌများကိုလည်း ပြည်နယ်လွှတ်တော်တွင် ခန့်အပ်ခြင်း များ အသီးသီးရွေးကောက် တင်မြှောက်ခဲ့ရာ အမျိုးသားပြန်လည်သင့်မြတ်ရေးဟူသော ကြွေးကြော်သံနှင့် ပြောင်းလဲမှုကို အရမ်းတမ်း တနေကြသော ပြည်သူများ ၏ထောက်ခံမဲသည် နိုင်ငံတော်အတွက် လွန်စွာပင် အကျိုးရှိလာပြီ ဖြစ်သည်။ ထိုကဲ့သို့သော လွှတ်တော် အခင်းအကျင်းများသည် အတွေ့အကြုံမရှိသော မိန်းမသားကို တိုင်းပြည်ကို အုပ်ချုပ်နိုင်ပါမလားဟု ပြောဆိုနေသူများအပေါ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏နိုင်ငံရေးဉဏ်ပညာကြီးမားမှုကို လက်တွေ့ပြသလိုက်ခြင်း ဖြစ်ပေသည်။

အခုတလော (ဖေဖော်ဝါရီလထဲ)တွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေသည်မှာလည်း ပြည်သူအသိပင် ဖြစ်ပေသည်။ သူမသည် စစ်တပ်အား မည်ကဲ့သို့သော အကြောင်းအရာများကို တွေ့ဆုံသည်မှာ တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း မကြာခဏတွေ့ဆုံခြင်းသည် နှစ်ဖက်သော ပုဂ်္ဂိုလ်များအကြားတွင် ယုံကြည်အားကိုးမှု တိုးတက်လာစေသည့်အပြင် နှစ်ဖက်သောပုဂ်္ဂိုလ်များ၏အဖွဲ့အစည်းသည်လည်း နိုင်ငံရေး ဂုဏ်သိက်္ခာကို မြှှင့်တင်ပေးခြင်းလည်း ဖြစ်သည်။ ထိုကဲ့သို့သော စစ်တပ်နှင့်သွားရောက်တွေ့ဆုံခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ၏ စစ်တပ်နှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးဆောင်သော နိုင်ငံရေးနည်းဗျူဟာဖြစ်လေရာ အကျိုးရှိသူသည် ပြည်သူ လူထုသာ ဖြစ်ပေသည်။ အထက်ပါနိုင်ငံရေးဖြစ်စဉ်များကိုကြည့်ပြီး အယ်ဒီတာ့အာဘော်၏ခေါင်းစဉ်အမေး ကို ဖြေရသော်၊ နေပြည်တော် ၏ နိုင်ငံရေးရာသီဥတုသည် သာယာနေပြီး နောက်တစ်လအထိခန့်မှန်းခြေသည်လည်း ဆက်လက်သာယာနေ အုံးဖြစ်ကြောင်း မြန်မာနိုင်ငံ သူ/သားများ အားလုံးအား အော်ဟစ်ဖြေဆို ပြောပစ်လိုက်ချင်ပါလေတော့သည်။

ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မည်သည့်နေရာဒေသတွင်နေထိုင်ကြသည်ဖြစ်စေ၊ ဒေါ်အောင်ဆန်းစုကြည် ၏ နိုင်ငံရေး ဉဏ်ပညာ ရှိသော လုပ်ဆောင်ချက်ကို အတုယူပြီး ငြိမ်းချမ်းခြင်း၊ စည်းလုံးခြင်းနှင့်သဘောထားကွဲပြားမှုတို့ကို အများပြည် သူနှင့်တိုင်းပြည် ကောင်းကျိုးအတွက် တွေ့ဆုံဆွေးနွေးခြင်းဖြင့် လုပ်ဆောင်ကြပါစို့ဟု တိုက်တွန်းအပ်ပါသည်။ အယ်ဒီတာချုပ်

1322  Views
Previous: ဗာတီကန်က ယူကရိန်းကက်သလစ်မိသားစုကို သစ္စာဖောက်သည်ဟု ယူကရိန်းကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီးက ဝေဖန်
Next: အာပါတ်ဖြေခြင်း၏ရဟန်္တာအဖြစ် နာမည်ကြီးတော်မူသော ရဟန်္တာလီအိုပိုမန်ဒစ်၏ ခန်္ဓာကိုယ် မပုပ်ပျက်သော ရုပ်အလောင်းသည် ရောမမြို့သို့ အပူဇော်ခံ ရောက်ရှိလာ