အပြစ်များကို သနားကြင်နာခြင်းစောင်ဖြင့် ဖုံးအုပ်ကြရန် ရဟန်းမင်းကြီးက ရဟန်းတော်များအား မိန့်ကြားတော်မူ

21

ဗာတီကန်၊ ဖေဖော်ဝါရီလ ၉၊ ၂၀၁၆

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သနားကြင်နာခြင်းဂျူဗလီနှစ်တွင် အပြစ်လာဖြေကြသူများကို မြတ်စွဘုရားသခင် ၏ နူးညံ့သော ချစ်ခြင်းမေတ်္တာကို ပြသကြရန် သနားကြင်နာခြင်း၏သာသနာပြုများအဖြစ် အရွေးခံကြရသော တကမ်္ဘာလုံးမှ ကက်သလစ် ရဟန်းပေါင်း (၆၅၀) ကို ဖေဖော်ဝါရီလ (၉) ရက်နေ့က ဗာတီကန်နန်းတော်၌ တွေ့ဆုံရာတွင် မိန့်ကြားတော်မူ လိုက်သည်။ ရဟန်းမင်းကြီးက ၎င်းရဟန်းတော်များအဖွဲ့ကို ““သနားကြင်နာခြင်း၏ သာသနာပြုပုဂ်္ဂိုလ်များ”” ဟု အမည်ပေး တော်မူသည်။

အရှင်သူမြတ်က ““အမြဲတမ်းသတိရမယ့်အချက်ကတော့၊ ငါတို့ရဟန်းတွေရဲ့ရှေ့မှာတော့အပြစ်ဆိုတာ မရှိဘူး၊ ဒါပေမယ့်နောင်တရ တဲ့အပြစ်သားတွေပဲ ရှိတယ်။ ကြိုဆိုလက်ခံမှုနဲ့အခွင့်လွှတ်ခြင်းကို လက်ခံလိုတဲ့ပုထုဇဉ်လူသားနဲ့ ဘုရားသခင်နဲ့ဘယ်တော့မှ မဝေးချင်တော့တဲ့လူသားဆိုတာပဲ ရှိရမယ်”” ဟု ရဟန်းတော်များအား သွန်သင်တော်မူသည်။

ရဟန်းမင်းကြီးက ၎င်းရဟန်းတော်များကို လမ်းညွှန်ရာတွင် ဓမ်္မဟောင်းကျမ်းစာထဲက နော်ဧ၏ဖြစ်ရပ်ကို ပုံဥပမာပေးပြီး မိန့်ကြား တော် မူသည်မှာ ““နော်ဧက ရေကျပြီးတာနဲ့ မိမိစိုက်ထားတဲ့ စပျစ်ခြံထဲက ဝိုင်ကို သောက်ပြီးမူးတော့ သူ့ရဲ့တောင်ယာတဲထဲမှာ ကိုယ်တုံးလုံး လဲနေတာကို သားဖြစ်သူ ဟမ်က တွေ့တော့ သူ့အဖေကို ရယ်ပြီး ဟားနေကြောင်း၊ သို့သော် နော်ဧ၏တခြားသားတွေ ဖြစ်ကြတဲ့ ရှဲမ်နဲ့ဂျာဖက်တို့ကတော့ အဖေကိုမြင်တာနဲ့ မိမိတို့၏အဖေကို စောင်ယူပြီး ခြုံပေးထားကြကြောင်း၊ ရဟန်းတော်များ အနေနဲ့လည်း အပြစ်မရှိတဲ့သူတွေလို၊ လူစွမ်းသူတွေလို မနေထိုင်ဘဲ နော်ဧ၏သားများဖြစ်ကြသော ရှဲမ်နဲ့ဂျာဖက်တို့လိုပဲ အပြစ် ရှိတဲ့ဘာသာတူတွေ၊ အပြစ်လာဖြေတဲ့ဘာသာတူတွေရဲ့အပြစ်၊ အရှက်ကို သနားကြင်နာခြင်းစောင်နဲ့ အုပ်ပေးဖုံးပေးကြရန် လိုအပ် သည်”” ဟု ဆုံးမတော်မူလိုက်သည်။

ဆက်လက်ပြီး အရှင်သူမြတ်က ““ခရစ်တော်၏စိတ်သဘောထားကို ကြည့်ရင် အပတ်ဖြေနားထောင်ပေးသောရဟန်းသည် အပြစ် ရှိသူကို သနားကြင်နာခြင်း၏စောင်ဖြင့် ခြုံပေးခြင်းကို ဆိုလိုကြောင်း၊ ထိုသို့စောင်ဖြင့်ဖုံးအုပ်ပေးမှသာလျှင် အပြစ်သားများသည် မရှက်တော့သည့်အပြင် မိမိတို့၏သားဖြစ်ရခြင်းဂုဏ်သိက်္ခာအပေါ်ပီတိရှိနေခြင်းကို ပြန်လည်ရရှိနိုင်မည် ဖြစ်သည်”” ဟု အထူး အရွေးခံကြရသော ရဟန်းတော်အပါး (၆၅၀) ကို ဗာတီကန်ခန်းမဆောင်တွင် လက်ခံတွေ့ဆုံချိန်တွင် ဟောကြားတော်မူသည်။

ရဟန်းမင်းကြီးသည် တကမ်္ဘာလုံးရှိ ကက်သလစ်ဆရာတော်များက ရွေးချယ်ထားသော ရဟန်းပေါင်း (၁၀၀၀) ကျော်ရှိသည့် အနက် ရောမမြို့သို့ လာရောက်နိုင်သော ရဟန်းပေါင်း (၆၅၀) တို့ကို လက်ခံတွေ့ဆုံတော်မူပြီး ““အထူးအာပတ်ဖြေ နားထောင်ပေးသော ရဟန်းများ”” အဖြစ် အမည်ပေးကာ ၎င်းရဟန်းများသည် မိမိတို့နိုင်ငံကို ပြန်လာပြီး ““ရဟန်းမင်းကြီး၊ ဗာတီကန်ရုံးတော်နှင့် ဆရာတော်ကြီးများကသာ အခွင့်လွှတ်နိုင်သော အပြစ်များကို အခွင့်လွှတ်ပေးနိုင်သော အထူးအခွင့်အာဏာ”” ဖြင့် အာပါတ်ဖြေ ခြင်းကို လိုက်နာနားထောင် ပေးကြမည် ဖြစ်သည်။

အထူးရွေးချယ်ခံအပြစ်ဖြေခွင့်ရှိသော ရဟန်းများသည် အပြစ် (၄) မျိုးဖြစ်သော ““ကောင်းကြီးပေးဖန်ဆင်းထားသော ကိုယ်တော်မြတ် မုန့်တော်ကို မရိုမသေစော်ကားခြင်းပြုရန်အတွက် အပြင်သို့ယူဆောင်သွားသောအပြစ်၊ ရဟန်းမင်းကြီးအား ကိုယ်ထိလက်ရောက် စော် ကားသော အပြစ်၊ (၆) ပါးမြောက်သော ဘုရားသခင်၏ပညတ်တော် ဖြစ်သည့် ကာမဂုဏ်အမှုကို ကျူးလွန်ခြင်းမပြုရဟူသော အပြစ်၊ အပတ်ဖြေနားထောင်သူရဟန်းက အပတ်ဖြေရာတွင် ကြားသိရသော အပြစ်ကို ထုတ်ဖော်ခြင်း အပြစ်တို့ ဖြစ်ကြသည်ဟု ဗာတီကန်နန်းတော်က ကြေညာတော်မူလိုက်သည်။

ရဟန်းမင်းကြီးက ၎င်းရဟန်းတော်များအား ““ဘုန်းဘုန်းတို့က ဘုရားသခင်ရဲ့ချစ်ခြင်းမေတ်္တာနဲ့အနီးကပ်ရှိခြင်းကို အပြစ်သည်များ အား ပထမဆုံး ပေးကမ်းရမယ့်သူတွေ ဖြစ်ကြကြောင်း၊ လူသားတစ်ယောက်ရဲ့ချစ်ခင်မှုနဲ့အခွင့်လွှတ်ခြင်းမျိုးမဟုတ်ဘဲ ဘုရားသခင် ရဲ့ သနားကြင်နာခြင်းပုံစံဖြင့် အပြစ်သည်များကို ပေးကမ်းကြရမှာဖြစ်ကြောင်း၊ ထို့အပြင် ကက်သလစ်သာသနာတော်သည် မိခင်ဖြစ်တာမို့ မိခင်ဆိုတာဟာ သားသမီးတွေကို မွေးဖွားပေးရုံသာမက၊ သားသမီးများရဲ့ယုံကြည်ခြင်းကို ပျိုးထောင်ပေးရသလို ဆိုးတဲ့အကျင့် ကနေ ကောင်းတဲ့အကျင့်ဖက်ကို ပြောင်းလဲခြင်းရဲ့ အသီးအပွင့်ဖြစ်တဲ့ဘဝသစ်နဲ့မြတ်စွာဘုရားသခင်ရဲ့ အခွင့်လွှတ် ခြင်းကို ပေးကမ်း တဲ့အသင်းတော် ဖြစ်ပါကြောင်း”” ဖြင့် အကျယ်တဝင့် ရှင်းပြတော်မူသည်။

ရဟန်းတော်များအား သတိပေးရာတွင် ““ကက်သလစ်ဆရာတော်၊ ရဟန်းတော်တွေရဲ့ မိုက်ရူးရဲဆန်တဲ့ အပြုအမှုနဲ့လုပ်ရပ် တွေကြောင့်၊ လူသားတွေက ကက်သလစ်သာသနာတော်ဟာ မိခင်ဖြစ်ပါတယ်ဆိုတဲ့ လက်ခံယုံကြည်မှု ပျောက်ဆုံးသွားပြီဆိုရင်၊ ကက်သလစ် ခရစ်ယာန်ဘာသာဝင်တွေဟာ အသင်းတော်ရဲ့အခွင့်လွှတ်ခြင်းနဲ့သနားကြင်နာခြင်းဆိုတာကို လက်ခံရန် ခက်ခဲတော့ မည်ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ကက်သလစ်ဆရာတော်တွေနဲ့ရဟန်းတွေဆိုတဲ့သာသနာပြုပုဂ္ဂိုလ်တွေဟာ မိမိဆီကိုရောက်လာတဲ့ သူတွေကို မိခင်တစ်ဦးလို လှိုက်လှိုက်လှဲလှဲလက်ခံစကားပြောကြရန် လိုအပ်ကြောင်း၊ ဒါမှပဲ ခရစ်တော်ဘုရားဟာ အသင်းတော် ထဲမှာ ရှိနေတယ်ဆိုတာကို လူတွေက လက်ခံယုံကြည်လာကြမှာ ဖြစ်ကြောင်း”” ဖြင့် အရှင်သူမြတ်က သတိပေးဆုံးမတော်မူသည်။

အပြစ်သည်များအား အခွင့်လွှတ်ခြင်းနှင့်စပ်လျဉ်းပြီး ရဟန်းမင်းကြီးက ““ကက်သလစ်ဘာသာတူတွေက ဘယ်လိုမျိုးအပြစ်လာဖြေ လည်း ဆိုတာ အရေးမကြီးဘူး၊ လာဖြေတဲ့အပြစ်တွေအားလုံးကို ရဟန်းတွေက အခွင့်မလွှတ်ခင်မှာ ကိုယ်လည်းပဲ အပြစ်ရှိတဲ့ရဟန်း တစ်ပါး ဖြစ်ပါတယ်ဆိုတဲ့ အသိစိတ်ကို ပထမဆုံး ရှိနေရမှာ ဖြစ်ကြောင်း၊ အရေးကြီးဆုံးအချက်ကတော့ အပါတ်လာဖြေသူကို ရဟန်းဖက်က အခွင့်လွှတ်လိုတဲ့စိတ်ဆန်္ဒရှိခြင်းသာ အဓိက ဖြစ်ကြောင်း၊ အပြစ်သည်ဖက်ကလည်း အာပတ်ဖြေလိုတဲ့စိတ်ဆန်္ဒ ရှိနေခြင်းက မိမိ၏ဘဝကို ပြောင်းလဲလိုတဲ့လက်္ခဏဖြစ်တာမို့၊ ဘာသာတူတွေက ရဟန်းတွေဆီကို အာပတ် လာဖြေချင်အောင် နေထိုင်ကျင့်ကြံဖို့ လိုအပ်ကြောင်း”” ဖြင့် ရဟန်းတော်များအား ဆုံးမတော်မူသည်။ ၀၀၄ ကုန်ဇမှုန်း

1116  Views
Previous: ကက်သလစ်အသင်းတော်၏ ခေါင်းဆောင် ရဟန်းမင်းကြီးဖရန်စစ်နှင့်ရုရှားအော်သဒေါ့အသင်းတော်ခေါင်းဆောင်တို့ နှစ်ပေါင်း (၁၀၀၀) ကျော်အတွင်း ပထမအကြိမ်တွေ့ဆုံဆွေးနွေး
Next: ပြည်သူများ၏မဲများကို အလှူဒါနပြုခြင်းဖြင့် ရယူခြင်းမပြုလုပ်ကြရန် မနီလာကာဒီနယ်တာကလေးက ဖိလစ်ပိုင်နိုင်ငံရေးသမားများကို သတိပေးတော်မူ