ပြည်သူများ၏မဲများကို အလှူဒါနပြုခြင်းဖြင့် ရယူခြင်းမပြုလုပ်ကြရန် မနီလာကာဒီနယ်တာကလေးက ဖိလစ်ပိုင်နိုင်ငံရေးသမားများကို သတိပေးတော်မူ

22

မနီလာ၊ ဖေဖော်ဝါရီလ ၁၀၊ ၂၀၁၆

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်၏ကာဒီနယ်လူးဝိစ်အန်တိုနီအိုတာကလေးက ဖိလစ်ပိုင်နိုင်ငံတွင် ရွေးကောက်ပွဲနီးလာသည့်အချိန် တွင် နိုင်ငံရေးသမားများက အလှူဒါနပြုခြင်းကို ဗန်းပြလုပ်ဆောင်ခြင်းဖြင့် ပြည်သူများ၏ထောက်ခံမဲကို ရယူခြင်းအား မလုပ်ဆောင်ကြ ရန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတိပေးတော်မူလိုက်သည်။

ကာဒီနယ်တာကလေးက ““လာမယ့်ရက်တွေမှာ ထောက်ပံ့ကူညီခြင်းတွေကို လုပ်လာကြလိမ့်မယ်။ ဒါပေမယ့် ဒီအကူအညီတွေက ဘယ်လောက်စစ်မှန်သလဲ (ဝါ) ကိုယ်ကျိုးစီးပွားအတွက်လား ဆိုတာ သေချာခွဲခြားကြဖို့ လိုပါတယ်။ ကက်သလစ်ခရစ် ယာန်နိုင်ငံ ရေးသမားတွေအနေနဲ့ တခြားသူအပေါ်မှာ စစ်မှန်တဲ့ကုသိုလ်လုပ်ခြင်းဟာ အဲဒီသူ မသိအောင် ပြုလုပ်ဖို့လိုကြောင်း၊ စစ်မှန်တဲ့ ကုသိုလ်ဒါနပြုခြင်းက မိမိကို ဘုရားသခင်အား ပိုပြီး နီးကပ်စေရမှာ ဖြစ်ကြောင်း၊ ခရစ်တော်ဘုရားကလည်း အလှူဒါနကို တိတ်တဆိတ်ပြုရန် မှာကြားတော်မူခဲ့ကြောင်း”” ဖြင့် သတိပေးတော်မူသည်။

ဆက်လက်ပြီး ဆရာတော်ကြီးက ဖိလစ်ပိုင်နိုင်ငံတွင် ရင်ဆိုင်နေရသော ပြဿနာများဖြစ်ကြသည့် ဆင်းရဲမွဲတေခြင်း၊ သဘာဝပတ် ဝန်းကျင်များနှင့်ပတ်သက်ပြီး ““ရုန်းကန်လှုပ်ရှားနေကြသော ဆင်းရဲသားသာမန်ပြည်သူများဟာ အာဏာကို ဆာမွတ်နေကြသော တကိုယ်ကောင်းဆန်သည့်နိုင်ငံရေးသမားများကြောင့် ဖြစ်သည်”” ဟု ဝေဖန်တော်မူလိုက်သည်။

ကာဒီနယ်တာကလေးက ““ဝါတွင်းကာလာသည် မိမိတို့အား မြတ်စွာဘုရားသခင်နှင့်ပြန်လည်သင့်မြတ်ရန် ဖိတ်ခေါ်သော အချိန်ကာ လဖြစ်ကြောင်း၊ ဒုက်္ခဝေဒနခံစားနေရသူများနှင့်ဆင်းရဲသားများကို ကူညီပေးရမည့်အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ ကက်သလစ်ဘာသာဝင်များအနေဖြင့် လမ်းပေါ်ရှိဆင်းရဲသားများကို ထမင်းကျွေးကူညီကြရန် ဖိတ်ခေါ်တော်မူ လိုက်သည်။

ကာဒီနယ်တာကလေးသည် ဝါတွင်းကာလအတွင်း၊ မနီလာမြို့ပေါ်ရှိ လမ်းပေါ်ကဆင်းရဲသားများကို ထမင်းကျွေးခြင်း၊ အသက်မွေး ဝမ်းကျောင်းလုပ်ငန်းများအား ကူညီထောက်ပံ့ပေးခြင်းနှင့် မိဘများအတွက် စက်မှုလက်မှုပညာများကို သင်ကြားပေးခြင်း အား ပြုလုပ်ကြရန် မနီလာကက်သလစ်သာသနာတော်နှင့်လက်အောက်ခံသာသနာတော်များကို ညွန်ကြားထားသည်ဟု သိရှိရသည်။ ၀၀၅ ကုန်ဇမှုန်း

1267  Views
Previous: အပြစ်များကို သနားကြင်နာခြင်းစောင်ဖြင့် ဖုံးအုပ်ကြရန် ရဟန်းမင်းကြီးက ရဟန်းတော်များအား မိန့်ကြားတော်မူ
Next: လိင်တူလက်ထပ်ခြင်းကို ဥပဒေပြုသောအင်္ဂလန်နိုင်ငံသည် ဘုရားမဲ့သော နိုင်ငံဖြစ်သည်ဟု ကာဒီနယ်ဆရာတော်ကြီး ဂျော့ပဲလ်က ဝေဖန်တော်မူ