မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဘာသာတွဲလက်ထပ်ခြင်းနှင့်စပ်လျဉ်းသော လမ်းညွန်မှုထုတ်ပြန်ချက်သည် မျိုးစောင့်ဥပဒေနှင့် ကွဲလွဲမှုဖြစ်

Law

cbcm

ရန်ကုန်၊ မတ်လ ၁၃၊ ၂၀၁၆

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ Ref. 03R/2016 စာအမှတ်ဖြင့် ထုတ်ပြန်ထားသော Disparity of Cult ဘာသာတွဲလက်ထပ်ခြင်း”” နှင့်စပ်လျဉ်းသော လမ်းညွန်မှုထုတ်ပြန်ချက်သည် အစိုးရ၏မျိုးစောင့်ဥပဒေနှင့် ဆန့်ကျင်ဖက် ဖြစ်နေသည်ဟု ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဖြစ်သော ရှေ့နေဦးဒေမီယမ်က မတ်လ ၁၃ ရက်နေ့က ဂလိုရီယာသတင်း ဂျာနယ်သို့ ပြောကြားလိုက်သည်။

ရှေ့နေဦးဒေမီယမ်က ““မျိုးစောင့်ဥပဒေမှာက တခြားဘာသာဝင်အမျိုးသားတစ်ဦးက မြန်မာဗုဒ်္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို လက်ထပ်ပေါင်းသင်းလိုတယ်ဆိုရင် ပထမဆုံး၎င်းအမျိုးသမီးရှိရာသက်ဆိုင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံး၏ မှတ်ပုံတင် အရာရှိထံမှာ လုပ်ဖို့”” ပြဌာန်းထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများက ““ကက်သလစ်ဘာသာ ဝင်အမျိုးသားတစ်ဦးက မြန်မာဗုဒ်္ဓဘာသာဝင်အမျိုးသမီးတစ်ဦးကို  လက်ထပ်ပေါင်းသင်းလိုတယ်ဆိုရင် သက်ဆိုင်ရာမြို့နယ် တရားရုံး၏ ထိမ်းမြားခြင်းဆိုင်ရာမှတ်ပုံတင်အရာရှိထံမှ လက်ထပ်လက်မှတ်ရယူရန်”” ဟု ထုတ်ပြန်ခြင်းသည် မဖြစ်သင့်သော ထုတ်ပြန် ချက်ဖြစ်ကြောင်း ဖြင့် မီးမောင်းထိုးပြသည်။

ဆက်လက်ပြီး သူက ““မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွ့ဲချုပ်က ဥပဒေကို နားလည်ကျွမ်းကျင်တဲ့ ကက်သလစ်ဘာသာ ဝင်တွေကို အရင်ဦးဆုံးတိုင်ပင်သင့်ပါတယ်။ ဆရာတော်တွေက သာမန်ဘာသာဝင်တွေနဲ့သက်ဆိုင်တဲ့အရာတွေမှာ သာမန်ဘာသာ ဝင်တွေကို မတိုင်ပင်ဘဲနဲ့ ဆုံးဖြတ်ချက် လုပ်တာမျိုး မဖြစ်သင့်ဘူး။ ကက်သလစ်ဘာသာဝင်ဥပဒေပညာရှင်တွေကို တိုင်ပင်စေချင် ပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်အနေနဲ့ ဒီထုတ်ပြန်ချက်ကို မြန်မြန်ပြင်ဆင် ထုတ်ပြန် သင့်နေပြီ”” ဟု စိုးရိမ်စိတ်ဖြင့် ပြောသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်အပေါ် ဗန်းမော်ဆရာတော်ကြီး ရေမွန်က ““ဥပဒေမှာတော့ မြို့နယ်အုပ်ချုပ်ရေးမှူးကိုပဲ အာဏာပေးထားတယ်ဆိုတာ သိတယ်။ ဒါပေမယ့် အသင်းတော်ရဲ့ထုတ်ပြန်ချက်မှာ မြို့နယ်တရားရုံးလို့ ရေး ထားတာကို မသိလိုက်ဘူး”” ဟုလည်းကောင်း၊ ဗန်းမော်ကျောင်းထိုင်ဘုန်းတော်ကြီး ဂျွန်ဇော်ဒွေးကလည်း ““ဆရာတော်တွေက ဒီထုတ်ပြန်ချက်ကို လုပ်တာဟာ သိပ်မြန်လွန်းတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး ဗန်းမော်မြို့ပေါ်ရှိ အစိုးရရုံးမှာ သွားစုံစမ်းတော့ အစိုးရဌာနက ဆုံးဖြတ်ချက်ချဖို့ မလွယ်သေးဘူးလို့ ပြန်ပြောလိုက်တယ်”” ဟုမိန့်ကြားသည်။

၎င်းထုတ်ပြန်ချက်နှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ဥက်္ကဌဖြစ်တော်မူသော ကလေးဆရာတော် ကြီး ဖေးလစ်လျန်ခဲန်းထန်အား လျှောက်ထားရာတွင် ““အဲဒီထုတ်ပြန်ချက်မှာ အမှားအယွင်းတွေ ပါနေတယ်ဆိုတာ အခုမှသိတယ်။ အခုပြန်ပြင်ပြီး ထုတ်ပြန်ပေးမယ်”” ဟု ဂလိုရီယာသတင်းဂျာနယ်အယ်ဒီတာချုပ်၏ မေးမြန်းချက်အား မတ်လ ၁၂ ရက်နေ့က အမိန့်ရှိတော်မူသည်။

ထို့ကြောင့် မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ထုတ်ပြန်ခဲ့သော ““မျိုးစောင့်ဥပဒေထွက်ရှိပြီးနောက်ပိုင်း ဘာသာ တွဲလက်ထပ်ခြင်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှထုတ်ပြန်ချက်””ဟူသောထုတ်ပြန်ချက်၏ အပိုဒ် (၁) နှင့် (၂)တို့တွင် ပါရှိနေသော ““မြို့နယ်တရားရုံး၏ထိမ်းမြားခြင်းဆိုင်ရာမှတ်ပုံတင်အရာရှိထံမှ”” အစား ““မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ထိမ်းမြားခြင်းဆိုင်ရာ မှတ်ပုံတင်အရာရှိထံမှ”” ဟု ပြင်ဆင်ရန် မြန်မာနိုင်ငံကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်အား ဂလိုရီယာသတင်းဂျာနယ်မှ တိုက်တွန်းအပ်ပါသည်။  အယ်ဒီတာချုပ်

2017  Views
Previous: The Catholic Church has 255 Infallibly Declared Dogmas
Next: ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်သို့ ကက်သလစ်သာသနာတော် ရောက်ရှိလာခြင်း ရွှေစင်ဂျူဗလီပွဲတော်ကျင်းပ