ကြေးစားဆွီဇလန်နိုင်ငံသားများက ထမ်းဆောင်နေသောဗာတီကန်လုံခြုံရေးရဲတပ်ဖွဲ့များအား ခရစ်တော်ဘုရား၏ သက်သေခံများဟု အမွမ်းတင်တော်မူ

02

ဗာတီကန်၊ မေလ ၆၊ ၂၀၁၆

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး ကာဒီနယ် ပါရိုလင်းက ဗာတီကန်နိုင်ငံအတွက် ဆွီဇာလန်လုံခြုံရေးအဖွဲ့သို့ အသစ်ဝင်လာသူများ၏ သစ်္စာဆိုခြင်း အခမ်းအနားတွင် ၎င်းဗာတီကန်လုံခြုံရေးရဲတပ်ဖွဲ့ကို ခရစ်တော်ဘုရား၏ သက်သေခံများဟု မေလ ၆ ရက်နေ့က အမွမ်းတင် မိန့်ကြားတော်မူလိုက်သည်။ ၎င်းအခမ်းအနားတွင် ဗာတီကန်လုံခြုံရေးရဲတပ်ဖွဲ့သို့ အသစ်ဝင်ရောက်လာသော ရဲ (၂၃) ယောက်က ရဟန်းမင်းကြီးကို မိမိတို့၏ အသက်နှင့်လဲပြီး ကာကွယ်ပေးမည်ဖြစ်ကြောင်းဖြင့် ကတိသစ်္စာ ဆိုခဲ့ကြသည်။

ကာဒီနယ် ပါရိုလင်းက ““ခင်ဗျားတို့က ရောမမြို့မှာရော၊ ခင်ဗျားတို့ရဲ့ အမိမြေဖြစ်တဲ့ ဆွီဇလန်နိုင်ငံမှာရော၊ ခင်ဗျားတို့ သွားတဲ့ နေရာ တိုင်းမှာရော ခရစ်တော်ရဲ့သက်သေခံတွေ ဖြစ်ကြပါတယ်။ ရဟန်းမင်းကြီးအပေါ်နဲ့ဗာတီကန်နိုင်ငံအပေါ် သစ်္စာရှိ ဖို့ဆိုတာ မလွယ်ကူပေ မယ့် မိမိတို့ရှေ့က အသက်ကိုစတေးပြီး ရဟန်းမင်းကြီးကို ကာကွယ်ပေးခဲ့ကြတဲ့ လုံခြုံရေးအဖွဲ့ဝင်တွေကို အတုယူကြရန် လိုအပ်ကြောင်း”” ဖြင့် မီးမောင်းထိုးပြတော်မူသည်။

၎င်းဆွီလုံခြုံရေးအဖွဲ့ဟူသော ဗာတီကန်လုံခြုံရေးသမားများသည် စစ်သားနှင့်ရဲများ မဟုတ်ဘဲ အရပ်သားများ ဖြစ်ကြပြီး ဗာတီကန် တွင် ၎င်းလုံခြုံရေးအဖွဲ့ဝင်အရေအတွက်သည် (၁၂၀) ဦး ရှိပြီး ၎င်းလုံခြုံရေးအဖွဲ့အသည် ကမ်္ဘာပေါ်တွင် အသေးဆုံးနှင့်သက် တမ်းအရင့်ဆုံးသောလုံခြုံရေးတပ်ဖွဲ့တစ်ခု ဖြစ်ပြီး ၎င်းတပ်ဖွဲ့၏ဆောင်ပုဒ်မှာ ““ရဲရင့်ခြင်းနှင့်သစ်္စာရှိခြင်း”” ဖြစ်သည်။

ဗာတီကန်နိုင်ငံတွင် ဆွီဇာလန်နိုင်ငံမှ လုံခြုံရေးတပ်သားများကို ခန့်ထားရခြင်း သမိုင်းကိုပြန်ကြည့်လျှင်၊ ဆွီဇာလန်နိုင်ငံသည် လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) တုန်းကမူ ဆင်းရဲသော (ယခုခေတ်တွင် အချမ်းသာဆုံး) နိုင်ငံဖြစ်ခဲ့ခြင်းကြောင့် ဆွီဇာလန်နိုင်ငံ သူ/သားများသည် တခြားနိုင်ငံများသို့ ထွက်ကာ ကြေးစားအလုပ်ကို ထွက်လုပ်ခဲ့ကြရသည်။ ထိုအချိန်တွင် ဥရောပနိုင်ငံများတွင်မူ ဆွီဇာလန်နိုင်ငံမှ ကြေးစားလုပ်သားများကို အများဆုံးအသုံးပြုခဲ့ကြသော်လည်း ရဟန်းမင်းကြီးကို ကာကွယ်ပေးသော ဆွီဇာလန် နိုင်ငံသားကြေးစားတပ်များသည် ယခုထိတိုင် ရှိနေကြဆဲ ဖြစ်သည်။ ဗာတီကန်နိုင်ငံတွင်မူ ရဟန်းမင်းကြီးကို ကာကွယ်ပေး မည့် လူပျို (အိမ်ထောင်မပြုသေးသူများ) အမျိုးသားပေါင်း (၁၃၀) ကို လိုအပ်ရာ ဗာတီကန်နိုင်ငံသည် စစ်ပညာကို သင်ကြားအောင်မြင် ပြီးသော လူပျိုဆွီဇာလန်နိုင်ငံသားများကိုသာ အမြဲတမ်းခန့်ထားလျက် ရှိနေသည်။ ၎င်းတပ်များ၏အရပ်သည် အနည်းဆုံး (၅) ပေ ရှိရပြီး အသက်ကမူ (၁၉) မှ (၃၀) နှစ်အကြာတွင်သာ ရှိရမည် ဖြစ်သည်။

၎င်းဗာတီကန်နိုင်ငံ၏ဆွီဇာလန်လုံခြုံရေးတပ်ဖွဲ့သည် ၁၅၂၇ ခုနှစ်တွင် ရောမအင်ပါယာဘုရင်စစ်တပ်က ရဟန်းမင်းကြီး ကလေးမင်း (၈) ကို တိုက်ခိုက်ရာတွင် ကာကွယ်ပေးရာတွင် ရဟန်းမင်းကြီးကလေးမင်း (၈) အား ဗာတီကန်နန်းတော် မြေအောက်ရှိလျို့ဝှက်လှိုင်ဂူမှ ထွက်ပြေးနိုင်ရန် အသက်ပေးကာကွယ်ပေးကြရင်း တပ်ဖွဲ့ပေါင်း (၁၄၇) ဦး သေဆုံးခဲ့ကြပြီး ရဟန်းမင်းကြီးသည် ဗာတီကန်နန်းတော်မှ တိဘာမြစ်ကမ်းနားရှိ ရဟန်္တာအန်ဂျေလို၏ အိမ်တော်သို့ ထွက်ပြေးလွတ်မြောက်သွား ခဲ့သည်။

၎င်းတပ်ဖွဲ့သည် ခေတ်မှီခြောက်လုံးပြုးသေနတ်များ၊ ဆွီဇာလန်စစ်တပ်တွင် အသုံးပြုသော လက်နက်များကို ကိုင်ဆောင်ထားကြပြီး ၎င်းတို့၏ဝတ်စုံပုံစံကိုမူ မိုက်ကယ်အန်ဂျေလိုက ရေးဆွဲပေးခြင်း ဖြစ်သည်။ ၀၀၂ ကုန်ဇမှုန်း

1622  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က သစ္စာသုံးပါးခံသီလရှင်များအနေဖြင့် မိမိတို့အသင်းဂိုဏ်း၏တမန်တော်လုပ်ငန်းနှင့်မကိုက်ညီသော စေခိုင်းခြင်းမျိုးကို ငြင်းဆန်ရဲကြရမည်ဟု မိန့်ကြားတော်မူ
Next: ကက်သလစ်ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံကို ပိုပြီးဖွံ့ဖြိုးရေးအကူအညီများ ဆက်ပေးကြရန် အင်္ဂလန်နိုင်ငံအား တိုက်တွန်း