ကက်သလစ်ကာဒီနယ်ချားလ်စ်ဘိုက မြန်မာနိုင်ငံကို ပိုပြီးဖွံ့ဖြိုးရေးအကူအညီများ ဆက်ပေးကြရန် အင်္ဂလန်နိုင်ငံအား တိုက်တွန်း

3

ရန်ကုန်၊ မေလ ၆၊ ၂၀၁၆

အင်္ဂလန်နိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဖိတ်ကြားချက်ဖြင့် အင်္ဂလန်နိုင်ငံသို့ မေလ ၈ ရက်မှ ၂၅ ရက်နေ့အထိ အလည်အပတ်သွားရောက်တော်မူသော ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက လွန်ခဲ့သော ခက်ခဲသည့်နိုင်ငံရေးကာလတွင် မြန်မာနိုင်ငံကို ကူညီခဲ့ကြသူများကို ကျေးဇူးတင်ရင်း ယခုလည်း ပိုမိုပြီးဖွံ့ဖြိုးရေးအကူအညီများကို ဆက်လက်ပေး ကြပါရန် အင်္ဂလန်နိုင်ငံရှိ နိုင်ငံရေးနှင့်ဘာသာရေးဆိုင်ရာခေါင်းဆောင် များအား ဆော်သြတော်မူလိုက်သည်။

ရဟန်းမင်းအမတ်ချားလ်စ်ဘိုက အင်္ဂလန်နိုင်ငံရှိ ဖွံ့ဖြိုးရေးဆိုင်ရာငွေကြေးထောက်ပံ့ပေးသော ကက်သလစ်လူမှုရေးအဖွဲ့အစည်း များနှင့်တွေ့ဆုံရာတွင် ထိုကဲ့သို့ မိန့်ကြားတော်မူလိုက်ခြင်း ဖြစ်သည်။ ဆရာတော်ကြီးက မြန်မာနိုင်ငံသည် ငရဲပြည်မှ ပြန်လည် နိုးကြား လာသော ဖွံ့ဖြိုးစနိုင်ငံဖြစ်သည်”” ဟု မြန်မာနိုင်ငံ၏နုနယ်သေးသောဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို တင်စားပြောဆိုခဲ့သည်။

ဆက်လက်ပြီးရဟန်းမင်းဘိုက ““၁၉၆၂ ခုနှစ်ကစပြီး မြန်မာနိုင်ငံသားတွေအတွက် ခရစ်တော်အသေခံတော်မူခဲ့သော ကာလ်ဝါရီတောင် သည် နိုင်ငံသူ နိုင်ငံသားများ၏ အစာငတ်ပြတ်ခြင်း၊ စာသင်ကြားခွင့် မရရှိခြင်း၊ အခြေခံလူ့အခွင့်အရေးကို တောင်းဆိုခြင်းကြောင့် အဖမ်းခံရခြင်းနှင့်ထောင်ချခံရခြင်းအပြင် ထောင်ပေါင်းများစွာသော နိုင်ငံသူ/သားများသည် သေဆုံးခြင်း နှင့်ပျောက်ဆုံးမှုများကြုံခဲ့ကြရသည့်အပြင် ကက်သလစ်သာသနာတော်သည်လည်း မိမိ၏ ဆင်းရဲသားများအတွက် အစေခံမှုလုပ် ငန်းများကို ပိတ်ပင်ခံရပြီး သာသနာပြုနိုင်ငံခြားသားများသည်လည်း ပြည်နှင်ဒါဏ်ပေးခံခဲ့ကြရသည်”” ဟု စစ်အာဏာရှင်စနစ်ကို မီးမောင်းထိုးပြတော်မူသည်။

ရဟန်းမင်းအမတ်မောင်ဘိုက ““ဒီလိုမျိုးခက်ခဲတဲ့နှစ်တွေထဲမှာ မြတ်စွာဘုရားသခင်သည် မြန်မာနိုင်ငံကို မပစ်ထားခဲ့ဘဲ ဖိနှိပ်မှုတွေ ကြားထဲတွင် ခရစ်ယာန်ဘာသာသည် သမ်္မာကျမ်းစာထဲက မုန်ညှင်းစေ့ကဲ့သို့ တဖြည်းဖြည်း ကြီးထွားလာခဲ့ကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း ၄၀ တုန်းက ကက်သလစ်ခရစ်ယာန်ဘာသာဝင်ဦးရေ (၁၀၀၀၀၀) တစ်သိန်းမှ ယခုဆိုလျှင် (၇၀၀၀၀၀) ခုနှစ်သိန်း၊ ရဟန်း (၁၆၀) မှ ယခုဆိုလျှင် ရဟန်းပေါင်း (၇၀၀) ရှိနေပြီဖြစ်ကြောင်း၊ တချိန်က သီလရှင် အပါး (၃၀၀) ဝန်းကျင်မှ ယခုဆိုလျှင် သီလရှင် (၂၂၀၀) ပါး ရှိနေကြပြီး ၎င်းတို့ထဲတွင် ၆၀% သော သီလရှင်များသည် အသက် (၄၀) အောက်တွင် ရှိနေကြကြောင်း”” ဖြင့် မီးမောင်းထိုးပြခဲ့သည်။

ထို့အပြင် ကာဒီနယ်ချားလ်စ်ဘိုက ““နုနယ်သေးသော်လည်း လန်းဆန်းတက်ကြွနေသော မြန်မာပြည်ကက်သလစ်သာသနာတော် သည် တိုင်းပြည်၏လူမှုဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဂရုဏအဖွဲ့အစည်းပေါင်း (၁၆) ခုဖြင့် ဖွဲ့စည်းလှုပ်ရှားနေကြောင်း၊ မကြာခင်ကစ ပြီး တခြားနိုင်ငံသို့ သာသနာပြုရဟန်းများကို စေလွှတ်နိုင်သော နိုင်ငံဖြစ်ပြီ ဖြစ်ကြောင်း”” ဖြင့် ဝေမျှတော်မူခဲ့သည်။

နောက်ဆုံးတွင်မူ ကာဒီနယ်က ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွန်းပြီး ““သူမရဲ့ခိုင်မာသော သတ်္တိကြောင့် မြန်မာစစ်တပ်ကိုပင် တုန်လှုပ်စေနိုင်ခဲ့ကြောင်း၊ သူမ၏တိတ်ဆိတ်ခြင်းနှင့် သူမ၏အကျဉ်းသားတစ်ဦးအဖြစ် ကယ်တင် ခြင်းဆိုင်ရာ ကြုံတွေ့ရသော ဒုက်္ခဝေဒ နာများသည် ဆယ်စုနှစ်ပေါင်းများစွာသော ဖိနှိပ်မှုကို အရည်ပျော်စေခဲ့ပြီး ထွန်းသစ်စ ဒီမိုကရေစီကို မြန်မာနိုင်ငံ တွင် ပေါက်ဖွားစေခဲ့သည်”” ဟု အမွမ်းတင်ချီးမွှမ်းခဲ့သည်။ ၀၀၅ ဝင်းလှိုင်ဦး

1553  Views
Previous: ကြေးစားဆွီဇလန်နိုင်ငံသားများက ထမ်းဆောင်နေသောဗာတီကန်လုံခြုံရေးရဲတပ်ဖွဲ့များအား ခရစ်တော်ဘုရား၏ သက်သေခံများဟု အမွမ်းတင်တော်မူ
Next: သင်မသိသေးသော ဗာတီကန်နိုင်ငံအကြောင်း (၁၀) ခု