ချင်းလူမျိုးများ၏ သင်္ကေတဖြစ်ကြသော အောက်ချင်းဌက်နှင့်တောင်ဇလပ်ပန်းများကို ထိန်းသိမ်းစောင့်ရှောက်ပေးကြရန် ဒုတိယသမ်္မတဟင်နရီဗန်ထီယိုးက မှာကြား

001

ရန်ကုန်၊ မေလ ၃၀၊ ၂၀၁၆

ရန်ကုန်မြို့ပေါ်ရှိ ချင်းလူမျိုးများက ပြည်ထောင်စုသမ်္မတမြန်မာနိုင်ငံတော်၏ ဒုတိယသမ်္မတ ဖြစ်သော ဟင်နရီဗန်ထီယိုးနှင့် ချင်း ပြည်နယ် ဝန်ကြီးချုပ်ဆလိုင်းဦးလျန်လွယ်တို့အား ဂုဏ်ပြုပွဲကို မေလ ၂၉ ရက်နေ့ ညနေ (၆) နာရီတွင် ရန်ကုန်ပြည်လမ်းမပေါ် ရှိ နိုဗိုတယ်ဟိုတယ်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြရာတွင် ဒုတိယသမ်္မတဦးဗန်ထီယိုးက အမျိုးတုန်းနေပြီဖြစ်သော ချင်းလူမျိုး များ၏သင်္ကေတဖြစ်ကြသော အောက်ချင်းဌက်နှင့်တောင်ဇလပ်ပန်းများကို ပြန်လည်ကာကွယ်ထိန်းသိမ်းပေးကြရန် ချင်းလူ မျိုးများအားလုံး ကို မှာကြားလိုက်သည်။

၎င်းအခမ်းအနားသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက်္ကဌ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ၏နာယက သူရဦးတင်ဦး (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီး-အငြိမ်းစား)နှင့်ဇနီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးအိုက်ဇက်ခင်နှင့် လွှတ်တော်အမတ်တချို့၊ ချင်းလူမျိုးများထဲမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ ဖိတ်ကြားထားသော ချင်းလူမျိုးစုများထဲမှ ကိုယ်စားပြု (၇၀၀) ကျော် တက်ရောက်ခဲ့ကြသည်ဟု သတင်းရရှိသည်။

ဒုတိယသမ်္မတဗန်ထီယိုးက ““ဒီအခမ်းအနားကို သမ်္မတကြီး ဦးထင်ကျော်နှင့်ပါတီဥက်္ကဌ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ် လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးလည်း တက်ရောက်လိုသော်လည်း လုပ်ငန်းတာဝန်များပြားမှုကြောင့် မတက်ရောက်နိုင်ကြောင်း၊ သို့သော် သူတို့နှစ်ဦးက ချင်းလူမျိုးတွေအားလုံးကို မှာကြားလိုက်တာကတော့ အမျိုးတုန်းနေပြီဖြစ်သော ချင်းလူမျိုးများ၏သင်္ကေတ ဖြစ်ကြသော အောက်ချင်းဌက်နှင့်တောင်ဇလပ်ပန်းများကို ပြန်လည်ကာကွယ်ထိန်းသိမ်းပေးကြရန်အမျိုးသားတာဝန် ရှိကြကြောင်း ကို ချင်းလူမျိုးများအား မှာကြားလိုက်ပါသည်”” ဟု ထည့်သွင်းမိန့်ကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းရှိ ချင်းလူမျိုးများ၏ လူဦးရေအရေအတွက်သည် (၅) သိန်းဝန်းကျင်သာ ရှိသည့်အနက် ချင်းပြည်နယ်တွင် မူ လူဦးရေ (၄) သိန်းဝန်းကျင် ရှိမည်ဟု ခန့်မှန်းရကာ ချင်းလူမျိုးများ၏အများစုမှာ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်လျက် ရှိနေကြပါသည်။

ချင်းပြည်နယ်သည် နိုင်ငံတော်အစိုးရ၏စားဝတ်နေရေးဖူလှုံမှုစစ်တမ်းအရ၊ မြန်မာနိုင်ငံတွင် အဆင်းရဲဆုံးသော ပြည်နယ်ဖြစ်သည်။ ထိုကဲ့သို့သော ဆင်းရဲခြင်း ပြင်းထန်မှုကြောင့်၊ လူဦးရေ (၁) သိန်းကျော်သည် မလေးရှားနိုင်ငံ၊ အိန်္ဒိယနိုင်ငံမှ အနောက်နိုင်ငံများသို့ သွားရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်လျက် ရှိနေကြပါသည်။

ထို့အပြင် ချင်းလူမျိုးများ၏ချစ်စရာအကောင်းဆုံးသော ရိုးသားခင်မင်သောလူမှုဆက်ဆံရေးပုံစံတစ်ခုကမူ၊ မိမိတို့မသိမခင်သော ဧည့်သည် (စီးပွားရေးသမားများ၊ တရားဟောဆရာများ စသဖြင့်) များကို မိမိတို့အိမ်တွင် တည်းခိုခွင့်ပေးသည့်အပြင် ၎င်းဧည့်သည် များကို အကောင်းဆုံးထမင်း (ဆန်)နှင့်အကောင်းဆုံးဟင်း (ကြက် သတ်ပေးခြင်း၊ မစားဝံ့သိမ်းထားသော အမဲခြောက်များ) ဖြင့် ချက်ကျွေးပြီး လွှတ်တတ်လျက် ရှိကြသည်။

ချင်းလူမျိုးများ၏ ရင့်ကျက်သော ဒီမိုကရေစီကျင့်စဉ်တစ်ခုကိုလည်း တင်ပြရလျှင်၊ ချင်းပြည်နယ်ရှိ ချင်းမိသားစုအများစုသည် တိုမီးသေနတ်ကိုယ်စီ ရှိကြသော်လည်း မိမိနှင့်စကားများရန်ဖြစ်သူများကို ၎င်းသေနတ်ဖြင့် ပစ်သတ်ခြင်းမျိုးကို မပြုလုပ်ကြဘဲ နှစ်ဖက်သော ဆွေမျိုးများ၏ ဖျန်ဖြေပေးခြင်းစနစ်ဖြင့် သဟဇာတရှိသော လူမှုဝန်းကျင်ကို တည်ဆောက်နေကြသည်။

ချင်းရိုးရာတရားစီရင်ခြင်းစနစ်သည်လည်း အတုယူစရာပင် ဖြစ်သည်။ လွန်ခဲ့သောနှစ်တွင် ရွာတစ်ရွာတွင် လိုင်းကားတစ်စီး မှောက်ရာ ၎င်းကားတွင် ပါလာသော ရွာသူ (၂) ဦးသည် သေဆုံးကြသော်လည်း ကားပိုင်ရှင်က လူတစ်ဦးသေလျှင် ခြုံပေးရသော စောင် (အနက်ရောင်လိုင်းပါရှိသော အဖြူရောင်ရိုးရာစောင်) နှင့်ဝက်တစ်ကောင်ဖြင့် လာရောက် တောင်းပန်ရာ၊ သေဆုံးသွားသော မိသားစုဝင်များက ကျေအေးခဲ့ကြသည်ကို တွေ့ရှိရသည်။ ၀၀၁ အယ်ဒီတာချုပ်

2059  Views
Previous: ၂၁ ရာစုပင်လုံညီလာခံလား၊ ပင်ပေါင်ညီလာခံလား။
Next: ချင်းလူမျိုးတပ်များကသောင်းကျန်းသူများလက်ထဲသို့ ကျရောက်လုနီးပါးဖြစ်သော မြို့တော်ရန်ကုန်ကို အသက်ပေးကာကွယ်ပေးခဲ့ခြင်းဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ကာကွယ်ပေးခဲ့ရဟု သမိုင်းပညာရှင်ဒေါက်တာလျန်မှုန်းစခေါင်းက ပြောကြား