ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်နိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် သာမန်ဘာသာဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ခန့်အပ်တော်မူ

Two-Person

ဗာတီကန်၊ ဇူလိုင် ၁၂၊ ၂၀၁၆ CNA

ရဟန်းမင်းကြီးဖရန်စစ်သည် ဗာတီကန်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ညွန်ကြားရေးမှူးများအဖြစ်  အမေရိကန်နိုင်ငံမှ သာမန် ဘာသာဝင်အမျိုးသား ဖြစ်သော ဂရဲဘတ်နှင့် အမျိုးသမီး ဖြစ်သော ပါလိုမာဂါဆီယာတို့ကို ဇူလိုင်လ (၁၁) ရက်နေ့က ခန့် အပ်တော် မူလိုက်သည်။

ထိုသို့ခန့်အပ်တော်မူခြင်းသည် ဗာတီကန်နိုင်ငံ၊ ရဟန်းမင်းကြီး၏ပြောရေးဆိုခွင့်ရှိသော ဘုန်း တော်ကြီးလွမ်ဘာဒီက ကာနွန် ဥပဒေ ဆိုင်ရာ အသက်တော် ကန့်သတ်ချက်ကို ရောက်ရှိပြီး၊ တာဝန်မှအနားယူလိုက်ပြီး နောက် တစ်ရက်တွင် ထိုကဲ့သို့သော သာမန် ဘာသာ ဝင်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ခန့်အပ် လိုက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးက သူတို့နှစ်ဦးအား ခန့်အပ်ပြီးနောက် တွေ့ဆုံ ရာတွင် ပါလိုမာဂါဆီယာက ရဟန်းမင်းကြီးသည် သိမ်မွေ့ပြီး ကြင်နာ တတ်သူ ဖြစ်သော်လည်း လေးနက်မှုနှင့် ပြတ်သားသူလည်း ဖြစ်သည်ကို သိလိုက်ရကြောင်း၊ ဗာတီကန်နိုင်ငံတွင် တာဝန် ထမ်း ဆောင်ရာတွင်သစ်္စာရှိခြင်း၊ မှန် ကန်စွာပြုမှုခြင်းနှင့် ပွင့်လင်းမြင် သာမှုရှိရမည်ဟု မိမိတို့အားမှာ ကြားတော်မူကြောင်း” ဖြင့် ပြန် လည်ဝေဌလိုက်သည်။

ပါလိုမာဂါဆီယာသည် ဗာတီကန်နိုင်ငံ၊ ရဟန်းမင်းကြီးရုံးထဲတွင် ပထမဆုံးသော သာမန်ဘာ သာဝင်အမျိုးသမီးတစ်ဦးအဖြစ် သမိုင်း တွင်လေပြီဖြစ်သည်။ ဂရဲ ဘတ်သည် ညွန်ကြားရေးမှူး အဖြစ်လည်းကောင်း၊ ပါလိုမာဂါဆီယာသည် ဒုတိယညွန်ကြား ရေးမှူးအဖြစ် လည်းကောင်း ဗာတီကန်နိုင်ငံ၏ ဆက်သွယ်ရေး ဝန်ကြီးဌာနတွင် တာဝန်အသီး သီးကို ထမ်းဆောင်ကြရမည် ဖြစ် သည်။

မိမိ၏တာဝန်နှင့်စပ်လျဉ်းပြီး ဂရဲဘတ်က ပြောကြားရာတွင် “ကျွန်တော် ဒီကြီးမားတဲ့တာဝန်ကို မရခင်မှာလည်း ဗာတီကန်နိုင်ငံရဲ့ ဆက်သွယ်ရေးဌာနမှာ အကြံ ပေးပုဂ်္ဂိုလ်အဖြစ် ၂၀၁၂ ခုနှစ် ကနေ ထမ်းဆောင်ခဲ့ပြီးသား ဖြစ် ပါတယ်။ ကျွန်တော့်အလုပ်က တော့ ရဟန်းမင်းကြီးကို အစေခံဖို့ဖြစ်ပါတယ်။ ရဟန်းမင်းကြီးက ကျွန်တော့်ကို ယုံကြည်လို့ ဒီတာဝန်ကိုပေးတဲ့အတွက် ကျွန် တော်ပျော်ရွှင်ပါ တယ်။ ကျွန်တော့် ရှေ့မှာ တာဝန်ထမ်းဆောင်ခဲ့ သော ဘုန်းဘုန်းလွမ်ဘာဒီဟာ အင်မတန်မှ အပင်ပန်းခံသူ၊ ရက် ရောသူ၊ ကြင်နာ သူနှင့် စိတ်ရှည် တဲ့ရဟန်းတစ်ပါးဖြစ်တယ်။ ဘုန်း ဘုန်းရဲ့ပါရမီတွေကိုကျွန်တော် တတ်နိုင်သမျှ လိုက်လံကျင့်ကြံဖို့ ဆုံးဖြတ်ထားတယ်” ဟု သတင်း ထောက်များအားရှင်းပြသည်။

ထို့နောက် ပါလိုမာဂါဆီယာကလည်း “ကျွန်မရဲ့အဓိက တာဝန်ကတော့ ရဟန်းမင်းကြီး မိန့်ကြားချင်တဲ့အတိုင်း ထုတ်လွှင့် ပေး ဖို့ ဖြစ်ပါတယ်။ အသစ်တွေ၊ အလှတွေဆင်ပေးဖို့ မဟုတ်ပါ ဘူး။ ကျွန်မက ဒီဗာတီကန်မှာ ပထမဆုံးသော သာမန်ကက်သလစ် ဘာသာဝင်အမျိုးသမီးလို့ ပြောကြားပါတယ်။ မှန်ပါတယ်။ ဒါပေမယ့် မယ်တော်မာရီယားက ကက်သလစ်သာသနာတော်ထဲမှာတော့ ပထမဆုံးသော အမျိုးသမီးမဟုတ်ဘူးလား။ ရှင်ပြန်ထ မြောက်တော်မူသော ခရစ်တော် ယေဇူးဘုရားကို ပြေးကြည့်သော အမျိုး သမီးများက ပထမဆုံးသော အမျိုးသမီးများ မဟုတ်ဘူးလား။ ကျွန်မလည်း သူတို့လိုဖြစ်အောင် ကြိုးစားလုပ်ဆောင်ပါ့မယ်” ဟု သတင်းထောက်များအား ပြော ကြားသည်။

ဂရဲဘတ်သည် ၁၉၅၉ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ စိန့်လွီဝီမြို့တွင် ကက်သလစ်မိသားစုမှ မွေးဖွားလာခဲ့ပြီး နယူးယောက်မြို့ရှိ ကိုလံ ဘီယာတက်္ကသိုလ်တွင် သတင်းဂျာနယ်ပညာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည့်အပြင် နာမည်ကြီးနိုင်ငံ တကာသတင်း ဌာနများ (ရိုက်တာ ၊ ဖော့်စ်ရုပ်မြင်သံကြားဌာနနှင့် တိုင်းမ်စ်မဂ်္ဂဇင်းများတွင်လည်း သတင်းနှင့် ဆောင်းပါးများစွာကို ၂၀၁၂ ခုနှစ်အထိ တင်ဆက်ရေး သားခဲ့သူ ဖြစ်သည်။

ပါလိုမာဂါဆီယာသည် စပိန် နိုင်ငံ၊ မဲဒရစ်မြို့တွင် ၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁၂) ရက်နေ့တွင် မွေး ဖွားခဲ့ပြီး မဲဒရစ်တက်္ကသိုလ်မှ သတင်းဂျာနယ်ဘွဲ့ကို ၁၉၉၈ ခုနှစ်တွင်လည်းကောင်း၊ ဘတ်စ်ကွီတက်္ကသိုလ်မှ သတင်းဂျာနယ် မဟာဝိဇ္ဇာဘွဲ့ကို ၂၀၀၁ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့ သောအမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမသည် အမေရိကန် သတင်းဌာန၏ အီတလီနိုင်ငံဆိုင် ရာ သတင်းအတွက် အီတလီတွင် နေထိုင်ပြီး တာဝန်ယူထုတ်လွှင့် သူလည်းဖြစ်ခဲ့သည်။

သူတို့နှစ်ယောက်စလုံးသည် အီတလီ၊ စပိန်၊ တရုတ်၊ ပြင်သစ် နှင့် အင်္ဂလိပ်စကားတို့ကို ကောင်းမွန်စွာရေးသားပြော ဆို နိုင်သူ ဖြစ်ကြသည်။     ဝင်းလှိုင်ဦး

1371  Views
Previous: မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်နိုင်ငံသံရုံးကို ရန်ကုန်မြို့၊ ခဝဲခြံ၊ မင်းသုံးပါးဘုရားကျောင်းနားရှိ အိမ်တွင် ဖွင့်လှစ်ရန် လျာထားသည်ဟု ကာဒီနယ်ချားလ်စ်ဘိုက ပြောကြားတော်မူ
Next: အင်းစိန်ထောင် မြန်မာပြည်၏ ဒုက်္ခဆင်းရဲမှုများမှ ပေါက်ဖွားလာသော ပုလဲရတနာတစ်လုံး