အင်းစိန်ထောင် မြန်မာပြည်၏ ဒုက်္ခဆင်းရဲမှုများမှ ပေါက်ဖွားလာသော ပုလဲရတနာတစ်လုံး

Inn-Sein

မြန်မာပြည် အင်းစိန်ထောင်တွင် တစ်နှစ်ကျော်ကြာ နိုင်ငံရေး အကျဉ်းသမားဟောင်းဖြစ်ခဲ့ဖူးသူ လူ့အခွင့်အရေး တက်ကြွလှုပ်ရှား သူ သည် ကက်သလစ်ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးအဖြစ် သိက္ခာခံယူခဲ့သည်။

လူဝတ်ကြောင်အမည် John Aron ဖာသာရ် James Mawdsley ဂျိမ်းမောလ်စလေသည် အင်းစိန် အကျဉ်းထောင်တွင် လေးရာ တစ်ဆယ့်ငါးရက် (၄၁၅) ရက် (တစ်နှစ်ကျော်) တစ်ဦးတည်း တိုက်ပိတ် အကျဉ်းချခံခဲ့ရပြီး သက္ကရာဇ် ၂၀၀၀ တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။

အမှန်တကယ်တော့ ဖာသာရ် မောလ်စလေသည် မြန်မာအစိုးရ၏ လူနည်းစု တိုင်းရင်းသားများအပေါ် ဖိနှိပ်သတ်ဖြတ်မှုများ အပေါ် ဆန္ဒပြခဲ့သည့်အတွက် ထောင်ဒါဏ် (၁၇) နှစ် ကျခံခဲ့ကာ အင်းစိန်ထောင်တွင် အချုပ်ခံ ခဲ့ရသည်။

ဖာသာရ် မောလ်စလေ၏ မိသားစုက သူလွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ်တက်ကြွ လှုပ်ရှားကာ တောင်းဆို မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သူလွတ် မြောက်လာခဲ့ရခြင်းဖြစ်သည်။

ဖာသာရ် မောလ်စလေသည် အကျဉ်းထောင်အတွင်း အလွန် ဒုက္ခခံစားခဲ့ရသည်။ တစ်ကြိမ်တွင် ထောင်စောင့်က သူ့အား အပြင်းအထန် ရိုက်နှက်နှိပ်စက် ခြင်းကြောင့် နှာခေါင်းကျိုးခဲ့ကာ မျက်ကွင်းများ ညိုမဲစွဲခဲ့ကြောင်း သူက ပြန်ပြောပြခဲ့သည်။

Lancashire လန်ကတ်ရှိုင်းယာနယ်ဖွား လှုပ်ရှားတက်ကြွသူ ဖာသာရ်မောလ်စလေသည် တစ် နေ့မိနစ် (၂၀) ခန့်သာ သူ၏ အကျဉ်းခန်းမှ ထွက်ခွာခွင့်ရခဲ့ပြီး ဤသို့သော အကျဉ်းချနှိပ်စက်မှု အား ကျော်လွှားနိုင်သည်မှာ ခရစ်ယာန်ယုံကြည်ခြင်းကြောင့် ဖြစ် သည်ဟု ပြန်လည်ပြောပြခဲ့သည်။

၂၀၀၈ ခုနှစ်ထုတ် Daily Telegraph သတင်းစာတွင် ဖာသာရ်မောလ်စလေက “ထောင်အတွင်းဒုက်္ခခံရစဉ် အကြီးမားဆုံး အကူအညီသည် ခရစ်တော်ထံမှလာသည်။ ခရစ်တော်၏ လက်ဝါးတိုင်လမ်း ဒုက္ခစရိယာကျင့်ခံခြင်းသည် ကျွန်ုပ်ခံစားနေရ သော ဒုက်္ခစရိယာအား အဓိပ္ပာယ်ရှိစေသည်။ လူ့လောက ငရဲစခန်းဖြစ်သော အင်းစိန်ထောင်ထဲတွင်ပင် သခင်ယေဇူးသည် ကျွန်ုပ်၏ ဒုက်္ခစရိယာကျင့်ခံခြင်း အား ဝမ်းမြောက်ရွှင်လန်းခြင်း Suffering and Misery into “ JOY” အဖြစ်သို့ ပြောင်းလဲပေးနိုင်ခဲ့သည်။

ဖာသာရ် မောလ်စလေသည် သူ၏ အကျဉ်းစခန်းအတွင်း သိမ်းထားခွင့်ရသည်မှာ ကက်သလစ် Missal မစ္ဆားတရားဝတ်ပြုကိုး ကွယ်ခြင်းဆိုင်ရာ စာအုပ်နှင့်  Bible သမ္မာကျမ်းစာ ဘုရားသခင်၏ နှုတ် ကပတ်တော်ဖြစ်သည်။

ဖာသာရ် မောလ်စလေသည် နယူးဇီလန်တွင် နေထိုင်စဉ်အချိန်အတွင်း ကရင် နှင့် အချို့သောစစ်ပြေးဒုက္ခသည်များ အား တွေ့ဆုံခွင့်ရခဲ့ကာ မြန်မာပြည်ရှိ ကရင် လူမျိုးများ၏ ဒုက်္ခအခက်အခဲ အသက် အိုး အိမ်ဆုံးရှုံးမှုများအား ကြားသိခွင့်ရရှိခဲ့ သည်။

ကရင်လူမျိုးများ ရွာလုံးကျွတ် လူမျိုး တုံးသတ်ဖြတ်ခံရသည်အား ကြားသိရသောအခါ ဖာသာရ် မောလ်စလေသည် မြန်မာ ပြည်သို လာရောက်ကာ အခြေအနေကို ကိုယ်တိုင်သိမြင်လိုလာခဲ့သည်။

ဖာသာရ် ဝေါလ်စလေသည် အင်းစိန် ထောင်အတွင်း အကျဉ်းကျခြင်းမခံရမီ မြန်မာပြည်မှ နှစ်ကြိမ်တိုင် မောင်းထုတ် ခြင်း ခံခဲ့ရသည်။
ဖာသာရ် မောလ်စလေသည် အင်းစိန် ထောင်မှ လွတ်မြောက်ခဲ့သည်နှင့်The Heart Must Break: The Fight for Democracy and Truth in Burma အမည်ရစာအုပ်ကို ရေးသားခဲ့သည်။ စာအုပ်အမည်အား ဘာသာပြန်ဆိုမည်ဆိုလျှင် “မြန်မာပြည်တွင် ဒီမိုကရေစီနှင့် အမှန်တရားအတွက်တိုက်ပွဲ” ဟုဖြစ်ပြီး သူ၏ထောင်တွင်းအတွေ့အကြုံအကြောင်း ရေးသားခဲ့သည်။

သူ၏ ဒုတိယစာအုပ်အမည်မှာThe Iron Road: A Stand for Truth and   Democracy in Burma ဖြစ်သည်။ ဒုတိယ စာအုပ်အမည်အား ဘာသာပြန်ဆိုမည်ဆိုလျှင် “သံမဏိလမ်းခရီးကြမ်း- မြန်မာ ပြည်တွင် ဒီမိုကရေစီနှင့် အမှန်တရား အတွက် ရပ်တည်ခြင်း” ဟုဖြစ်ပြီး မြန်မာ နိုင်ငံရေးအခြေအနေအကြောင်း ရေးသား ခဲ့သည်။

ဖာသာရ် မောလ်စလေ၏ ပထမဆုံး မစ္ဆားတရားတော်ကို ဂျာမနီနိုင်ငံ ဗာဗေးရီးယားပြည်နယ်တွင် ဇူလိုင်လဆန်း၌ ကျင်းပခဲ့သည်။

ယခုလက်ရှိ အချိန်တွင် ဖာသာရ် မောလ်စလေသည် အမေရိကန်နိုင်ငံ နယူးယောက်မြို့ The Priestly Fraternity of St Peter စိန်ပီတာ၏ ညီအစ်ကိုတော်များ ဘုန်းတော်ကြီးအသင်းဂိုဏ်း၏ ဘုရား ကျောင်းတွင် လက်ထောက်ဘုန်းတော်ကြီးအဖြစ် တာဝန် ထမ်းဆောင်နေသည်။

(စာရေးသူ မှတ်ချက် – အတိုကောက် FSSP – The Priestly Fraternity of St Peterစိန်ပီတာ၏ ဘုန်းတော်ကြီး ညီ အစ်ကိုတော်များ ဘုန်းတော်ကြီး အသင်း ဂိုဏ်းသည် ထုံးတမ်းအစဉ်အလာ လွန်စွာ ကျင့်သုံးသော အသင်းဂိုဏ်းဖြစ်သည်။ မစ်္ဆား တရားတော်မြတ်အား ၁၉၆၀ နှစ်များ မတိုင်မီကကဲ့သို့ ဘုန်းတော်ကြီးသာ် ပရိ သတ်အား ကျောပေးဝတ်ပြုသော ထုံးတမ်း အစဉ်အလာ၊ လက်တင်ဘာသာ စကားကို သာ မစ်္ဆားတရားတွင် အသုံးပြုခြင်း အစ ရှိသည်တို့ကို ကျင့်သုံးသည်။

ချစ်လှစွာသော ရဟန်းမင်းကြီး ဘက်နဒစ် ၁၆ ၏ အတည်ပြုခြင်းဖြင့် ပေါ် ပေါက်လာသောအသင်းဖြစ်ကာ ယခုအချိန်တွင် နိုင်ငံ (၃) နိုင်ငံတွင်သာ တည်ရှိ သေးသည်။ ထုံးတမ်းအစဉ်အလာ လိုက်စား သော်လည်း အသင်းဝင်များစွာရှိသော ဂိုဏ်းဖြစ်သည်။)

1638  Views
Previous: ရဟန်းမင်းကြီးဖရန်စစ်က ဗာတီကန်နိုင်ငံ၏ ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် သာမန်ဘာသာဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ကို ခန့်အပ်တော်မူ
Next: ဘုရားကျောင်းထဲတွင် ဘုရားဝတ်ပြုမစ်္ဆားပူဇော်နေသော ဘုန်းတော်ကြီး ဂျက်ဟာမေးလ်သည် အစ္စလာမ်မစ်အကြမ်းဖက်သမားနှစ်ဦး၏ လည်ပင်လှီးသတ်ဖြတ်ခြင်းခံရတော်မူ