ဆင်းရဲသားများကို ပွေ့ဖက်ကူညီပေးခဲ့သော အိန္ဒိယနိုင်ငံမှ သူတော်စင်မ မာသာရ်ထရေဇားကို ရဟန္တာအဖြစ် စက်တင်ဘာလ (၄) ရက်နေ့တွင် ကြေညာမည်

14117770_1849490391952963_4055187017411280133_n

ဗာတီကန်၊ သြဂုတ်လ ၁၇၊ ၂၀၁၆

အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် ဆင်းရဲသားများကို ပွေ့ဖက်ကူညီကြည့်ရှုပေးခဲ့သော သူတော်စင် မာသာရ်ထရေဇားကို ရဟန္တာအဖြစ် ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က စက်တင်ဘာလ (၄) ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

မာသာရ်ထရေဇားသည် ကက်သလစ်ခရစ်ယာန်ဘာသာဝင် သူတော်စင်တစ်ပါးဖြစ်တော်မူပြီး အိန္ဒိယနိုင်ငံ၊ ကလကတ္တားမြို့တွင် အခြေပြုကာ ဆင်းရဲသားများနှင့် အနာရောဂါသည်များကို ခရစ်တော်ဘုရား၏ ကိုယ်ပွားများအဖြစ် လက်ခံတော်မူပြီး ကူညီ စောင့်ရှောက်ပေးသော ကြောင့် သူမကို ကလကတ္တား မြို့၏ မာသာရ်ထရေဇားဟု လူသိများခဲ့သည်။

သူမသည်လက်ရှိ မာစီဒိုနီးယားနိုင်ငံ၏ တစ်စိတ်တစ်ပိုင်းထဲတွင်ပါဝင်နေသသော စကိုဂျေမြို့တွင်မွေးဖွားခဲ့သည်။ ထို့နောက်ကက်သလစ် ခရစ်ယာန် သီလရှင်အသင်းဂိုဏ်းဖြစ်သော လိုရေတိုသီလရှင်အသင်းဂိုဏ်းသို့ဝင်ရောက်ပြီးနောက် ၁၉၂၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံသို့ သာသနာပြုရန်စေလွှတ်ခြင်းခံရပြီး ၁၉၄၇ ခုနှစ်တွင်မူ အိန္ဒိယနိုင်ငံသူအဖြစ် ခံယူရရှိခဲ့သည်။  ထိုကဲ့သို့ အိန္ဒိယနိုင်ငံတွင် သာသနာပြုနေစဉ် ဆင်းရဲသားများ၊ သေလုနီးပါးဖြစ်နေသူများ၏ဘဝကိုမြင်တွေ့ပြီးနောက် ထိုကဲ့သို့သောလူနာများနှင့် ဆင်းရဲသားများကိုကူညီစောင့်ရှောက်ရန် ရည်ရွယ်ပြီး အာလ်ဘေးနီယားနိုင်ငံသူ ဖြစ်တော်မူပြီး ၁၉၅၀ ခုနှစ်တွင်မူ ဂရုဏာသီလရှင် သာသနာပြုများ အသင်းဂိုဏ်း ဟူသော သူ တော်စင်အသင်း ဂိုဏ်းကို စတင် ထူထောင်တော်မူခဲ့သည်။

သူမသည် ၁၉၉၇ ခုနှစ်တွင် ပျံလွန်တော်မူပြီးနောက် ရဟန်းမင်းကြီး ယောဟန်ပေါလူး (၂) က သူမကို ရဟန္တာအဖြစ် တင်မြောက်နိုင်မည့်
အခွင့်အရေးကို စတင်ဖွင့်ပေးခဲ့ရာ ၂၀၀၃ ခုနှစ်တွင်မူ သူမကို သူတော်မြတ်အဆင့်သို့ ကြေညာပေး တော်မူခဲ့သည်။    အယ်ဒီတာချုပ်

1227  Views
Previous: ၂၁ ရာစု ပင်လုံညီလာခံအတွက် ကာဒီနယ်ချားလ်စ်ဘိုက ညီလာခံကိုယ်စားလှယ်များအား အားပေးထောက်ခံတော်မူ
Next: ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အမျိုးသမီးများ၏ ဦးပဉ္ဇင်းသိက္ခာနှင့် ဆိုင်သော ရှေးဦးကက်သလစ် သာသနာတော်၏ ကျင့်စဉ်ကို လေ့လာရန် ကော်မရှင် တစ်ခုဖွဲ့စည်း