ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အမျိုးသမီးများ၏ ဦးပဉ္ဇင်းသိက္ခာနှင့် ဆိုင်သော ရှေးဦးကက်သလစ် သာသနာတော်၏ ကျင့်စဉ်ကို လေ့လာရန် ကော်မရှင် တစ်ခုဖွဲ့စည်း

14117733_1849449748623694_2691451045685594672_n

ဗာတီကန်၊ သြဂုတ် ၂၊ ၂၀၁၆ EWTN

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်က အမျိုးသမီးများ ၏ ဦးပဉ္ဇင်း သိက္ခာနှင့် ဆိုင်သော ရှေးဦးကက်သလစ် သာသနာတော်၏ ကျင့်စဉ်ကို လေ့လာရန် ကော်မရှင် သစ်တစ်ခုကို သြဂုတ် လ (၂) ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

ယခုကဲ့သို့ တမန်တော်ကြီးများ လက်ထဲကရှိခဲ့သော အမျိုးသမီး ဦးပဉ္ဇင်းကြီးများ၏ သဘော သဘာဝကို လေ့လာရန်အတွက် ကော်မရှင်သစ်ကို မဖွဲ့စည်း ခင်တွင်မူ ရဟန်းမင်းကြီးသည် ပြင်းထန်သော ဆုတောင်းခြင်းနှင့် ရင့်ကျက်ပြည့် စုံသော သုံးသပ်ခြင်းများကို လပေါင်းများစွာ အရင်ဆုံး ပြုလုပ်ပြီးမှ ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်ဟု ဗာတီကန် နန်းတော်က ကြေညာချက်ထဲတွင်ထည့်သွင်း ဖော်ပြထားသည်။

၎င်းကော်မရှင်သစ်ကို ယုံကြည်ခြင်းဆိုင်ရာ ယုံကြည်ရာ အချက်များဋ္ဌာန၏ အတွင်းရေးမှူ း ဖြစ်တော်မူသော ဂိုဏ်းချုပ် ဆရာတော်ကြီး လူးဝီစ် လာဒါရီယာဖေးရယ်က ဦးဆောင်ပြီး အဖွဲ့ဝင်ထဲတွင် အမျိုးသား (၅) ဦးနှင့် အမျိုးသမီး (၆) ဦး တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပါသည်။

ယခုကဲ့သို့သော ကော်မရှင်သစ်ဖြစ်ပေါ်လာခြင်းသည် ရဟန်းမင်းကြီးက ကက်သလစ် သီလရှင်များနှင့် တွေ့ဆုံစဉ်၊ သီလရှင်များက အမျိုးသမီးများကို ကက်သလစ် သာသနာတော်ထဲတွင် အဘယ်ကြောင့် ရာသက်ပန် အမျိုးသမီး ဦးပဉ္ဇင်းကြီးများကို မခန့်အပ်သနည်း ဟူသော မေးခွန်းကို သီလရှင် တစ်ပါးက ရဟန်းမင်းကြီး ဖရန်စစ်အား မေလ (၁၃) ရက်နေ့ ၂၀၁၆ ခုနှစ်တွင် စတင် မးမြန်းခြင်းမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

အမှန်စင်စစ်တမန်တော်ကြီးများလက်ထက် (အေဒီ ၃၅-၁၀၀) တွင်မူ အမျိုးသမီး ဦးပဥင်းကြီးများသည် တမန်တော်ကြီးများက ဆေးကြော ခြင်းပေးခြင်း၊ လူန အိမ်သို့ သွားရောက်ပြီး ဆုတောင်းပေးခြင်း စသော တာဝန်များကိုသာ လုပ်ဆောင်ခဲ့ကြပြီး သိက္ခာကိုမူ မရရှိခဲ့ကြောင်း ဖြင့် ရဟန်းမင်းကြီးက ၎င်းသီလ ရှင်အား ဖြေကြား ပေးတော်မူခဲ့သည်။

သို့သော် ယခုကဲ့သို့သော ကော်မရှင် ဖွဲ့စည်းခြင်းသည် အမျိုးသမီးများကိုရဟန်းသိက္ခာတင် ခွင့်ပြုရန်အတွက် လေ့လာချက် မဟုတ်သကဲ့သို့ ကက်သလစ်သာသနာတော်၏သွန်သင်ချက်ကိုလည်း ပြုပြင်ခြင်းလည်းမဟုတ်ကြောင်းဖြင့် ဗာတီကန်နန်းတော်က အတိအလင်း         ကြေညာထား ပေသည်။     ဂျိုးဇက်

1067  Views
Previous: ဆင်းရဲသားများကို ပွေ့ဖက်ကူညီပေးခဲ့သော အိန္ဒိယနိုင်ငံမှ သူတော်စင်မ မာသာရ်ထရေဇားကို ရဟန္တာအဖြစ် စက်တင်ဘာလ (၄) ရက်နေ့တွင် ကြေညာမည်
Next: ဘိန်းစွဲသူများကို သေနတ်ဖြင့်ပစ်သတ်ခြင်းသည် လူကိုသတ်ခြင်းဖြစ်ပြီး ရာဇဝတ်မှုကို ကျူးလွန်ခြင်းဖြစ်သည်ဟု ဆရာတော်ကြီးပါဘီလိုက ဖိလစ်ပိုင်သမ္မတအား ပြစ်တင်ရှုတ်ချ