ရဟန်းမင်းကြီးက ဗင်နီဇွဲလားသမ္မတ နစ်ကိုလက်စ် မာဒူရိုအား အတိုက်အခံပါတီများနှင့် နိုင်ငံသားများအကျိုးအတွက် တွေ့ဆုံဆွေးနွေးရန် အကြံပြု

011

ဗာတီကန်၊ အောက်တိုဘာလ ၂၅၊ ၂၀၁၆ BBC

ရဟန်းမင်းကြီး၏ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် ဗင်နီဇွဲလား၏ ပြိုင်ဘက် နိုင်ငံရေးအင်အားစုများကြား ညှိနှိုင်းဆွေးနွေးမှုများ စတင်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားတွင် သမ္မတ နစ်ကိုလက်စ် မာဒူရို၏ အစိုးရကို ထောက်ခံသူများနှင့် ၎င်းကို ဆန့်ကျင်သူများကြား အားပြိုင်မှုများ တရိပ် ရိပ် မြင့်တက်လာသည့်နောက် ရဟန်းမင်းကြီး ဖရန်စစ်က ကြားဝင်ခဲ့ခြင်း ဖြစ်သည်။ အတိုက်အခံများက မာဒူရို ကို ဖြုတ်ချနိုင်ရေး အတွက်လူထုဆန်္ဒခံယူပွဲတစ်ရပ် ပြုလုပ်နိုင်ရန် မျှော်လင့်နေကြသည်။

ရဟန်းမင်းကြီးသည် ကြိုတင်သတင်းထုတ်ပြန်မှုမရှိဘဲ ဗင်နီဇွဲလားသို့ ရောက်ရှိကာ မာဒူရိုနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလို အံ့အားသင့် ဖွယ် သဘောတူ ကြေညာချက်တစ်ရပ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗာတီကနန် နန်းတော်၏ ကိုယ်စားလှယ်များနှင့် ဒေသတွင်း အဖွဲ့အစည်း တစ်ရပ်ဖြစ်သော Unasurတို့က နှစ်ဖက် ညှိနှိုင်း ဆွေးနွေးမှုများတွင် ပါဝင်ကူညီမည်ဟု ဆိုသည်။

“ရဟန်းမင်းကြီးက ဗင်နီဇွဲလား နိုင်ငံရေး အသိုက်အ၀န်း အားလုံးအနေနဲ့ တည်ငြိမ်မှုကို လိုလားပြီး ကောင်းကျိုးဖြစ် ထွန်း စေ မယ့် ဆွေးနွေးပြောဆိုမှုတွေအတွက် သတ်္တိရှိရှိ နိုးကြားပါဝင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်”ဟု ဗာတီကန် နန်းတော်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အတိုက်အခံ မဟာမိတ်များ၏ ခေါင်းဆောင်ဖြစ်သူ ဂျီးဆက် တိုရီရယ်လ်ဘာက ဆွေးနွေးညှိနှိုင်းမှုများကို လက်ခံခဲ့သော်လည်း အစိုးရအတွက် အချိန်ပိုဆွဲနိုင်သည့် အခွင့်အရေးမျိုး ထပ်မရစေလိုကြောင်း ပြောကြားခဲ့သည်။

အတိုက်အခံများက ယခင် ဘတ်စ်ကားယာဉ်မောင်းတစ်ဦးအဖြစ် အသက်မွေးခဲ့ဖူးသူ မာဒူရိုသည် ဗင်နီဇွဲလား၏ စီးပွားရေး ကျဆင်း မှုများကို ဦးမော့လာအောင် စွမ်းဆောင်နိုင်သူမဟုတ်ဟု ဝေဖန်ထားကြသည်။ ရေနံအထွက် ကြွယ်ဝသည့် နိုင်ငံသည် လတ်တလောတွင် စားနပ်ရိက်္ခာ ပြတ်လပ်မှု၊ ကုန်ဈေးနှုန်း ကြီးမြင့်မှု ပြဿနာများနှင့် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသည်။

အတိုက်အခံ အင်အားစုများက အစိုးရ အနေဖြင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတစ်ရပ် ကျင်းပပေးပြီး မာဒူရိုကို သမ္မတအဖြစ် ပြည်သူများက သမ္မတအဖြစ် ဆက်လက် အယုံအကြည် ရှိမရှိ မဲခွဲဆုံးဖြတ်နိုင်ရန် ကြိုးစားလျက် ရှိသည်။

#ကုန်ဇမှုန်း

1239  Views
Previous: ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ သေဆုံးပါက မီးရှို့သဂြိုဟ်နိုင်သော်လည်း ၎င်းပြာမှုန့်ကိုမူ မိမိအစီအစဉ်ဖြင့် ထိန်းသိမ်းထားနိုင်ခွင့်မရှိကြောင်း ဗာတီကန်က ညွှန်ကြားချက်ထုတ်ပြန်
Next: ကက်သလစ်သာသနာတော်၏ ဦးနှောက်ဟု တင်စားခံရသော ဂျေဆွီရဟန်းများက အသင်းဂိုဏ်းခေါင်းဆောင်သစ်ကို ရွေးချယ်