ရဟန္တာများသမိုင်း၌ အသက်အငယ်ဆုံးသော ရဟန္တာများအဖြစ် ရဟန်းမင်းကြီးက သူတော်မြတ်ဖရန်စစ်ကိုနှင့် ဂျာစင်းတာတို့အား တင်မြှောက်မည်

ါူသမငေ

ဗာတီကန်၊ ဧပြီလ ၂၀၊ EWTN

ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည်  ပေါ်တူဂီနိုင်ငံ၊ ဖာတီမာမြို့မှ မယ်တော်မာရီယား ထင်ရှားပြခြင်း၏ နှစ် (၁၀၀) ပြည့်သောအချိန်တွင်  မယ်တော်မာရီယား၏ ကိုယ်ရောင်ထင်ရှားပြခြင်းကိုခံကြရပြီး သူတော်မြတ်များ အဖြစ်ကြေညာပြီး သော ဖရန်စစ်ကိုနှင့် ဂျာစင်းတာတို့အား ရဟန္တများအဖြစ် မေလ (၁၃) ရက်နေ့တွင် တင်မြှောက်တော့မည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

ထိုသို့သူတို့နှစ်ပါးအား ရဟန္တာ တင်မြှောက်ခြင်းအားဖြင့် သူတို့နှစ်ပါးသည် တရားတော်အတွက် အသတ်မခံရသော ရဟန္တာ အဖြစ်နှင့် အသက်အငယ်ဆုံးသော ရဟန္တာအဖြစ် ကက်သလစ် သာသနာတော်၌ သမိုင်းတွင်တော့မည် ဖြစ်ပေသည်။ ရဟန်းမင်းကြီး ဖရန်စစ်သည် မေလ (၁၂) ရက်နေ့မှ  (၁၃) ရက်နေ့အထိ ဖရန်စစ်စကို၊ ဂျာစင်းတာနှင့် လူစီယားတို့အား မယ်တော်မာရီယားကိုယ်ရောင် ထင်ရှားပြခဲ့သော ပေါ်တူဂီနိုင်ငံ၊ ဖာတီမာမြို့သို့ သွားရောက်မည်ဖြစ်သည်။

ထိုသို့ သူတို့နှစ်ပါးအား ရဟန္တာများ အဖြစ်သို့ တင်မြှောက်ရန် ဆုံးဖြတ်ခြင်းသည် ဧပြီလ (၂၀) ရက်နေ့၌ ရဟန်းမင်းကြီး ရုံးတော်တွင် ကျင်းပပြုလုပ်ခဲ့သော ရဟန်းအမတ်များ၏ အစည်းအဝေးမှ အတည်ပြုပေးလိုက်ခြင်းကြောင့် ဖြစ်သည်ဟု သတင်းရရှိသည်။ ၎င်းအစည်းအဝေးက သူတော်မြတ်အဆင့်သို့ ရောက်ရှိသွားကြသော သူတော်မြတ် (၁၀) ဦးကို ရဟန္တာ အဖြစ်သို့တင်မြှောက် ကြေငြာရန် ဆုံးဖြတ်ချက်ချလိုက်ခြ င်း ဖြစ်သည်။

ထို့ကြောင့် သူတော်မြတ် ဖရန်စစ်စ်ကိုနှင့် ဂျာစင်းတာတို့အပြင် ၁၆၄၅ ခုနှစ်က ဘရာဇီးနိုင်ငံ၌ ယုံကြည်ခြင်းကြောင့် အသတ် ခံကြရသော ရိုးရိုးကက်သလစ် ရဟန်းဖြစ်ခဲ့ကြသော အန်ဒရစ် ဒေဆိုဗေရာ၊ အမ်ဘရို ဂျီအို ဖရန်စစ်ကိုဖေရိုနှင့် သာမန် ကက်သလစ် ဘာသာဝင်ဖြစ်သော မာတေအိုမိုရောတို့လည်း ပါဝင်ကြသည်။ ထို့အပြင် ၁၅၂၉ ခုနှစ်က ယုံကြည်ခြင်းကြောင့် မက္ကဆီကိုနိုင်ငံတွင် အသတ်ခံကြရသော ဆယ်ကျော်သက်အရွယ်ရှိကြသော ခရစ်စတိုဘာ၊ အန်တိုနီအိုနှင့် ဂျွန်တို့ကို လည်းကောင်း၊ ၁၇၃၉ ခုနှစ်က အသတ်ခံရသော ကာပူချင်းသူတော်မြတ်အန်ဂျေ လိုဒါအခရီ၊ ကက်သလစ် သီလရှင် အသင်းဂိုဏ်း ထူထောင်ခဲ့သော ဘုန်းတော်ကြီး ဖော်စတီနားမီဂွက်အား၂၀၁၇ ခုနှစ်၊ အောက်တိုဘာ လ (၁၅) ရက်နေ့၌ ရဟန္တာအဖြစ် တင်မြှောက်ခြင်းကို ပြုလုပ်မည်ဖြစ်သည်။

သေဆုံးသွားကြသော ကက်သလစ် ခရစ်ယာန်ဘာသာဝင်ထဲမှာ သူတော်စင် ရဟန်းသီလရှင်များနှင့် သာမန်ကက်သလစ် ဘာသာဝင်များကို သူတော်မြတ်နှင့် ရဟန္တာများအဖြစ်သို့ တင်မြောက်ကြေညာခြင်းတာဝန်ကို ထမ်းဆောင်နေသူမှာ ရဟန်းအမတ် ကာဒီနယ်ဂျိုးဇက် ဆာရာဗာမာတင်းဖြစ်တော်မူပြီး ၎င်းကာဒီနယ်မာတင်းသည် တရားတော် အတွက် အသက်မခံရသော လူငယ်များကို ရဟန္တာများအဖြစ်သို့ တင်မြောက်နိုင်သော အခွင့်အလမ်းကို ပထမဆုံးအကြိမ် ဖွင့်လှစ်ပေး သူဖြစ်လေတော့သည်။ ဖရန်စစ်စကိုသည် သေဆုံးချိန်တွင် အသက်တော် (၁၁)နှစ်နှင့် ဂျာစင်းဂျာစင်းတာသည် အသက်တော် (၁၀)နှစ်မျှသာ ရှိကြသေးည်။

အမှန်စင်စစ် မယ်တော်မာရီယားသည် ၁၉၁၇ ခု နှစ်၊ မေလ (၁၃) ရက် နေ့၌ နွားကျောင်းနေကြသော ဖရန်စစ်စကို၊ ဂျာစင်းတာနှင့် လူစီယားတို့အား ကိုယ်ရောင်ထင်ရှားပြတော်မူခဲ့ပြီးစိပ်ပုတီးကို ပုံမှန်စိပ်ကြရန်နှင့် အပြစ်သားများ၏ ကိုယ်ကျင့် တရားပြောင်းလဲလာရေးအတွက် ခြိုးခြံခြင်းများကို ပြုလုပ်ကြရန် သင်ကြားပေးတော်မူခဲ့သည်။ သူတို့သုံးဦးတို့ သည် မယ်တော်မာရီယား မိန့်ကြားတော်မူသည့်အတိုင်း မိမိတို့၏ နေ့လည်စာများကို သူတောင်းစားအား ပေးကမ်းခြင်း၊ အစာမစားဘဲ နေထိုင်ခြင်းနှင့် နေပူကျဲကျဲ အချိန်တွင် ရေမသောက်ဘဲ  နေထိုင်ခြင်း စသည် တို့ကိုခြိုးခြံကျင့်ကြံခဲ့ကြသည်။

ဖရန်စစ်စကိုနှင့် ဂျာစင်းတာတို့သည် ၁၉၁၈ ခုနှစ်၊ အောက်တိုဘာလတွင်မူ ပလိပ်ရောဂါဖြင့် ပြင်းထန်စွာ ဖျားနာခဲ့ကြရာ မယ်တော်သခင်မက သူတို့ကို ကောင်းကင်နိုင်ငံသို ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းဖြင့် သူတို့အားထင်ရှားပြရင်း မိန့်ကြား တော်မူခဲ့သည်။ ထိုအခါ ကုတင်ပေါ်တွင် မလှုပ်ရှား  နိုင်တော့သော ဖရန်စစ်စ်ကိုသည် သူ၏ ပထမဆုံးအကြိမ် ကိုယ်ကိုယ်တော်မြတ်ပင့်ယူခွင့်ကို တောင်းဆိုပြီး ပင့်ယူခဲ့လေသည်။ ဖရန်စစ်စကိုသည် ၁၉၁၉ ခုနှစ် ဧပြီလ (၄) ရက်နေ့၌ သေဆုံးတော်မူပြီး ဂျာစင်းတာသည်လည်း ရင်ဘတ် ဝေဒနာဖြင့် ၁၉၂၀ ခု၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့၌သေဆုံး သွားခဲ့သည်။

အမှန်စင်စစ် ကက်သလစ် သာသနာတော်သည် ဆယ်ကျော်သက်ရွယ်ဘာသာဝင်များအား ရဟန္တာအဖြစ်တင်မြှောက်ခြင်း မရှိခဲ့ပေ။  ဤအချက်နှင့် ပတ်သက်ပြီးသူတော်မြတ်နှင့်ရဟန္တာများအ ဖြစ်သို့ တင်မြှောက်ခြင်းဝန်ကြီးဌာမှ ဝန်ကြီးဖြစ်သော ရဟန်းအမတ်ကာဒီနယ်  ဂျိုးဇက်ဆာရာဗာမာတင်းက “သာမန်အားဖြင့် ဆယ်ကျော်သက်အရွယ် ကလေးငယ်များသည် ခရစ်ယာန်ပါရမီများကို ရဲရင့်စွာ ကျင့်ကြံနိုင်ခြင်း မရှိသေးသောကြောင့် ယခင်က ၎င်းဆယ်ကျော်သက်ရွယ်များအား ရဟန္တာ များအဖြစ် တင်မြှောက်ခြင်းကို သာသနာတော်က မပြုလုပ်နိုင်ကြောင်း၊ သို့သော်ဖရန်စစ်စကို နှင့် ဂျာစင်းတာတို့သည် ခရစ်ယာန်ပါရမီများကို ရဲရင့်စွာ ကျင့် ကြံခဲ့ကြသည်ကို တွေ့ရှိရပါသည်” ဟု မိန့်ကြားတော်မူသည်။

၎င်းဖရန်စစ်စကိုနှင့် ဂျာစင်းတာတို့က ရဲရင့်စွာကျင့်ကြံခဲ့သော ခရစ်ယာန်ပါရမီ ဖြစ်စဉ်ကမူ ပေါ်တူဂီကွန်မြူနစ်အစိုးရ၏ ဖာတီမာမြို့တော်ဝန်က“ဖရန်စစ်စကို၊ ဂျာစင်းတာနှင့် လူစီယားတို့သုံး ဦးအား မိမိတို့ မြင်တွေ့ခဲ့ရသော ဖာတီမာမြို့၏ မယ်တော်မာရီယား၏  ကိုယ်ရောင်ထင်ရှားပြခြင်းနှင့် ပတ်သက်ပြီး ၁၉၁၇ ခုနှစ်၊  သြဂုတ်လ ၁၃  ရက်နေ့တွင်ဖမ်းဆီးပြီး ဂျာစင်းတာကိုအခန်း တစ်ခန်းသို့ သီးသန့် ခေါ်ဆောင်ပြီးလှောင်ထားကြောင်း၊ ရဲများက ဂျာစင်းတာသည် ဆီဖြင့်လောင်းပြီး မီးရှို့သတ်ဖြတ်ခြင်းကို ခံရပြီဖြစ်၍ မယ်တော်မာရီယာ၏တန်ခိုးပြခြင်းကို မိမိတို့က လုပ်ကြံဖန်တီးခြင်း ဖြစ်သည်ဟု ပြောဆိုရ မည်ဖြစ်ကြောင်း၊ ထိုသို့မပြောဆိုလျှင် ဖရန်စစ်စကိုနှင့် လူစီးယားတို့ အားလည်း မီးရှို့သတ်ဖြတ်မည် ဖြစ်ကြောင်းဖြင့် ခြိမ်းခြောက်ခဲ့သော်လည်း သူတို့နှစ်ဦးကမိမိတို့သည်မယ်တော်မာရီယား ထံတော်မှအမှန်တကယ် ကိုယ်ရောင် ထင်ရှား ပြခြင်းကိုခံကြရပြီးလိမ်ညာပြောဆိုခြင်းမဟုတ်ကြောင်း၊ ထို့ကြောင့်မိမိတို့သည် အသတ်ခံရမည်ကို မကြောက်ပါ”ဟု ရဲရင့်စွာ ထွက်ဆိုခဲ့ကြသည်ဟု မီးမောင်းထိုးပြတော်မူလိုက်သည်။

ဆက်လက်ပြီး ကာဒီနယ် မာတင်းက “ဤကဲ့သို့သော သူတို့နှစ်ဦး၏ ရဲရင့်သော ခရစ်ယာန်ပါရမီများကြောင့် သူတို့နှစ်ဦးအား ရဟန်္တာအဖြစ် တင်မြှောက်ရန်အဆိုတင်သွင်းခဲ့ခြင်း   ဖြစ် သည်။ သူတို့နှစ်ဦးကဲ့သို့ပင် ဖာတီမာ အဖြစ်အပျက်သာမက ခရစ်ယာန် ဘ၀ အသက်တာ၌လည်း   ဆယ်ကျော်သက်ရွယ်ကလေးငယ်များသည်  ခရစ်ယာန်ပါရမီများကို  ရဲရင့်စွာ ကျင့်ကြံ ခဲ့ကြလျှင်မူရဟန္တာအဖြစ် တင်မြှောက်ခြင်းကို ရရှိကြမည်ဖြစ်သည်” ဟု သတင်းထောက်များအားရှင်းပြတော်မူသည်။ လူစီယားသည်ကာမလိုက်သီလရှင်အသင်းဂိုဏ်းသို့သူတော်စင်အဖြစဝင်ရောက်ဝင်ရောက်ပြီးနောက်၂၀၀၅ခုနှစ်တွင်ပျံလွန်သွားပြီဖြစ်သည်။

သီလရှင်လူစီယားသည် မယ်တော်မာရီယားက မိမိတို့ (၃) ဦးအား ကိုယ်ရောင်ထင်ရှား ပြခဲ့ချိန်၌ မိန့်ကြားခဲ့သော စကားများနှင့် တွေ့ကြုံခဲ့သော အဖြစ်အပျက်များ အကြောင်းကို စာဖြင့်မြောက်မြောက်များစွာ ရေးသားခဲ့ပြီး ကက်သလစ် သာနာတော်က ၎င်းစာများကို စစ်ဆေးမှုများ ပြုလုပ်လျက် တချိန်ချိန်တွင် သူမကို ရဟန္တာအဖြစ် တင်မြှောက်နိုင်ရန် လုပ်ဆောင် နေပြီဖြစ်ကြောင်းသိရှိ ရပါသည်။

1273  Views
Previous: မြန်မာနိုင်ငံအစိုးရက ဗာတီကန်နိုင်ငံ (ရဟန်းမင်းကြီးရုံး) သံရုံးကို ရန်ကုန်မြို့၌ ဖွင့်လှစ်ခွင့်ပြုလိုက်ပြီ
Next: ကန့်သတ်ချုပ်ခြယ်ခံကြရသော ရခိုင်ပြည်နယ်က ဘင်္ဂလီလူမျိုးတွေကို သွားလာခွင့်ပြုပါ။