မိုးညှင်းပြည်သူဆေးရုံ၌ လိုအပ်သည့် ဆရာဝန်ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေးစေလို

6-b

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ ကုတင် ၁၀၀ဆန့်ပြည်သူ့ဆေးရုံကြီးမှာ မိုးညှင်းခရိုင် အတွင်းရှိ ပြည်သူ များအတွက် ကိုယ်စားပြုသော်လည်း ယခုအခါအားကိုးပြုလောက် သည့် ဆေးရုံအဆင့်မျိုး မရှိတော့ဟု မိုးညှင်းဒေသခံတို့က ဆိုသည်။

မိုးညှင်းဆေးရုံကြီးမှာ ဆေးရုံဖွဲ့စည်းပုံအရ အထူးကုသမားတော်(၈)ဦးနှင့် လက်ထောက် ဆရာဝန် (၁၈)ဦး ရှိနေရမည်ဖြစ်သော်လည်း လက်တွေ့တွင် လက်ထောက်ဆရာဝန်၂ဦးနှင့် လည်ပတ်နေရသည့်အပေါ် ဒေသခံများက အကြံပြုပြော ဆိုခြင်းဖြစ်သည်။

“ ပေါင်နဲ့ရင်ဘတ်ထဲက မှိုင်းမှန်ထားတဲ့ယမ်းစတွေထုတ်ဖို့ မိုးညှင်းဆေးရုံကြီးက ဆရာဝန်ချိန်းထားတဲ့ အချိန်မှာသွားခဲ့တယ်၊ ဆရာဝန်မရှိလို့ မထုတ်ခဲ့ရ ဘူး၊ ဆေးရုံကအရင်လိုမဟုတ်တော့ဘူး၊ လူနာတွေ အပေါ်ဆက်ဆံတာ အများ ကြီးပြောင်းလဲနေတယ်” ဟု မှိုင်းထိမှန်သည့် ဝေဒနာခံစားနေရသည့် မိုးညှင်းသား တစ်ဦးက ပြောသည်။

အမှန်တကယ်လိုအပ်လျက်ရှိသည့် ဆရာဝန်များကိုသက်ဆိုင်ရာမှထပ်မံချပေးနိုင်ရန် အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များနှင့်သက်ဆိုင်ရာပြည်နယ် အဆင့်ဆင့် သို့ တင်ပြတောင်းခံမှုများ လည်း ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“လူနာတွေအပေါ် လုံခြုံရေးစောင့်ရှောက်မှုအပိုင်းတွေမှာလည်း မပြည့်စုံသေးပါဘူး၊ လိုအပ်ချက်တွေ ရှိနေပါသေးတယ် ” ဟု မိုးညှင်းဆေးရုံမှ တာဝန်ကျဝန်ထမ်းတစ်ဦးက ဆိုသည်။ တစ်ရက်လျှင် ခွဲစိတ်လူနာ၅ဦး၆ဦးခန့်နေ့စဉ်ရှိပြီး အတွင်းလူနာက (၁၂၀)ကျော် ခန့်ရှိကြောင်းကိုလည်း ၎င်းထံမှ သိရှိရသည်။

“ ဆေးရုံဖျားနာဆောင်၊ခွဲစိတ်ဆောင်၊သားဖွားမီးယပ်ဆောင်၊ အရိုးဆောင်၊ ကလေးဆောင်တွေမှာ ရှိတဲ့ လုပ်ငန်းတွေကို အထူးကုသမားတော်တစ်ဦးစီကဘဲ လူနာစာရင်းပြုစုတာကအစ အစအဆုံး လုပ်ဆောင် နေကြရတယ်၊ တွဲပြီးလုပ်ဆောင်ဖို့ ဆရာဝန်တွေ လိုနေပါတယ်၊ လက်ထောက် ဆရာဝန် တွေ မရှိလို့ အရေးကြီး ခွဲစိတ်မှုတွေအတွက် သူနာပြုတွေနဲ့သာ ပူးတွဲဆောင်ရွက်နေရတာမျိုးလည်း ရှိတယ်”ဟု မိုးညှင်းဆေးရုံမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေ့စဉ်လူနာနှင့်ဆရာဝန်အင်အားမမျှသည့်အတွက် လူနာတွေ အပေါ် စေတနာရှိသော် လည်း ဆေးရုံ၌ရှိသည့် ဆရာဆရာမများမှာ အလွန်ပင်ပမ်းနွမ်းနယ်နေကြသည်ဟူ၍ လည်း သမားတော် တစ်ဦးက ဆိုသည်။

ထို့ကြောင့် နေ့စဉ်နှင့်အမျှမလိုလားအပ်သည့် အသက်ဆုံးရှုံးမှုများမရှိစေရန် အမှန်တ ကယ် လိုအပ်နေသည့် ဆရာဝန်များကို အမြန်ဆုံးချမှတ်ပေးစေလိုသည်ဟု မိုးညှင်းမြို့ခံ တို့က ဆိုသည်။

1354  Views
Previous: ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ရခိုင်လက်နက်ကိုင်တပ်များ ချထားပေးရေး တောင်းဆိုတော့မည်
Next: ပုသိမ်မြို့၌ တရားမဝင်လူကုန်ကူးမှု အရေးယူပေးရေး ဆန္ဒထုတ်ဖော်နေ