ရဟန်းမင်းကြီးရုံးတော်က ကိုယ်တော်မြတ်နှင့် စပျစ်ရည်တို့၏ ကုန်ကြမ်းနှင့်စပ်လျဉ်းပြီး သတ်မှတ်ထားသော စံနှုန်းများအတိုင်း ကြီးကြပ်ကြရန် ကက်သလစ်ဆရာတော်ကြီးများအား လမ်းညွှန်

20544037_2024313794470621_8364246479234781162_o

ဗာတီကန်၊ ဇူလိုင်လ ၁၂၊ ၂၀၁၇ CNA

ရဟန်းမင်းကြီး ရုံးတော်က တကမ္ဘာလုံးဆိုင်ရာ ကက်သလစ် ဆရာတော်ကြီးအား  ကိုယ်တော်မြတ် မုန့်နှင့် စပျစ်ရည်တို့၏ ကုန်ကြမ်းနှင့် စပ် လျဉ်းပြီးသတ်မှတ် ထားသော စံနှုန်းများအတိုင်း ကြီးကြပ်ကြရန် ဇူလိုင်လ (၁၂) ရက်နေ့က လမ်းညွှန်ချက် ထုတ်ပြန်လိုက်သည်။

၎င်းလမ်းညွှန်ချက်၌ ရဟန်းက ဂျုံ မုန့်နှင့်စပျစ်ရည် တို့အပေါ် ပရိတ်ရွတ်ပြီး ကောင်းကြီးပေးကာ ဖန်ဆင်းပြီးနောက်  ခရစ်တော်ယေဇူး၏ အသွေးတော်နှင့် အသားတော် အဖြစ်သို့ အမှန်တ ကယ်ပြောင်းလဲ သွားသည်ဟု ကက်သလစ် သာသနာတော်က ယုံကြည်နေသော ကိုယ်တော်မြတ် မုန့်နှင့် စပျစ်ရည်တို့ ကုန်ကြမ်းများ (ဂျုံမုန့်နှင့် စပျစ်ရည်) တို့သည် သဘာ၀ အတိုင်းသာ အသုံးပြုရ မည်ဖြစ်ကြောင်းဖြင့်
၎င်းစာထဲ၌ ဖော်ပြထားသည်။

ကက်သလစ် သာသနာတော်၏ ယဇ်ပူဇော်ခြင်း ဆိုင်ရာ ဝတ်နည်းအရ ခရစ်တော် ယေဇူး၏ အသွေးတော်နှင့် အသားတော် အဖြစ်သို့ အမှန်တ ကယ်ပြောင်း လဲသွားသော ဂျုံမုန့်နှင့်စပျစ် ရည်ထဲတွင် ၎င်းအရာ (၂) ခု၏ သဘာဝအ ရသာကို ဖျက်ဆီးပြောင်း လဲစေမည့် အရောင် တင်မှုန့်များ၊ အချိုရည်များ၊ ပျားရည်များ၊ တဆေးများ၊ သကြားများနှင့် အသီးအနှံ များကို ရောစပ်ခြင်း မပြုရန်လုံး၀ တားမြစ် ထားသည်။

ဗာတီကန်နန်း တော်က ယခုကဲ့သို့ ကက်သလစ်ဆရာ တော်ကြီးများအား သတိပေးပြောကြား ရခြင်းအကြောင်းရင်း တစ်ခုကမူ  ကက်သ လစ်သာသနာတော်၏ မစ္ဆားပူဇော်ခြင်းထဲတွင် အသုံးပြုနေကြသော မုန့်တော်နှင့် စပျစ်ရည်များသည် ရှေးယခင်ကဲ့သို့ ကက်သလစ်သူ တော်စင်များကသာ  ထုတ်လုပ်ခြင်းမ ဟုတ်တော့ဘဲ ယနေ့ခေတ် ကြီးထဲတွင် ၎င်းမုန့်တော်နှင့် စပျစ်ရည်များကို အင်တာနက်ပေါ် ဈေးဝယ်ဌာန များနှင့်စတိုးဆိုင် များတွင် ရောင်းချခြင်းများ ပြုလုပ် လာခြင်းကြောင့် သဘာဝအရသာ မဲ့နေသော ဂျုံနှင့် စပျစ်ရည်များကို အသုံးပြုရခြင်း မရှိရလေအောင် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ် သည်ဟု ရဟန်းအမတ် ရောဘတ်ဆာရတ် (ဘုရားဝတ်ပြုခြင်းနှင့် မင်္ဂလာ များဆိုင်ရာဝန်ကြီး) က ရေးသားဖော်ပြ ထားတော်မူသည်။

ကက်သလစ် သာသနာတော်သည် ဂျုံမုန့်နှင့် စပျစ်ရည်ထဲတွင် ၎င်းအရာ (၂) ခု၏ သဘာဝအရ သာကို ဖျက်ဆီးပြောင်း လဲစေမည့် အရောင် တင်မှုန့်များ၊ ပုပ်သိုးသော စပျစ်သီးများ၊ အချိုရည်များ၊ ပျားရည်များ၊ တဆေးများ၊ သကြားများနှင့် အသီးအနှံများကို ရောစပ် ခြင်းပြုလျှင်ရဟန်းက မင်္ဂလာစကားရွတ်ပြီး ကောင်းကြီးပေး ဖန်ဆင်းထားသော မုန့်တော်နှင့် စပျစ်ရည်တို့သည် ခရစ်တော်ဘုရား၏ အသားတော်နှင့် အသွေးတော် အဖြစ်သို့ အမှန်တကယ် ပြောင်းလဲခြင်းအထ မမြောက်ကြောင်းနှင့် ထိုသို့ရောစပ်ခြင်းသည် ကြီးလေး သော အလွဲသုံးစား မှုပြုခြင်းဖြစ်သည် ဟုလက်ခံထားသည်။

၎င်းလမ်းညွှန် ချက်တွင် ဗာတီကန်က “သက်ဆိုင်ရာကက် သလစ်ဆရာတော်ကြီး တိုင်းသည် မိမိတို့၏ ကျောင်းထိုင်ဘုန်း တော်ကြီးများ အားသတိပေးကြပ် မတ်ရန်နှင့် မိမိတို့နိုင်ငံရှိ ဆရာတော်ကြီးများ အဖွဲ့ချုပ်၏ သဘောတူညီ ချက်ဖြင့် ခရစ်တော်ဘုရား၏ အသား တော်နှင့် အသွေးတော် အတွက် အသုံးပြုရသော ဂျုံနှင့်စပျစ်ရည် များ၏ အရည်အသွေးကို စစ်ဆေး နိုင်ရန် လိုအပ်သောလုပ်ထုံးလုပ် နည်းများကို ပြဌာန်းနိုင်သည်” ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် ကက်သလစ်သာ သနာတော်က “ဘာသာဝင်တစ်ဦးဦးက မိမိကျန်းမာရေး အခြေအနေအရ ဂျုံမုန့်ဖြင့် ပြုလုပ်ထားသော ကိုယ် တော်မြတ် မုန့်တော်ကို ပင့်ယူသုံးဆောင်ရန် မဖြစ်နိုင်လျှင်လည်း ခရစ်တော်၏ အသွေးတော်ဖြစ်သော စပျစ်ရည်ကို သောက်သုံးခြင်းဖြင့် လုံလောက်ကြောင်း၊ အကြောင်းမူကား ခရစ်တော်ဘုရားသည် ကိုယ်တော်မြတ် မုန့်တော် ၌လည်းကောင်း၊ စပျစ်ရည်ထဲ၌ လည်းကောင်း တည်ရှိတော် မူသည်” ဟု သွန်သင်ပေး ထားသည်။

1053  Views
Previous: ရဟန်းမင်းကြီးဟောင်း ရဟန္တာယောဟန်ပေါလူး (၂) က ရဟန်းမင်းကြီးတာဝန်မှ အနားယူရန်စီစဉ်ခဲ့ဖူး
Next: လိင်တူချင်းဆက်ဆံသော ယောင်္ကျားများနှင့် လိင်တူချင်းဆက်ဆံသောမိန်းမများက မိမိတို့အခေါ်ခံလိုသည့်အတိုင်း ခေါ်ဝေါ်သင့်သည်ဟု ကာဒီနယ် ဘလေ (စ်) ဂျုပိက မိန့်ကြားတော်မူ