နိုင်ငံတကာအဖွဲ့အစည်းပေါင်း နှစ်ဆယ်ကျော် ရခိုင်၌ ရုံးခန်းပြန်လည်ဖွင့်လှစ်

9-b

ရခိုင်ပြည်နယ်စစ်တွေမြို့၌ ကုလသမဂ္ဂအဖွဲ့အစည်းပါ အဝင် နိုင်ငံတကာအဖွဲ့အစည်းနှစ် ဆယ်ကျော် ရုံးစိုက်ထားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်။

မတ်လ ကုန်ပိုင်း၌ စစ်တွေရှိ ယူအမ်နှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ ရုံးခန်းများ ဖျက်ဆီးခံရပြီး နောက်ပိုင်း ၎င်းတို့၏ကယ်ဆယ်ရေးလုပ်ငန်းများ၊ကျန်း မာရေးစောင့်ရှောက်မှုနှင့်ရိက္ခာထောက်ပံ့မှုလုပ်ငန်းများ ရပ်ဆိုင်း ထားခဲ့ရာမှ လက်ရှိအချိန်၌ အဆိုပါအဖွဲ့အစည်းများ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။

ပြည်နယ်အစိုးရအဖွဲ့မှရရှိသော စာရင်းအရ ယခုလ ၁၇ရက်နေ့ထိ ကုလသမဂ္ဂအဖွဲ့ အစည်း ၁၀ဖွဲ့နှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၃ဖွဲ့၊မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား ဝန်ထမ်းပေါင်း၂၀၅ ဦးရှိကြောင်းသိရှိရသည်။

“ အဖွဲ့အစည်းရဲ့ရုံးတွေကိုတော့ စစ်တွေမြို့ပြည်တော်သာရပ်ကွက်မှာ ချပေးထားပါတယ်၊ ဂိုဒေါင်တွေကိုတော့ အစိုးရနည်းပညာသိပ္ပံအထက်တန်းကျောင်းမှာစီစဉ်ထားပါတယ်၊ WFP နဲ့ ယူအမ် အဖွဲ့တစ်ချို့ရဲ့ သိုလှောင်ရုံတွေကိုတော့ အရင်နေရာတွေမှာဘဲ ထားပါတယ်” ဟ ုပြည်နယ်အစိုးရအဖွဲ့မှ အရာရှိတစ်ဦး ကပြောသည်။

လက်ရှိတွင်ကုလသမဂ္ဂနှင့်နိုင်ငံတကာအဖွဲ့အစည်းများ၏ ရုံးခန်းနှင့်နေအိမ်၊သိုလှောင် ရုံများ အတွက် အစိုးရမှ စီစဉ်ပေးနေရာ ကုလသမဂ္ဂအဖွဲ့အစည်းများအနက် ၈ဖွဲ့အတွက် ရုံးခန်းရရှိထားပြီး ကျန်၂ဖွဲ့အတွက် လိုအပ်နေသလို  နိုင်ငံတကာအဖွဲ့အစည်းများတွင် လည်း ၉ဖွဲ့မှာ ရုံးခန်းရရှိထားပြီး ၄ဖွဲ့အတွက် လိုအပ်နေသည်ဟုပြည်နယ်အစိုးရ၏ ထုတ်ပြန်ချက် အရ သိရှိရသည်။

ယူအမ်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများအားလည်း စည်းကမ်းချက်များချမှတ် ထားပြီး ရခိုင်ဒေသခံများအတွက်လည်း ဖွံ့ဖြိုးရေးလုပ်ငန်းများကိုဆောင်ရွက်နေသည် ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။

“ယူအင်တွေကို ရခိုင်တိုင်းရင်းသားတွေအတွက်ပါ လုပ်ပေးရမယ်ဆိုပြီး ပြောထား တာတွေရှိပါတယ်။ အမ်ဂျီအို တွေဟာ ကျနော်တို့ရဲ့ဆွေးနွေးချက်တွေအပေါ် လူထုရဲ့ဆွေးနွေးချက်တွေအပေါ် နားလည်လာပြီးတော့မှ သူတို့  Development Plan ကိုသွား နေပါပြီ”ဟု ၎င်းက ပြောသည်။

1711  Views
Previous: ဗန်းမော်၌ မြို့နယ်အဆင့် ကင်းထောက်ဆင့်ပွားသင်တန်းပို့ချနေ
Next: ဖွဲ့စည်းပုံပြင်ဆင်ရေး ချောင်းသာကျေးရွာ၌ ဆန္ဒထုတ်ဖော်