ရဟန်းမင်းကြီးအရှင်သူမြတ်ဖရန်စစ်က ကာနွန်ဥပဒေပုဒ်မ (၈၃၈) ကို ဒေသခံ ကက်သလစ်ဆရာတော်ကြီးများအတွက် ပြင်ဆင်လိုက်ပြီ

22491696_804484936403651_1811642142291859548_n

ဗာတီကန်၊ စက်တင်ဘာလ ၉၊ ၂၀၁၇ CNA

ရဟန်းမင်းကြီး ဖရန်စစ်သည် ကက်သလစ် သာသနာတော် ၏ဖွဲ့စည်းပုံ အခြေခံဥပဒေဟု ဆိုရသော ကာနွန်ဥ ပဒေပုဒ်မ (၈၃၈) အား “ကြီးမြတ်သော စည်းမျဉ်း”ဟု အမည်ပေး ထားသော အမိန့်စာဖြင့် ပြင်ဆင်တော် မူလိုက်သည်။

၎င်း “ကြီးမြတ် သောစည်းမျဉ်း”ဟူသော အမိန့်စာကို စက်တင်ဘာလ (၃) ရက်နေ့ ရက်စွဲဖြင့် ရဟန်းမင်းကြီးက ထုတ်ပြန် လိုက်ခြင်းဖြစ် သည်။ ထိုကဲ့သို့ပြင်ဆင် လိုက်ခြင်းအားဖြင့် “ဒေသခံကက်သလစ် ဆရာတော် ကြီးများသည် မိမိတို့တိုင်းရင်း သားဘာသာစ ကားဖြင့် ဘုရားဝတ်ပြုခြင်း ဆိုင်ရာ စာအုပ်များကို ထုတ်ဝေခွင့် ရရှိကြတော့ မည်ဖြစ်သည်။

စက်တင် ဘာလ (၃) ရက်နေ့ မတိုင်ခင်အထိ ကမူတိုင်းရင်းသားဘာသာစကားဖြင့် ဘုရားဝတ်ပြုခြင်း စာအုပ်ကို ထုတ်ေ၀ ရန်အလို့ငှါ ကက်သလစ် ဆရာတော်ကြီး များသည် ၎င်းစာအုပ်မူ ကြမ်းကို ဗာတီကန် ရုံးတော်သို့ ပေးပို့ပြီး ဗာတီကန်နန်းတော်၏ ခွင့်ပြုချက်ကို ရရှိမှသာ ထုတ်ဝေခွင့် ရှိသည်ဟု ကာနွန်ဥပဒေ ပုဒ်မ (၈၃၈) တွင် ဖော်ပြထားသည်။

ပြင်ဆင်ခြင်း မပြုမီ (စက်တင်ဘာလ (၃) ရက်နေ့အထိ) ကတရား ဝင်နေသော ကာနွန်ဥပဒေပုဒ်မ (၈၃၈)၊ အပိုဒ် (၂) က “ရဟန်းမင်းကြီး ရုံးတော်သည် တကမ္ဘာလုံးရှိ ကက်သလစ် သာသနာတော်၏ မွန်မြတ် သောဝတ်ပြုကိုး ကွယ်ခြင်းနှင့် ဆိုင်သော စာအုပ်များကို ထုတ်ေ၀ ရန်၊ တိုင်းရင်းသား ဘာသာစကား များသို့ ဘာသာပြန်ဆို ထားသော မွန်မြတ်သော ဝတ်ပြုကိုးကွယ်ခြင်းနှင့် ဆိုင်သောစာ အုပ်များကို ပြန်လည်စစ်ဆေးရန်၊ ဝတ်ပြုကိုး ကွယ်ခြင်းနှင့် ဆိုင်သော စည်းမျဉ်းများကို တစ်ကမ္ဘာ လုံးက သစ္စာရှိရှိလိုက်နာကျင့် သုံးနေခြင်းကို သတိ ရှိစွာ ကြပ်မတ်ရန်တာ ဝန်ရှိသည်”ဟုပြဌာန်း ထားသည်။

ဤကာနွန်ဥ ပဒေပုဒ်မ (၈၃၈)၊ အပိုဒ် (၂) ကို ရဟန်းမင်း ကြီးဖရန်စစ်က အောက်ပါအတိုင်း ပြင်ဆင်အစား ထိုးတော်မူ လိုက်သည်။ “ရဟန်းမင်းကြီး ရုံးတော်သည် တစ်ကမ္ဘာ လုံးရှိကက် သလစ်သာသ နာတော်၏ မွန်မြတ်သော ဝတ်ပြုကိုး ကွယ်ခြင်းနှင့်ဆိုင်သော စာအုပ်များ ကိုထုတ်ဝေရန် ဥပဒေလုပ် ထုံးလုပ်နည်း အတိုင်း ဒေသခံ ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ချုပ်က အတည်ပြုထားသော ဝတ်ပြုကိုး ကွယ်ခြင်း ဆိုင်ရာစာ အုပ်များကို အသိအမှတ်ပြု ရန်နှင့် ဝတ်ပြုကိုး ကွယ်ခြင်းနှင့် ဆိုင်သော စည်းမျဉ်းများကို တစ်ကမ္ဘာလုံးက သစ္စာရှိရှိ လိုက်နာ ကျင့် သုံးနေခြင်းကို သတိရှိရှိ ကြပ်မတ်ရန် တာဝန်ရှိ သည်” ဟု အစားထိုး ပြင်ဆင်ပြဌာန်း ထားလိုက်သည်။

ဤကာနွန် ဥပဒေပုဒ်မ (၈၃၈)၊ အပိုဒ် (၃) တွင် “ဒေသခံကက် သလစ်ဆ ရာတော်ကြီးများ အဖွဲ့ချုပ်သည် ဝတ်ပြုကိုး ကွယ်ခြင်းစာအုပ် များ၏ ကန့်သတ်၊ သတ်မှတ် ထားသော မူဘောင်အတွင်း သင့်လျော်စွာ ကိုးကား ထားသော တိုင်းရင်းသားဘာ သာစကား များသို့ဘာ သာပြန် ဆိုထားသော ဝတ်ပြုကိုးကွယ်ခြင်း စာအုပ်များကို ရဟန်းမင်းကြီး ရုံးတော်၏ရှေ့ ဦးစစ်ဆေး မှုကို ရရှိပြီးမှ သာလျှင် ကြိုတင်ပြင် ဆင်ရန်ပြီးမှ ထုတ်ဝေရသည်” ဟုပြဋ္ဌာန်း ထားသည်။

ဤကာနွန် ဥပဒေပုဒ်မ (၈၃၈)၊ အပိုဒ် (၃) ကို ရဟန်းမင်းကြီး ဖရန်စစ်က အောက်ပါ အတိုင်း ပြင်ဆင်အစား ထိုးတော်မူ လိုက်သည်။ “ဒေ သခံကက် သလစ် ဆရာတော်ကြီး များအဖွဲ့ချုပ်သည် ဝတ်ပြုကိုး ကွယ်ခြင်းစာအုပ် များ၏ကန့်သတ်၊ သတ်မှတ် ထားသော မူဘောင်အ တွင်းသင့်လျှော်စွာ ကိုးကား ထားသော တိုင်းရင်းသား ဘာသာစကား များသို့ ဘာသာပြန်ဆို ထားသော ဝတ်ပြုကိုး ကွယ်ခြင်း စာအုပ် များကို သစ္စာရှိစွာပြင်ဆင် ရန်နှင့် ရဟန်းမင်းကြီးရုံးတော်မှ အတည်ပြုချက် ရရှိပြီးနောက် မိမိတို့ အဖွဲ့ချုပ်နှင့် ဆိုင်သောဒေသ များအတွက် ဝတ်ပြု ကိုးကွယ်ခြင်း စာအုပ်များကို အတည်ပြုရန်နှင့် ထုတ်ဝေရန်ဖြစ် သည်” ဟု ပြဌာန်း ထားသည်။

ဤကာနွန် ဥပဒေပုဒ်မ (၈၃၈) အား ပြင်ဆင်သော အမိန့်စာသည် ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလ (၁) ရက်နေ့မှ စတင်အသက် ဝင်သည် ဟုလည်း ဖော်ပြထားသည်။

✍️ ဝင်းလှိုင်ဦး

955  Views
Previous: ဖိလစ်ပိုင်အစိုးရက ဖိလစ်ပိုင်ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ရေဒီယိုအသံလွှင့်ဌာန၏ လုပ်ငန်းလိုင်စင်ကို သက်တမ်းမတိုးပေးတော့ပေ
Next: မြန်မာနိုင်ငံသူ/သား များထံ ပုပ်ရဟန်းမင်းကြီး၏ သတင်းစကား