ဘုရားသခင်သည် တခြားခရစ်ယာန်ဘာသာဝင်များကို ကောင်းကြီးမပေးဟု ပြောဆိုခြင်းသည် အပြစ်ကြီးဖြစ်သည်ဟု ရဟန်းမင်းကြီးက သွန်သင်တော်မူ

ဗာတီကန်၊ ဇန်နဝါရီလ ၁၈၊ ၂၀၁၉

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က ဘုရားသခင်သည် တခြားခရစ်ယာန်ဘာသာဝင်များကို ကောင်းကြီးမပေးဟု ပြောဆိုခြင်းသည် အပြစ်ကြီးဖြစ်သည်ဟု ဇန်နဝါရီလ ၁၈ ရက်နေ့က ရောမမြို့၌ ပြုလုပ်သော ခရစ်ယာန်များတစ်လုံးတစ်ဝတည်ဖြစ်ရေးဆုတောင်းခြင်းရက်သတ်္တပတ်၊ ပထမနေ့တွင် သွန်သင်တော် မူလိုက် သည်။

ရဟန်းမင်းကြီးက ““ကျွန်တော်တို့ကက်သလစ်ခရစ်ယာန်များအနေနဲ့၊ ဘုရားသခင်က တခြားခရစ်ယာန် များအပေါ်မှာ ကျေးဇူးတော်တွေကို သွန်းလောင်းပေးသနားတော်မူတယ်”” ဆိုတဲ့အချက်ကို အသိအမှတ်ပြု လက်ခံ ကြရမည် ဖြစ်သည် ဟု မီးမောင်းထိုးပြတော်မူသည်။
ပုပ်က ““လူ့အဖွဲ့အစည်းထဲမှာ ချမ်းသာတဲ့သူတွေက မိမိတို့ရဲ့ချမ်းသာခြင်းကို တခြားသူများအား မဝေမျှမှု တွေက ကြီးထွားနေသကဲ့သို့၊ ဘုရားသခင်ကျေးဇူးတော်၏ကြွယ်ဝချမ်းသာခြင်းသည် တခြားခရစ်ယာန်ဘာသာ ဝင်များကိုလည်း သွန်းလောင်းပေးသနားတော်မူသည်ဟူသောအချက်ကို အသိအမှတ်မပြုခြင်းနှင့်ဝေမျှမှု မရှိသော အချိန်ကာလာတွင် ခရစ်ယာန်ဂိုဏ်းကွဲတွေအကြားထဲမှာလည်း ကွဲပြားမှုက ကြီးထွားလာနေသည်ဟု ထောက်ပြ တော်မူသည်။

ရဟန်းမင်းကြီးက ““ကျွန်ုပ်တို့ခရစ်ယာန်ဘာသာဝင်များဟာ မိမိတို့အကြားထဲမှာ တည်ရှိနေသော အခြေခံ ကျသော ကျွန်တော်တို့ခရစ်ယာန်ဘာသာဝင်များဟာ တစ်ချိန်က အပြစ်ရဲ့ကျေးကျွန်များ ဖြစ်ခဲ့ကြပြီးနောက်၊ ခရစ်တော်ယေဇူးက ကျွန်ုပ်တို့ကို ဆေးကြောခြင်းခံယူခြင်းအားဖြင့် ကယ်တင်တော်မူခဲ့ပြီး သူ၏သားသမီးများအဖြစ် ခေါ်တော်မူသည်ဟူသော အချက်ကို တန်းတူညီမျှမှုကို မေ့ပျောက်ဖို့လွယ်ကူပါတယ်”” ဟု သတိပေးတော်မူလိုက် သည်။

ရဟန်းမင်းကြီးက ““မိုးဇက်တရားဥပဒေအရ၊ စည်းစိမ်ဥစာကို မဝေမျှလျှင် လူ့အဖွဲ့အစည်းသည် ကွဲပြား သွားသည်။ ထိုနည်းတူစွာပဲ ခရစ်ယာန်များသည်လည်း မိမိတို့အားလုံးက ညီအစ်ကိုမောင်နှမများ ဖြစ်ကြပြီး ဆေးကြောခြင်းမင်္ဂလာမြတ်အားဖြင့် ညီမျှစွာ ကယ်တင်ခြင်းကို ခံစားကြရသည်”” ဟု မီးမောင်းထိုးပြတော်မူသည်။

နောက်ဆုံးအနေဖြင့်၊ ရဟန်းမင်းကြီးက ““ဘုရားသခင်သည် မိမိကျေးဇူးတော်များကို တခြားခရစ်ယာန် ဘာသာဝင်များအပေါ် လျော့ပြီး ပေးသည်ဟု ပြောဆိုလက်ခံခြင်းသည် အပြစ်ကြီး ဖြစ်သည်”” ဟု ရှုတ်ချတော်မူ လိုက်သည်။
““ဘုရားသခင်၏ကျေးဇူးတော် (ကောင်းကြီးမင်္ဂလာများ) သည် ကွဲပြားခြင်း၊ မတရားပြုခြင်းနှင့်မာနထောင် လွှားခြင်း၏ရင်းမြစ် မဖြစ်သင့်”” ဟု ခရစ်ယာန်ဘာသာဝင်များအား ဆော်သြတော်မူလိုက်သည်။ ၀၁၁ ကုန်ဇမှုန်း

1398  Views
Previous: ကိုလန်ဘန်သာသနာပြုရဟန်းဂိုဏ်းတည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် ဂျူဘီလီပွဲတော်နှင့် မြစ်ကြီးသာသနာမှ ရဟန်းသစ် ၅ ပါးတို့အား ရဟန်းသိက်္ခာတင်ပွဲ
Next: အမေရိကန်ကက်သလစ်ဆရာတော်ကြီး (၆၇%) အများစုက ကက်သလစ်အသင်းတော်ထဲတွင် အမျိုးသမီးများအား ဦးပဥင်းသိက်္ခာတင်ပေးခြင်းကို လက်မခံဟု စစ်တမ်းကဆို