အမေရိကန်ကက်သလစ်ဆရာတော်ကြီး (၆၇%) အများစုက ကက်သလစ်အသင်းတော်ထဲတွင် အမျိုးသမီးများအား ဦးပဥင်းသိက်္ခာတင်ပေးခြင်းကို လက်မခံဟု စစ်တမ်းကဆို

ဝါရှင်တန်၊ ဇန်နဝါရီလ ၂၅၊ ၂၀၁၉

အမေရိကန်ကက်သလစ်ဆရာတော်ကြီး (၆၇%) အများစုက ကက်သလစ်အသင်းတော်ထဲတွင် အမျိုးသမီးများအား လုပ်ပိုင်ခွင့်နှင့်တာဝန်များကို ပိုပြီး ပေးသင့်သော်လည်း ဦးပဥင်းသိက်္ခာတင်ပေးခြင်းကိုမူ လက်မခံကြဟု စစ်တမ်းက ဆိုသည်။ အမေရိကန်ကက်သလစ်ဆရာတော်ကြီး (၃၃%) ကသာ အမျိုးသမီးများအား ဦးပဥင်းသိက်္ခာတင်ပေးခြင်းကို လက်ခံကြသည်ဟု စစ်တမ်းက ဆိုသည်။
၎င်းစစ်တမ်းကောက်ယူခြင်းကို ဂျော့တောင်းတက်္ကသိုလ်က ကက်သလစ်ဆရာတော်ကြီးပေါင်း (၁၉၂) အား ပြုလုပ်ခဲ့ပြီး ဆရာတော်ကြီးပေါင်း (၁၀၈) ၏ ဖြေကြားချက်အရ သိရှိလာခြင်း ဖြစ်သည်။ ၎င်းတို့အထဲတွင် (၇၉%) ဆရာတော်များနှင့် (၇၂%) သော ဦးပဥင်းများက ရဟန်းမင်းကြီးက အမျိုးသမီးများအား ဦးပဥင်းသိက်္ခာကို ပေးခိုင်းလျှင် ပေးမည်ဟု လည်းကောင်း၊ (၅၄%) သော ဆရာတော်များက အမျိုးသမီးများအား ဦးပဥင်းသိက်္ခာကို ပေးမည်ဟု ဖြေဆိုကြသည်။
အမျိုးသမီးများအား ဦးပဥင်းသိက်္ခာကို တင်ပေးရန်အလို့ဌာ၊ ရှေ့ဦးခရစ်ယာန်များ၏ သမိုင်းကို တာဝန်ယူ လေ့လာနေသော ကာဒီနယ်လူးဝိစ် လာဒါရီယာက ““ရဟန်းမင်းကြီးဖရန်စစ်က အမျိုးသမီးများဟာ ဦးပဥင်းကြီး ဖြစ်သင့်မသင့်ကို လေ့လာစုံစမ်းခိုင်းတာမဟုတ်။ ရဟန်းမင်းကြီးက ကျွန်တော်တို့ကို တာဝန်ပေးတာက ကနဦး အသင်းတော်တုန်းက အမျိုးသမီးများအား ဦးပဥင်းကြီးများအဖြစ် သိက်္ခာပေးခဲတဲ့အပေါ်မှာ ဘာပြဿနာတွေ ရှိခဲ့သလဲဆိုတာနဲ့ဘယ်လိုမျိုးအခြေအနေတွေ ရှိခဲ့သလဲဆိုတဲ့အချက်ကိုသာ လေ့လာခိုင်းတာဖြစ်ပါတယ်”” ဟု ဖြေကြားတော်မူသည်။ ၀၁၃ ကုန်ဇမှုန်း

1288  Views
Previous: ဘုရားသခင်သည် တခြားခရစ်ယာန်ဘာသာဝင်များကို ကောင်းကြီးမပေးဟု ပြောဆိုခြင်းသည် အပြစ်ကြီးဖြစ်သည်ဟု ရဟန်းမင်းကြီးက သွန်သင်တော်မူ
Next: မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute အား စစ်ဆေးကူညီပေးမည့် ကော်မတီတစ်ခုကို ဖွဲ့စည်း