မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute အား စစ်ဆေးကူညီပေးမည့် ကော်မတီတစ်ခုကို ဖွဲ့စည်း

ရန်ကုန်၊ ဇန်နဝါရီလ ၈၊ ၂၀၁၉

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်က ““ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute”” အား စစ်ဆေးကူညီပေးမည့် ကော်မတီတစ်ခုကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့က ဖွဲ့စည်းလိုက်သည်ဟု ကာဒီနယ်ချားလ်စ်ဘိုထံတော်မှ ဇန်နဝါရီလ (၈) ရက်နေ့က သတင်းရရှိသည်။

၎င်းကော်မတီအား ဖွဲ့စည်းခြင်းအမိန့်စာကို မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏ ဥက်္ကဌဖြစ်တော်မူသော ဆရာတော်ကြီး ဖေးလစ်လျန်ခဲန်းထန်နှင့် အထွေထွေအတွင်းရေးမှူး ဖြစ်တော်မူသော ဆရာတော်ကြီး ဂျွန်စောယောဟန်တို့က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်ဖြင့် လက်မှတ်ရေးထိုးကာ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်သည် ၎င်းကော်မတီကို ရဟန်း (၃) ပါးဖြင့် ဖွဲ့စည်းထားပြီး ရန်ကုန်မြို့ရှိ၊ စိန်ဂျိုးဇက်ကက်သလစ်ရဟန်းဖြစ်တက်္ကသိုလ်မှ ကျောင်းအုပ်ဘုန်းတော်ကြီး စီပရီယမ်အောင်ဝင်း၊ စာချဘုန်းတော်ကြီး ဂျေရုမ်သားရီနှင့် ဘုန်းတော်ကြီး လွမ်းမိုးနိုင်တို့အား တာဝန် ပေးအပ် လိုက်သည်ဟု ဖော်ပြထားသည်။

ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute ကို ဆလိုင်းဂျိုးဇက်ကုန်ဇမှုန်း (ခ) ဝင်းလှိုင်ဦးက ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိတွင်မူ (၁၆) လကြာသော အဝေးသင် (စာပေးစာယူ) ကက်သလစ်ဓမ်္မပညာသဂြိုလ်ဆိုင်ရာ ဒီပလိုမာဘွဲ့လက်မှတ်သင်တန်းကို ဖွင့်လှစ်သင် ကြားပေးနေသော ပထမဆုံးသော မြန်မာနိုင်ငံ၏ ပုဂ်္ဂလိကကက်သလစ်စာသင်ကျောင်းတစ်ခု ဖြစ်သည်။ ဂျိုးဇက်ပညာရေးကျောင်း Joseph Education Institute သည် ၂၀၂၀ ခုနှစ်မှစတင်ပြီး ပုဂ်္ဂလိကတက်္ကသိုလ် အဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ပြီး ဓမ်္မပညာများအပြင် ဝိဇာ၊ သိပံနှင့်နည်းပညာပိုင်းဆိုင်ရာ ပညာများကိုလည်း သင်ကြားဖွင့်လှစ်ရန်အတွက် စီစဉ်နေပြီ ဖြစ်ပါသည်။ ဤကျောင်းမှ အဝေးသင် (စာပေးစာယူ) ကက်သလစ် ဓမ်္မပညာသဂြိုလ်ဆိုင်ရာ ဒီပလိုမာဘွဲ့လက်မှတ် ရရှိပြီးသူဦးရေမှာ (၁၂၁) ဦး ရှိပြီး၊ လက်ရှိသင်ကြားနေသူဦးရေမှာ (၁၉၇) ဦး ဖြစ်သည်။

၎င်းကော်မတီမှ စစ်ဆေးကူညီရမည့် ကျောင်းများထဲတွင် ဂျိုးဇက်ပညာရေးကျောင်းနှင့်အတူ Lay Mission Institute (လာမင်း) အမည်ရှိ သောကျောင်းလည်း ပါဝင်သည်။ (လာမင်း) ကျောင်းသည် ၂၀၁၈ ခုနှစ်တွင် ဦးမောင်ဂျွန်က စတင်ထူထောင်ဖွင့်လှစ်ခဲ့သော ဒုတိယမြောက် မြန်မာနိုင်ငံ၏ ပုဂ်္ဂလိက ကက်သလစ်စာသင်ကျောင်းတစ်ခု ဖြစ်သည်။ ၎င်းကော်မတီသည် ဂျိုးဇက်ပညာရေးကျောင်း၏တာဝန်ရှိ သူအား လာမည့် ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် တွေ့ဆုံရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ၀၀၉ ကုန်ဇမှုန်း

847  Views
Previous: အမေရိကန်ကက်သလစ်ဆရာတော်ကြီး (၆၇%) အများစုက ကက်သလစ်အသင်းတော်ထဲတွင် အမျိုးသမီးများအား ဦးပဥင်းသိက်္ခာတင်ပေးခြင်းကို လက်မခံဟု စစ်တမ်းကဆို
Next: ဂလိုရီယာသတင်းဂျာနယ်တိုက်မိသားစုက မရမ်း-ပိတောက်စုကျေးရွာအား အရေးပေါ်လူနာတင်ယာဉ်တစ်စီးလှူဒါန်း