မစ္ဆားပူဇော်ခြင်းဝိနည်းအသစ်ကို ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှအပ တခြားကက်သလစ်သာသနာများတွင် တွင်ကျယ်စွာအသုံးပြုနေကြပြီ

 

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁၊ ၂၀၁၉

 

ရဟန်းမင်းကြီးရုံးတော်၏ ပြင်ဆင်ချက်အတိုင်း မြန်မာနိုင်ငံကက်လသစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ပြင်ဆင်မွမ်းမံထားသော “မစ္ဆားပူဇော်ခြင်းဝိနည်းအသစ် The Order of Mass in Myanmar Language Edition of The First Typical Version ကို ရန်ကုန်ဂိုဏ်းချုပ်ကက်သလစ်သာသနာမှအပ တခြားဂိုဏ်းချုပ်/အုပ် သာသနာများတွင် တွင်ကျယ်စွာအသုံးပြုနေကြပြီ ဖြစ်သည်။

 

၎င်း““မစ္ဆားပူဇော်ခြင်းဝိနည်းအသစ် The Order of Mass in Myanmar Language Edition of The First Typical Version”” နှင့်ပတ်သက်ပြီး ပြည်ကက်သလစ်ဂိုဏ်းအုပ်သာသနာမှ ဘုန်းတော်ကြီးအင်္ဂာအောင်က ““ကျွန်တော်တို့က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဖက်မှာ တာဝန်ကျပါတယ်။ ဒီဝိနည်းအသစ်စာအုပ်ကို ၀ယ်ပြီးတော့ သာသနာတစ်ခုလုံးရှိဘာသာတူအိမ်တိုင်းကို လိုက်ဖြန့်ထားပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံကက်လသစ် ဆရာတော်ကြီးများအဖွဲ့ချုပ်မှ လမ်းညွှန်ထုတ်ပြန်ထားတဲ့အတိုင်း၊ ဒီစာအုပ်ကိုပဲ ၀တ်ပြု ဆုတောင်းတိုင်းမှာ အသုံးပြုနေပါတယ်။ ဒါပေမယ့်၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ကနေ ၁၂) ရက်နေ့အထိ ညောင်လေးပင်မြို့မှာ ကျင်းပပြုလုပ်တဲ့ မယ်တော်ပွဲတစ်လျှောက်လုံးမှာ ဒီဝိနည်းအသစ်စာအုပ်ကို အသုံးမပြုကြ တာကို တွေ့လိုက်တော့၊ တော်တော်အံ့သြသွားတယ်။ တခြားဝေးလံခေါင်သီတဲ့သာသနာတွေမှာတောင် အသုံးပြုနေကြပြီဆိုတော့ ကာဒီနယ်အုပ်ချုပ်နေတဲ့ဂိုဏ်းချုပ်သာသနာမှာ ဒီဝိနည်းအသစ်ကို အသုံးမပြုဘူးဆိုတာ မဖြစ်သင့်ကြောင်းဖြင့် အားမလိုအားမရ ဖြစ်ခြင်းကို ဂလိုရီယာသတင်းဂျာနယ်သို့ မိန့်ကြားတော်မူသည်။

 

ဘုန်းတော်ကြီးအင်္ဂာအောင်၏ မှတ်ချက်အပေါ်၊ ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်သာသနာမှ အမည်မဖော် လိုသော လက်ထောက်ကျောင်းထိုင်ဘုန်းတော်ကြီးက ““ပြည်သာသနာက ဘုန်းကြီးပြောတာမှန်ပါတယ်။ ဒီအကြောင်းနှင့်ပတ်သက်ပြီး၊ ကျွန်တော်တို့လည်း ကျောင်းထိုင်ဘုန်းတော်ကြီးကို ဒိဝိနည်းသစ်ကို အသုံးပြုဖို့ အကြံပေးပါတယ်။ ဒါပေမယ့် ကျောင်းထိုင်ဘုန်းတော်ကြီးက ဘာသာတူတွေက ဒီစာအုပ်ကို မ၀ယ်နိုင်ကြသေးဘူး လို့ ပြန်ပြောတယ်။ တကယ်တော့ ဒီဝိနည်းအသစ်မှာ ဘာသာတူတွေဖက်က ဆိုရမည့် မေတ်္တာတွေကို ဘုရား ကျောင်းထဲရှိ တီဗွီဖန်သားပေါ်မှာ ရေးပေးလိုက်ရင် ရပါတယ်”” ဟု မှတ်ချက်ပြုသည်။

 

၎င်းမစ္ဆားပူဇော်ခြင်းဝိနည်းအသစ် The Order of Mass in Myanmar Language Edition of The First Typical Version”” နှင့်ပတ်သက်ပြီး ပြောင်းလဲထားသော မေတ်္တာများထဲတွင် ယခင်က ““ဘုရားသခင်သည် သင်တို့နှင့်အတူရှိပါစေ”” ဟု ရဟန်း၏နှုတ်ဆက်စကားကို ဘာသာတူများက ““ကိုယ်တော်၏၀ိညာဉ်နှင့်လည်း ရှိပါစေ”” ဟု ပြန်ဖြေဆိုရသည်။
ကျွန်တော်သည် ပြည်ကက်သလစ်သာသနာရှိ ရဟန်းပိုင်သာသနာ (၃) ခုသို့ ဖေဖော်ဝါရီလ (၁၅) ရက်မှ (၁၇) ရက်နေ့အထိ ရောက်ရှိခဲ့စဉ်တွင် ရဟန်းတစ်ပါး၏ဈာပန၀တ်ပြုခြင်း၌ ဆရာတော်ပြုံးချိုသည် ၄င်းဝိနည်းအသစ်စာအုပ်ကို အသုံးပြုသကဲ့သို့ ကျောင်းထိုင်ဘုန်းတော်ကြီး စတီဗင်းချစ်သိန်းကလည်း ဘုရားကျောင်းထဲရှိ တီဗွီဖန်သားပေါ်တွင် ဘာသာတူများအတွက် ရေးသားပေးထားသည်ကို မျက်မြင်တွေ့ခဲ့ သကဲ့သို့ ရွတ်ဆိုခဲ့ပါသည်။ ကုန်ဇမှုန်း

177  Views
Previous: တချို့သောကက်သလစ်ဘုရားကျောင်းများတွင် ယိုယွင်းပျက်စီးနေသော ၀တ်ပြုကိုးကွယ်ခြင်း
Next: Australian Jury did not listen to their consciences on Cardinal Pell’s case